
ဆိုစီဒက်ပရိသတ်တစ်ဦးဟာစတာဒီယိုအိုလံပီကိုကွင်းတွင်ကစားတဲ့ရိုးမားနှင့်ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီမတော်တဆမှုကြောင့်လက်ချောင်းတစ်ချောင်းဆုံးရှုံးလိုက်ရပါတယ်။
ဟိုဆေးမော်ရင်ဟိုရဲ့ရိုးမားဟာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ယင်းပွဲမတိုင်မီဧည့်သည်အသင်းပရိသတ်တစ်ဦးဟာမတော်တဆမှုကြောင့်လက်ချောင်းတစ်ချောင်းဆုံးရှုံးခဲ့ရပြီးဆိုစီဒက်အသင်းဆရာဝန်ဂျာဗီးယားဘာရီရာရဲ့အကူအညီဖြင့်ဆေးရုံတက်ခဲ့ရပါတယ်။
Mundo Deportivo ရဲ့ဖော်ပြမှုအရအသက်၄၉နှစ်ရှိဆိုစီဒက်ပရိသတ်ဟာဘယ်ဖက်လက်သူကြွယ်ပြတ်သွားခဲ့ကြောင်းသိရပါတယ်။
သူဟာလက်ချောင်းကိုလေးနာရီကြာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးကြာသပတေးနေ့တုန်းကဆေးရုံတွင်နေခဲ့ရပါတယ်။သူဟာနောက်တစ်နေ့မှာပြန်လည်သက်သာလာမှုနဲ့အတူစပိန်သို့ပြန်သွားနိုင်ခဲ့ပါတယ်။
သူဟာပွဲမတိုင်မီပိုမိုကောင်းမွန်တဲ့မြင်ကွင်းရရှိရန်အတားအဆီးပေါ်သို့တက်ကြည့်စဉ် ခြေချော်ပြီးနောက်လက်မှာသံစူးထိုးခဲ့ပါတယ်။
ရိုးမားနှင့်ပွဲအပြီးနောက်ဆေးရုံတက်နေတဲ့သူကိုဆိုစီဒက်ဥက္ကဌဂျိုကင်အေပါ့ရီဘေးနှင့်အသင်းဆရာဝန်တို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ဒါ့အပြင်ဆိုစီဒက်အသင်းဟာယင်းပရိသတ်ကိုသက်တောင့်သက်သာဖြင့်အိမ်ပြန်နိုင်ရန်အတွက်အသင်းရဲ့လေယာဉ်စီးနင်းခင့်ပေးခဲ့ပါတယ်။သူဟာလေယာဉ်တွင်ဆိုစီဒက်ကစားသမားများနှင့်တွေ့ဆုံရင်းနှီးခွင့်ရပြီးနောက် ဆိုးရွားလွန်းတဲ့အဖြစ်အပျက်ကိုမေ့လျော့သွားခဲ့ပါတယ်။
ZawGyi
ယူ႐ိုပါလိဂ္ပြဲမတိုင္မီ လက္ေခ်ာင္းတစ္ေခ်ာင္း ဆုံးရႈံးလိုက္ရတဲ့ ဆိုစီဒက္ပရိသတ္
ဆိုစီဒက္ပရိသတ္တစ္ဦးဟာစတာဒီယိုအိုလံပီကိုကြင္းတြင္ကစားတဲ့႐ိုးမားႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္မတိုင္မီမေတာ္တဆမႈေၾကာင့္လက္ေခ်ာင္းတစ္ေခ်ာင္းဆုံးရႈံးလိုက္ရပါတယ္။
ဟိုေဆးေမာ္ရင္ဟိုရဲ႕႐ိုးမားဟာယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ဒါေပမဲ့ယင္းပြဲမတိုင္မီဧည့္သည္အသင္းပရိသတ္တစ္ဦးဟာမေတာ္တဆမႈေၾကာင့္လက္ေခ်ာင္းတစ္ေခ်ာင္းဆုံးရႈံးခဲ့ရၿပီးဆိုစီဒက္အသင္းဆရာဝန္ဂ်ာဗီးယားဘာရီရာရဲ႕အကူအညီျဖင့္ေဆး႐ုံတက္ခဲ့ရပါတယ္။
Mundo Deportivo ရဲ႕ေဖာ္ျပမႈအရအသက္၄၉ႏွစ္ရွိဆိုစီဒက္ပရိသတ္ဟာဘယ္ဖက္လက္သူႂကြယ္ျပတ္သြားခဲ့ေၾကာင္းသိရပါတယ္။
သူဟာလက္ေခ်ာင္းကိုေလးနာရီၾကာခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးၾကာသပေတးေန႔တုန္းကေဆး႐ုံတြင္ေနခဲ့ရပါတယ္။သူဟာေနာက္တစ္ေန႔မွာျပန္လည္သက္သာလာမႈနဲ႔အတူစပိန္သို႔ျပန္သြားႏိုင္ခဲ့ပါတယ္။
သူဟာပြဲမတိုင္မီပိုမိုေကာင္းမြန္တဲ့ျမင္ကြင္းရရွိရန္အတားအဆီးေပၚသို႔တက္ၾကည့္စဥ္ ေျခေခ်ာ္ၿပီးေနာက္လက္မွာသံစူးထိုးခဲ့ပါတယ္။
႐ိုးမားႏွင့္ပြဲအၿပီးေနာက္ေဆး႐ုံတက္ေနတဲ့သူကိုဆိုစီဒက္ဥကၠဌဂ်ိဳကင္ေအပါ့ရီေဘးႏွင့္အသင္းဆရာဝန္တို႔သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ပါတယ္။
ဒါ့အျပင္ဆိုစီဒက္အသင္းဟာယင္းပရိသတ္ကိုသက္ေတာင့္သက္သာျဖင့္အိမ္ျပန္ႏိုင္ရန္အတြက္အသင္းရဲ႕ေလယာဥ္စီးနင္းခင့္ေပးခဲ့ပါတယ္။သူဟာေလယာဥ္တြင္ဆိုစီဒက္ကစားသမားမ်ားႏွင့္ေတြ႕ဆုံရင္းႏွီးခြင့္ရၿပီးေနာက္ ဆိုး႐ြားလြန္းတဲ့အျဖစ္အပ်က္ကိုေမ့ေလ်ာ့သြားခဲ့ပါတယ္။