ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် အွန်လိုင်းတွင်အကြိမ်များစွာတိုက်ခိုက်ခံခဲ့ရကြောင်း ရပ်ရှ်ဖို့ဒ်ဖွင့်ဟ

မားကပ်စ်ရပ်ရှ်ဖို့ဒ်ကဗီလာရီးရဲလ်မက်ဒရစ်အားယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ပြီးနောက်နာရီအနည်းငယ်အတွင်းတွင်လူမျိုးခွဲခြားဆက်ဆံမှုအနည်းဆုံးအကြိမ်၇၀ခံခဲ့ရကြောင်းဖွင့်ဟပြောကြားသွားပါတယ်။

မန်ယူဟာမနေ့ညတုန်းကဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ပွဲချိန်အတွင်း၁ဂိုးစီသရေကျနေခဲ့ပြီးပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာဗီလာရီးရဲလ်ဘက်ကပင်နယ်တီ၁၁လုံးဝင်အောင်ကန်ခဲ့သော်လည်းမန်ယူဘက်မှဒီဂီယာရဲ့ပင်နယ်တီမဝင်ခဲ့ကာရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးမှာသန်းပေါင်းများစွာသောမန်ယူပရိသတ်များဟာအကြီးအကျယ်ဒေါသထွက်ကာကစားသမားများအပေါ်တွင်ပစ်မှတ်ထားလာခဲ့ကြပါတယ်။

ရပ်ရှ်ဖို့ဒ်က “အနည်းဆုံးလူမျိုးရေးခွဲခြားမှု၇၀အထိဆိုရှယ်မီဒီယာအကောင့်မှာကြုံရပါတယ်”လို့ပြောကြားသွားပါတယ်။ဒါ့အပြင်ရပ်ရှ်ဖို့ဒ်ကသူ့ကိုလူမျိုးရေးခွဲခြားမှုပြုလုပ်တဲ့ပရိသတ်များထဲမှတစ်ဦးမှာဆရာမတစ်ဦးဖြစ်ကြောင်းလည်းဆိုသွားပါတယ်။

ပရီးမီးယားလိဂ်ကစားသမားများဟာဆိုရှယ်မီဒီယာတွင်ပရိသတ်များပစ်မှတ်ထားတိုက်ခိုက်မှုခံနေကြရပြီးယင်းကိုဖြေရှင်းရေးအတွက်ကြံဆလျက်ရှိကြပါတယ်။

ZawGyi

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအၿပီးတြင္ အြန္လိုင္းတြင္အႀကိမ္မ်ားစြာတိုက္ခိုက္ခံခဲ့ရေၾကာင္း ရပ္ရွ္ဖို႔ဒ္ဖြင့္ဟ

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ကဗီလာရီးရဲလ္မက္ဒရစ္အားယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ၿပီးေနာက္နာရီအနည္းငယ္အတြင္းတြင္လူမ်ိဳးခြဲျခားဆက္ဆံမႈအနည္းဆုံးအႀကိမ္၇၀ခံခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားသြားပါတယ္။

မန္ယူဟာမေန႔ညတုန္းကဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ပြဲခ်ိန္အတြင္း၁ဂိုးစီသေရက်ေနခဲ့ၿပီးပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။

ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာဗီလာရီးရဲလ္ဘက္ကပင္နယ္တီ၁၁လုံးဝင္ေအာင္ကန္ခဲ့ေသာ္လည္းမန္ယူဘက္မွဒီဂီယာရဲ႕ပင္နယ္တီမဝင္ခဲ့ကာရႈံးနိမ့္ခဲ့ပါတယ္။

ပြဲအၿပီးမွာသန္းေပါင္းမ်ားစြာေသာမန္ယူပရိသတ္မ်ားဟာအႀကီးအက်ယ္ေဒါသထြက္ကာကစားသမားမ်ားအေပၚတြင္ပစ္မွတ္ထားလာခဲ့ၾကပါတယ္။

ရပ္ရွ္ဖို႔ဒ္က “အနည္းဆုံးလူမ်ိဳးေရးခြဲျခားမႈ၇၀အထိဆိုရွယ္မီဒီယာအေကာင့္မွာႀကဳံရပါတယ္”လို႔ေျပာၾကားသြားပါတယ္။ဒါ့အျပင္ရပ္ရွ္ဖို႔ဒ္ကသူ႔ကိုလူမ်ိဳးေရးခြဲျခားမႈျပဳလုပ္တဲ့ပရိသတ္မ်ားထဲမွတစ္ဦးမွာဆရာမတစ္ဦးျဖစ္ေၾကာင္းလည္းဆိုသြားပါတယ္။

ပရီးမီးယားလိဂ္ကစားသမားမ်ားဟာဆိုရွယ္မီဒီယာတြင္ပရိသတ္မ်ားပစ္မွတ္ထားတိုက္ခိုက္မႈခံေနၾကရၿပီးယင္းကိုေျဖရွင္းေရးအတြက္ႀကံဆလ်က္ရွိၾကပါတယ္။