ယူရိုပါလိဂ်မှအံ့ဩဖွယ်ထွက်ရပြီးနောက် ဇာဂရက်အဝတ်အစားလဲခန်းအတွင်းသို့ မော်ရင်ဟိုဝင်ရောက်ခဲ့

ဟိုဆေးမော်ရင်ဟိုဟာယူရိုပါလိဂ်ပြိုင်ပွဲမှမထင်မှတ်ဘဲထွက်ခွာခဲ့ရပြီးနောက်ဒိုင်နမိုဇာဂရက်အသင်းအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်ကာသူ့ရဲ့အဆင့်အတန်းကိုပြသခဲ့ပါတယ်။

စပါးစ်အသင်းဟာခရိုအေးရှားကလပ်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ်၃-၂ဖြင့်ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။အဆိုပါပွဲစဉ်တွင်ဒိုင်နမိုဇာဂရက်အတွက်ဂိုးများကမီဆလပ်ဗ်အော်ဆစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိတိုက်စစ်မှူးဟာဒုတိယပိုင်းမှာသွင်းယူခဲ့တာဖြစ်ပြီးနှစ်ကျော့ပေါင်းရလဒ်၂-၂ဖြစ်နေမှုကြောင့်အချိန်ပိုသွင်းယူခဲ့ရပါတယ်။အချိန်ပို၁၀၆မိနစ်မှာသူဟာခရိုအေးရှားကလပ်အတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဒိုင်နမိုဇာဂရက်ဟာယခုအပတ်တုန်းကနည်းပြဖြစ်သူထောင်ဒဏ်ချမှတ်ခံရမှုကြောင့်နည်းပြလက်မဲ့ဖြစ်နေတဲ့အသင်းဖြစ်ပါတယ်။

မော်ရင်ဟိုဟာစပါးစ်ရဲ့အရှုံးအတွက်အကြီးအကျယ်ဒေါသထွက်နေသော်လည်းပြိုင်ဘက်အသင်းရဲ့ကြိုးစားအားထုတ်မှုကိုဂုဏ်မပြုဘဲမနေနိုင်ဖြစ်ကာအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်ဂုဏ်ပြုမှုပြုလုပ်ခဲ့ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်မော်ရင်ဟိုက “စိတ်မကောင်းဘူးလို့ပြောဖို့ကလုံလောက်မှုမရှိပါဘူး။စိတ် မကောင်းမှုထက်အနာဂတ်အတွက်ပိုပြီးခံစားရပါတယ်။ဒိုင်နမိုအဝတ်အစားလဲခန်းအတွင်းသို့ကစားသမားတွေကိုဂုဏ်ပြုဖို့ဝင်သွားခဲ့တာပါ။အနိုင်လိုချင်စိတ်ရှိတဲ့အသင်းကအနိုင်ရသွားခဲ့တာပါ။ကျွန်တော့်အသင်းကအနိုင်မရလို့စိတ်မကောင်းဖြစ်ရပါတယ်။ဘောလုံးဆိုတာကစားသမားတွေကအရည်အချင်းကြောင့်လို့ ထင်နေတာထက်ပိုပါတယ်။ဘောလုံးမှာအနိုင်ရလိုစိတ်ကအဓိကပါ။ဒါကြောင့်လည်းသူတို့အနိုင်ရသွားခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ိုပါလိဂ္မွအံ့ဩဖြယ္ထြက္ရၿပီးေနာက္ ဇာဂရက္အဝတ္အစားလဲခန္းအတြင္းသို႔ ေမာ္ရင္ဟိုဝင္ေရာက္ခဲ့

ဟိုေဆးေမာ္ရင္ဟိုဟာယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွမထင္မွတ္ဘဲထြက္ခြာခဲ့ရၿပီးေနာက္ဒိုင္နမိုဇာဂရက္အသင္းအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္ကာသူ႔ရဲ႕အဆင့္အတန္းကိုျပသခဲ့ပါတယ္။

စပါးစ္အသင္းဟာခ႐ိုေအးရွားကလပ္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္၃-၂ျဖင့္ၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။အဆိုပါပြဲစဥ္တြင္ဒိုင္နမိုဇာဂရက္အတြက္ဂိုးမ်ားကမီဆလပ္ဗ္ေအာ္ဆစ္က သြင္းယူခဲ့တာျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိတိုက္စစ္မႉးဟာဒုတိယပိုင္းမွာသြင္းယူခဲ့တာျဖစ္ၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္၂-၂ျဖစ္ေနမႈေၾကာင့္အခ်ိန္ပိုသြင္းယူခဲ့ရပါတယ္။အခ်ိန္ပို၁၀၆မိနစ္မွာသူဟာခ႐ိုေအးရွားကလပ္အတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဒိုင္နမိုဇာဂရက္ဟာယခုအပတ္တုန္းကနည္းျပျဖစ္သူေထာင္ဒဏ္ခ်မွတ္ခံရမႈေၾကာင့္နည္းျပလက္မဲ့ျဖစ္ေနတဲ့အသင္းျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာစပါးစ္ရဲ႕အရႈံးအတြက္အႀကီးအက်ယ္ေဒါသထြက္ေနေသာ္လည္းၿပိဳင္ဘက္အသင္းရဲ႕ႀကိဳးစားအားထုတ္မႈကိုဂုဏ္မျပဳဘဲမေနႏိုင္ျဖစ္ကာအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္ဂုဏ္ျပဳမႈျပဳလုပ္ခဲ့ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ေမာ္ရင္ဟိုက “စိတ္မေကာင္းဘူးလို႔ေျပာဖို႔ကလုံေလာက္မႈမရွိပါဘူး။စိတ္ မေကာင္းမႈထက္အနာဂတ္အတြက္ပိုၿပီးခံစားရပါတယ္။ဒိုင္နမိုအဝတ္အစားလဲခန္းအတြင္းသို႔ကစားသမားေတြကိုဂုဏ္ျပဳဖို႔ဝင္သြားခဲ့တာပါ။အႏိုင္လိုခ်င္စိတ္ရွိတဲ့အသင္းကအႏိုင္ရသြားခဲ့တာပါ။ကြၽန္ေတာ့္အသင္းကအႏိုင္မရလို႔စိတ္မေကာင္းျဖစ္ရပါတယ္။ေဘာလုံးဆိုတာကစားသမားေတြကအရည္အခ်င္းေၾကာင့္လို႔ ထင္ေနတာထက္ပိုပါတယ္။ေဘာလုံးမွာအႏိုင္ရလိုစိတ္ကအဓိကပါ။ဒါေၾကာင့္လည္းသူတို႔အႏိုင္ရသြားခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။