ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် မန်ယူကို အားပေးရန် အသင်းနှင့်အတူ ဆာအဲလက်စ်ဖာဂူဆန်လည်းလိုက်ပါ

မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ကစားမယ့်မန်ယူအသင်းနှင့်အတူပိုလန်သို့လေယာဉ်အတူစီးနင်းကာလိုက်ပါသွားခဲ့ပါတယ်။

မန်ယူဟာ၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားဆွတ်ခူးနိုင်ရေးအတွက်တနင်္လာနေ့နေ့လည်ပိုင်းတုန်းကပိုလန်သို့ထွက်ခွာခဲ့ပါတယ်။ဆာအဲလက်စ်ဖာဂူဆန်ဟာအထူးဧည့်သည်တော်အဖြစ်မန်ယူအသင်းလေယာဉ်နှင့်အတူလိုက်ပါကာအသင်းကိုအားပေးသွားပါမယ်။

ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူမန်ယူအမှုဆောင်ချုပ်ဟောင်းဒေးဗစ်ဂေးလ်လည်းလိုက်ပါပါတယ်။၎င်းတို့နှစ်ဦးလုံးဟာမန်ယူတွင်ကာလရှည်ကြာတာဝန်ထမ်းဆောင်ပြီးနောက်၂၀၁၃ခုနှစ်တွင်ထွက်ခွာခဲ့ကြသူများဖြစ်ပါတယ်။

မန်ယူနှင့်အတူချန်ပီယံလိဂ်ဖလား၂ကြိမ်၊ဥရောပရှုံးထွက်ဗိုလ်များဖလားဆွတ်ခူးခဲ့ဖူးတဲ့ဖာဂူဆန်ဟာမန်ယူရဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက်ပြင်ဆင်မှုပြုလုပ်ရာမှာအကူအညီများပေးနိုင်ပါတယ်။ဖာဂူဆန်ဟာ၁၉၈၃ခုနှစ်တုန်းကအဘာဒင်းနှင့်အတူဥရောပရှုံးထွက်ဗိုလ်များဖလားလည်းဆွတ်ခူးခဲ့ဖူးသူဖြစ်ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲသွားရောက်ကစားတဲ့မန်ယူအသင်းရဲ့လေယာဉ်တွင်ဒဏ်ရာကြောင့်အနားယူနေရတဲ့အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားလည်းလိုက်ပါခဲ့ပါတယ်။

ZawGyi

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ မန္ယူကို အားေပးရန္ အသင္းႏွင့္အတူ ဆာအဲလက္စ္ဖာဂူဆန္လည္းလိုက္ပါ

မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ဟာဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ကစားမယ့္မန္ယူအသင္းႏွင့္အတူပိုလန္သို႔ေလယာဥ္အတူစီးနင္းကာလိုက္ပါသြားခဲ့ပါတယ္။

မန္ယူဟာ၂၀၁၇ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆုဖလားဆြတ္ခူးႏိုင္ေရးအတြက္တနလၤာေန႔ေန႔လည္ပိုင္းတုန္းကပိုလန္သို႔ထြက္ခြာခဲ့ပါတယ္။ဆာအဲလက္စ္ဖာဂူဆန္ဟာအထူးဧည့္သည္ေတာ္အျဖစ္မန္ယူအသင္းေလယာဥ္ႏွင့္အတူလိုက္ပါကာအသင္းကိုအားေပးသြားပါမယ္။

ဆာအဲလက္စ္ဖာဂူဆန္နဲ႔အတူမန္ယူအမႈေဆာင္ခ်ဳပ္ေဟာင္းေဒးဗစ္ေဂးလ္လည္းလိုက္ပါပါတယ္။၎တို႔ႏွစ္ဦးလုံးဟာမန္ယူတြင္ကာလရွည္ၾကာတာဝန္ထမ္းေဆာင္ၿပီးေနာက္၂၀၁၃ခုႏွစ္တြင္ထြက္ခြာခဲ့ၾကသူမ်ားျဖစ္ပါတယ္။

မန္ယူႏွင့္အတူခ်န္ပီယံလိဂ္ဖလား၂ႀကိမ္၊ဥေရာပရႈံးထြက္ဗိုလ္မ်ားဖလားဆြတ္ခူးခဲ့ဖူးတဲ့ဖာဂူဆန္ဟာမန္ယူရဲ႕ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအတြက္ျပင္ဆင္မႈျပဳလုပ္ရာမွာအကူအညီမ်ားေပးႏိုင္ပါတယ္။ဖာဂူဆန္ဟာ၁၉၈၃ခုႏွစ္တုန္းကအဘာဒင္းႏွင့္အတူဥေရာပရႈံးထြက္ဗိုလ္မ်ားဖလားလည္းဆြတ္ခူးခဲ့ဖူးသူျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲသြားေရာက္ကစားတဲ့မန္ယူအသင္းရဲ႕ေလယာဥ္တြင္ဒဏ္ရာေၾကာင့္အနားယူေနရတဲ့အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားလည္းလိုက္ပါခဲ့ပါတယ္။