ယူရိုပါလိဂ်ပွဲမှ အမှားကို ခွင့်လွှတ်တဲ့ ပရိသတ်များရဲ့နဖူးစည်းကြောင့် မျက်ရည်ကျခဲ့တဲ့ လာဇီယိုဂိုးသမား

လာဇီယိုဂိုးသမားသောမတ်စ်စထရာကိုရှာဟာဂါလာတာစာရေးနှင့်ပွဲစဉ်တုန်းကကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အမှားကျူးလွန်ခဲ့သော်လည်းပရိသတ်များကသူ့ကိုအားပေးတဲ့ နဖူးစည်းရှည်အားဖြန့်ကျက်ကာအားပေးမှုအတွက်မျက်ရည်ကျခဲ့ပါတယ်။

အယ်ဘေးနီးယားဂိုးသမားဟာကြားရက်တုန်းကတူရကီထိပ်သီးကလပ်နှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပါတယ်။

တူရကီတွင်၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာအသက်၂၆နှစ်ရှိဂိုးသမားဟာနောက်ခံလူမန်နူရယ်လာဇာရီဖျက်ထုတ်လိုက်မှုကြောင့်ကိုယ့်ဂိုးကိုယ်သွင်းမိလုနီးပါးဖြစ်နေတဲ့ဘောလုံးကိုဖမ်းရာမှာ ဖမ်းမိခဲ့ပေမယ့်ဘောလုံးမှာလက်မှလျှောထွက်ပြီးဂိုးဝင်သွားခဲ့လို့ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။

ဒါပေမယ့်လာဇီယိုပရိသတ်များဟာစထရာကိုရှာရဲ့အမှားကိုမေ့ဖျောက်ခဲ့ကြပါတယ်။လာဇီယိုပရိသတ်များဟာမနေ့တုန်းကကက်ဂလီယာရီနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲမှာစထရာကိုရှာအား ၁၃ရာစုတုန်းက ကဗျာဆရာဒန်တီအလီဂီရီရဲ့Divine Comedy ဆိုတဲ့ကဗျာပါ Don’t care about them,just look and go on ဆိုတဲ့စာသားကို နဖူးစည်းတွင်ရေးပြီး စထရာကိုရှာအား ယင်းအမှားကိုမေ့ဖျောက်လိုက်ရန် တိုက်တွန်းခဲ့ကြပါတယ်။

ZawGyi

ယူ႐ိုပါလိဂ္ပြဲမွ အမွားကို ခြင့္လႊတ္တဲ့ ပရိသတ္မ်ားရဲ႕နဖူးစည္းေၾကာင့္ မ်က္ရည္က်ခဲ့တဲ့ လာဇီယိုဂိုးသမား

လာဇီယိုဂိုးသမားေသာမတ္စ္စထရာကိုရွာဟာဂါလာတာစာေရးႏွင့္ပြဲစဥ္တုန္းကကိုယ့္ဂိုးကိုယ္သြင္းမိတဲ့အမွားက်ဴးလြန္ခဲ့ေသာ္လည္းပရိသတ္မ်ားကသူ႔ကိုအားေပးတဲ့ နဖူးစည္းရွည္အားျဖန႔္က်က္ကာအားေပးမႈအတြက္မ်က္ရည္က်ခဲ့ပါတယ္။

အယ္ေဘးနီးယားဂိုးသမားဟာၾကားရက္တုန္းကတူရကီထိပ္သီးကလပ္ႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာျဖစ္ပါတယ္။

တူရကီတြင္၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာအသက္၂၆ႏွစ္ရွိဂိုးသမားဟာေနာက္ခံလူမန္ႏူရယ္လာဇာရီဖ်က္ထုတ္လိုက္မႈေၾကာင့္ကိုယ့္ဂိုးကိုယ္သြင္းမိလုနီးပါးျဖစ္ေနတဲ့ေဘာလုံးကိုဖမ္းရာမွာ ဖမ္းမိခဲ့ေပမယ့္ေဘာလုံးမွာလက္မွေလွ်ာထြက္ၿပီးဂိုးဝင္သြားခဲ့လို႔ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ပါတယ္။

ဒါေပမယ့္လာဇီယိုပရိသတ္မ်ားဟာစထရာကိုရွာရဲ႕အမွားကိုေမ့ေဖ်ာက္ခဲ့ၾကပါတယ္။လာဇီယိုပရိသတ္မ်ားဟာမေန႔တုန္းကကက္ဂလီယာရီႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာစထရာကိုရွာအား ၁၃ရာစုတုန္းက ကဗ်ာဆရာဒန္တီအလီဂီရီရဲ႕Divine Comedy ဆိုတဲ့ကဗ်ာပါ Don’t care about them,just look and go on ဆိုတဲ့စာသားကို နဖူးစည္းတြင္ေရးၿပီး စထရာကိုရွာအား ယင္းအမွားကိုေမ့ေဖ်ာက္လိုက္ရန္ တိုက္တြန္းခဲ့ၾကပါတယ္။