
အာဆင်နယ်ဟာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်ပေါ်တူဂီကလပ်စပို့တင်းလစ္စဘွန်းနှင့်တွေ့ဆုံနေကာပွဲကြပ်ကစားသွားရပါမယ်။
တဖက်တွင်မန်ချက်စတာယူနိုက်တက်မှာစပိန်ကလပ်ဘက်တစ်နှင့်ထိပ်တိုက်တွေ့နေပါတယ်။
ယူနိုက်တက်ဟာဥရောပထိပ်သီးဘာစီလိုနာကိုနှစ်ကျော့ပေါင်းရလဒ်၄-၃ဖြင့်အနိုင်ယူကာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်လာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်မှာမူအုပ်စုဗိုလ်ဖြစ်ခဲ့မှုနှင့်အတူယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တိုက်ရိုက်တက်ရောက်ခွင့်ရခဲ့ပါတယ်။
အာဆင်နယ်နှင့်ထိပ်တိုက်တွေ့နေတဲ့စပို့တင်းလစ္စဘွန်းမှာချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက်ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပလေးအော့ဖ်တွင်ဒိန်းမတ်ကလပ်မက်ဂျီလန်းကိုကျော်ဖြတ်ကာ၁၆သင်းရှုံးထွက်အဆင့်သို့တက်လာတာဖြစ်ပါတယ်။
၎င်းတို့ဟာပေါ်တူဂီတွင်ကစားတဲ့ပထမအကျော့တွင်တစ်ဂိုးစီသရေကျခဲပေမဲ့ဒိန်းမတ်မြေတွင်၄-၀ဂိုးဖြင့်အနိုင်ယူခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ပြိုင်ဘက်ဘက်တစ်ကိုမန်စီးတီးနည်းပြပယ်လီဂရီနီကိုင်တွယ်နေတာဖြစ်ပြီး ယူရိုပါလိဂ်အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့အသင်းဖြစ်ပါတယ်။
မော်ရင်ဟိုကိုင်တွယ်နေတဲရိုးမားအသင်းမှာဆိုစီဒက်နှင့်လည်းကောင်း၊ယူနီယံဘာလင်မှာယူနီယံစိန့်ဂေးလ်လွိုက်စ်နှင့်လည်းကောင်း၊ဂျူဗင်တပ်မှာဖရိုင်းဘတ်နှင့်လည်းကောင်း၊ဆီဗီလာမှာဖီနာဘာချီနှင့်လည်းကောင်း၊လေဗာကူဆင်မှာဖီရန်ဗာရို့စ်နှင့်လည်းကောင်း၊ရှက်တာဒိုးနက်စ်မှာဖီယင်နုနှင့်လည်းကောင်းထိပ်တိုက်တွေ့နေပါတယ်။
ZawGyi
ယူ႐ိုပါလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္တြင္ စပို႔တင္းႏွင့္ အာဆင္နယ္ႏွင့္ထိပ္တိုက္ေတြ႕ေနၿပီး ယူႏိုက္တက္မွာ ဘက္တစ္ႏွင့္ေတြ႕ဆုံေန
အာဆင္နယ္ဟာယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္ေပၚတူဂီကလပ္စပို႔တင္းလစၥဘြန္းႏွင့္ေတြ႕ဆုံေနကာပြဲၾကပ္ကစားသြားရပါမယ္။
တဖက္တြင္မန္ခ်က္စတာယူႏိုက္တက္မွာစပိန္ကလပ္ဘက္တစ္ႏွင့္ထိပ္တိုက္ေတြ႕ေနပါတယ္။
ယူႏိုက္တက္ဟာဥေရာပထိပ္သီးဘာစီလိုနာကိုႏွစ္ေက်ာ့ေပါင္းရလဒ္၄-၃ျဖင့္အႏိုင္ယူကာယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္လာခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္မွာမူအုပ္စုဗိုလ္ျဖစ္ခဲ့မႈႏွင့္အတူယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တိုက္႐ိုက္တက္ေရာက္ခြင့္ရခဲ့ပါတယ္။
အာဆင္နယ္ႏွင့္ထိပ္တိုက္ေတြ႕ေနတဲ့စပို႔တင္းလစၥဘြန္းမွာခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္ပေလးေအာ့ဖ္တြင္ဒိန္းမတ္ကလပ္မက္ဂ်ီလန္းကိုေက်ာ္ျဖတ္ကာ၁၆သင္းရႈံးထြက္အဆင့္သို႔တက္လာတာျဖစ္ပါတယ္။
၎တို႔ဟာေပၚတူဂီတြင္ကစားတဲ့ပထမအေက်ာ့တြင္တစ္ဂိုးစီသေရက်ခဲေပမဲ့ဒိန္းမတ္ေျမတြင္၄-၀ဂိုးျဖင့္အႏိုင္ယူခဲ့ပါတယ္။
ယူႏိုက္တက္ရဲ႕ၿပိဳင္ဘက္ဘက္တစ္ကိုမန္စီးတီးနည္းျပပယ္လီဂရီနီကိုင္တြယ္ေနတာျဖစ္ၿပီး ယူ႐ိုပါလိဂ္အုပ္စုဗိုလ္ျဖစ္ခဲ့တဲ့အသင္းျဖစ္ပါတယ္။
ေမာ္ရင္ဟိုကိုင္တြယ္ေနတဲ႐ိုးမားအသင္းမွာဆိုစီဒက္ႏွင့္လည္းေကာင္း၊ယူနီယံဘာလင္မွာယူနီယံစိန္႔ေဂးလ္လြိဳက္စ္ႏွင့္လည္းေကာင္း၊ဂ်ဴဗင္တပ္မွာဖ႐ိုင္းဘတ္ႏွင့္လည္းေကာင္း၊ဆီဗီလာမွာဖီနာဘာခ်ီႏွင့္လည္းေကာင္း၊ေလဗာကူဆင္မွာဖီရန္ဗာ႐ို႕စ္ႏွင့္လည္းေကာင္း၊ရွက္တာဒိုးနက္စ္မွာဖီယင္ႏုႏွင့္လည္းေကာင္းထိပ္တိုက္ေတြ႕ေနပါတယ္။