
ဘာစီလိုနာဟာမန်ချက်စတာယူနိုက်တက်နှင့်ယူရိုပါလိဂ်ပလေးအော့ဖ်ပွဲစဉ်အတွက်လက်မှတ်ရောင်းချမှုကိုကန့်သတ်ချက်များဖြင့်ပြုလုပ်လာပါတယ်။
လာလီဂါထိပ်သီးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဖရန့်ဖတ်နှင့်ပွဲစဉ်တွင်နူးကမ့်ကွင်းတစ်ခုလုံးအပြည့် ဂျာမန်ပရိသတ်များလွှမ်းမိုးခဲ့တဲ့အဖြစ်အပျက်မျိုးထပ်မကြုံရအောင်လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။
ဖရန့်ဖတ်ပရိသတ်များဟာနူးကမ့်ပွဲစဉ်တွင်လက်မှတ်ခွဲတမ်းပမာဏထက် ပိုမိုဝယ်ယူခဲ့ကြပြီးပရိသတ်၃၀၀၀၀ကျော်အထိကြည့်ခဲ့ကြပါတယ်။
ဒါကြောင့်လည်းဘာစီလိုနာဟာအိမ်ကွင်းတွင်ကစားရပေမဲ့လည်းနူးကမ့်တွင်ကစားရပေမဲ့ဖရန့်ဖတ်ပရိသတ်ပိုများနေမှုနဲ့အတူအဝေးကွင်းတွင်ကစားရသကဲ့သို့ဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာဟာယင်းသို့အဖြစ်အပျက်မျိုးထပ်မဖြစ်လာအောင် ယူနိုက်တက်နှင့်ပွဲအတွက်လက်မှတ်ရောင်းချရာတွင်အင်္ဂလန်မှလက်မှတ်ဝယ်ယူမှုများကိုပိတ်ပင်မှပြုလုပ်လာပါတယ်။ဒါ့အပြင်လက်မှတ်ဝယ်ယူရာတွင်လည်းတစ်ဦးတည်းလက်မှတ်များစွာဝယ်ယူနိုင်ခြင်းမရှိအောင်လည်းလုပ်ဆောင်ထားပါတယ်။ဘာစီလိုနာဟာကလေးများအတွက်လက်မှတ်ရောင်းချမှုကိုလည်းပိတ်ထားပါတယ်။
ခရီးသွားလာရေးလုပ်ငန်းများဟာလည်းယင်းပွဲအတွက်လက်မှတ်တစ်ထောင်တည်းသာရောင်းချခွင့်ရှိပါတယ်။
ဘာစီလိုနာဟာတစ်ရာသီစာလက်မှတ်ဝယ်ယူထားသူများဟာယင်းပွဲအတွက်လက်မှတ်ကိုယူနိုက်တက်ပရိသတ်များကိုရောင်းချနိုင်ခြင်းမရှိအောင်လုပ်ဆောင်ထားပါသေးတယ်။
ယူနိုက်တက်ဟာနူးကမ့်တွင်ကစားရမဲ့ယူရိုပါလိဂ်ပလေးအော့ဖ်ပွဲစဉ်အတွက်လက်မှတ်ခွဲတမ်း၄၇၀၀သာရရှိထားပါတယ်။
ZawGyi
ယူ႐ိုပါလိဂ္လက္မွတ္မ်ား ယူႏိုက္တက္ပရိသတ္မ်ား မဝယ္ယူႏိုင္ေအာင္ လုပ္ေဆာင္လာတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ယူ႐ိုပါလိဂ္ပေလးေအာ့ဖ္ပြဲစဥ္အတြက္လက္မွတ္ေရာင္းခ်မႈကိုကန႔္သတ္ခ်က္မ်ားျဖင့္ျပဳလုပ္လာပါတယ္။
လာလီဂါထိပ္သီးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဖရန႔္ဖတ္ႏွင့္ပြဲစဥ္တြင္ႏူးကမ့္ကြင္းတစ္ခုလုံးအျပည့္ ဂ်ာမန္ပရိသတ္မ်ားလႊမ္းမိုးခဲ့တဲ့အျဖစ္အပ်က္မ်ိဳးထပ္မႀကဳံရေအာင္လုပ္ေဆာင္လာတာလည္းျဖစ္ပါတယ္။
ဖရန႔္ဖတ္ပရိသတ္မ်ားဟာႏူးကမ့္ပြဲစဥ္တြင္လက္မွတ္ခြဲတမ္းပမာဏထက္ ပိုမိုဝယ္ယူခဲ့ၾကၿပီးပရိသတ္၃၀၀၀၀ေက်ာ္အထိၾကည့္ခဲ့ၾကပါတယ္။
ဒါေၾကာင့္လည္းဘာစီလိုနာဟာအိမ္ကြင္းတြင္ကစားရေပမဲ့လည္းႏူးကမ့္တြင္ကစားရေပမဲ့ဖရန႔္ဖတ္ပရိသတ္ပိုမ်ားေနမႈနဲ႔အတူအေဝးကြင္းတြင္ကစားရသကဲ့သို႔ျဖစ္ခဲ့ပါတယ္။
ဘာစီလိုနာဟာယင္းသို႔အျဖစ္အပ်က္မ်ိဳးထပ္မျဖစ္လာေအာင္ ယူႏိုက္တက္ႏွင့္ပြဲအတြက္လက္မွတ္ေရာင္းခ်ရာတြင္အဂၤလန္မွလက္မွတ္ဝယ္ယူမႈမ်ားကိုပိတ္ပင္မွျပဳလုပ္လာပါတယ္။ဒါ့အျပင္လက္မွတ္ဝယ္ယူရာတြင္လည္းတစ္ဦးတည္းလက္မွတ္မ်ားစြာဝယ္ယူႏိုင္ျခင္းမရွိေအာင္လည္းလုပ္ေဆာင္ထားပါတယ္။ဘာစီလိုနာဟာကေလးမ်ားအတြက္လက္မွတ္ေရာင္းခ်မႈကိုလည္းပိတ္ထားပါတယ္။
ခရီးသြားလာေရးလုပ္ငန္းမ်ားဟာလည္းယင္းပြဲအတြက္လက္မွတ္တစ္ေထာင္တည္းသာေရာင္းခ်ခြင့္ရွိပါတယ္။
ဘာစီလိုနာဟာတစ္ရာသီစာလက္မွတ္ဝယ္ယူထားသူမ်ားဟာယင္းပြဲအတြက္လက္မွတ္ကိုယူႏိုက္တက္ပရိသတ္မ်ားကိုေရာင္းခ်ႏိုင္ျခင္းမရွိေအာင္လုပ္ေဆာင္ထားပါေသးတယ္။
ယူႏိုက္တက္ဟာႏူးကမ့္တြင္ကစားရမဲ့ယူ႐ိုပါလိဂ္ပေလးေအာ့ဖ္ပြဲစဥ္အတြက္လက္မွတ္ခြဲတမ္း၄၇၀၀သာရရွိထားပါတယ္။