ယူရိုပြိုင်ပွဲတွင် ကိန်းကို အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်နိုင်ရေး ရပ်ရှ်ဖို့ဒ်၊မက်ဂွိုင်းယားနှင့်ရှောတို့ဖျောင်းဖျမည်

မန်ယူရဲ့အင်္ဂလန်စတားများဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲကာလအတွင်းတွင်ဟယ်ရီကိန်းအားအိုးထရက်ဖို့ဒ်သို့ပြောင်းရွှေ့ကစားလာစေရေးအတွက်ဖျောင်းဖျပြောဆိုမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ဟယ်ရီမက်ဂွိုင်းယား၊လုပ််ခ်ရှောနှင့်မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့ဟာစပါးစ်ရဲ့ပေါင်သန်း၁၅၀တန်တိုက်စစ်မှူးဟယ်ရီကိန်းနှင့်ခင်မင်ရင်းနှီးမှုကိုအခွင့်ကောင်းယူကာပြိုင်ဘက်မန်စီးတီး၊ချဲလ်ဆီးတို့ထက်မန်ယူကိုသာရွေးချယ်ရေးတိုက်တွန်းသွားပါမယ်။

ဂရေမီဆောက်ဂိတ်ဟာလာမယ့်အင်္ဂါနေ့မှာယူရို၂၀၂၀ပြိုင်ပွဲအတွက်အင်္ဂလန်လူစာရင်းကိုထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီးကစားသမားများဟာပြိုင်ပွဲကာလအတွင်းတွင်ခြောက်ပတ်အထိအတူရှိနေနိုင်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာယခုနွေရာသီတွင်စပါးစ်မှထွက်ခွာမည်ဖြစ်ပြီးယင်းနှင့်ပတ်သက်ပြီးမန်ယူအဝတ်အစားလဲခန်းအတွင်းတွင်များစွာပြောဆိုလျက်ရှိကာဥရုဂွေးတိုက်စစ်မှူးအက်ဒီဆင်ကာဗာနီလည်းယင်းအထဲတွင်ပါဝင်ပါတယ်။

အမည်ဖော်လိုသူမန်ယူအတွင်းလူတစ်ဦးက “ကစားသမားအားလုံးဟယ်ရီစပါးစ်ကထွက်ခွာဖို့ပြင်နေတာနဲ့ပတ်သက်ပြီးပြောနေကြတယ်။အင်္ဂလန်ကစားသမားတွေဟာသူတို့ဆုံစည်းတဲ့အချိန်ကျရင်သူ့ကိုဖျောင်းဖျဖို့စီစဉ်ထားကြပါတယ်။သူတို့ကဟယ်ရီဘယ်လောက်ကောင်းတယ်ဆိုတာသိပါတယ်။သူရောက်လာရင်မားကပ်စ်အတွက်ယှဉ်ပြိုင်မှုဖြစ်လာနိုင်တယ်ဆိုပေမယ့်သူနဲ့ကစားနိုင်ခွင့်ရနိုင်တဲ့အနေအထားအတွက်အားလုံးလည်းစိတ်လှုပ်ရှားနေတယ်။အက်ဒီဆင်ဆိုရင်လည်းသူ့ကိုတော်တော်ကောင်းတဲ့သူအဖြစ်သတ်မှတ်တယ်။သူ့အင်္ဂလိပ်စကားကသိပ်မကောင်းပေမယ့်လိုရင်းရောက်အောင်ပြောနိုင်တယ်။ကစားသမားတိုင်းကဟယ်ရီဟာအသင်းရဲ့ကစားဟန်မှာချက်ချင်းအထိုင်ကျမယ်လို့ယုံကြည်နေကြတယ်။သူတို့ကလည်းစပါးစ်လိုဘဲတန်ပြန်တိုက်စစ်ကစားရတာကြိုက်ကြတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်မန်ယူအနေဖြင့်ဟယ်ရီကိန်းကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်နိုင်ရေးအတွက်ကြီးမားတဲ့ယှဉ်ပြိုင်မှုပြုလုပ်ရပါမယ်။

မကြာသေးမီတုန်းကတော့ဟယ်ရီကိန်းကသူတွဲကစားလိုတဲ့အလယ်တန်းကစားသမားမှာကီဗင်ဒီဘရိုင်းဖြစ်ကြောင်းပြောကြားကာမန်စီးတီးသို့ပြောင်းရန်တံခါးဖွင့်ထားကြောင်းအရိပ်အမြွက်ဆိုခဲ့ပါတယ်။

ZawGyi

ယူ႐ိုၿပိဳင္ပြဲတြင္ ကိန္းကို အိုးထရက္ဖို႔ဒ္သို႔ ေခၚေဆာင္ႏိုင္ေရး ရပ္ရွ္ဖို႔ဒ္၊မက္ဂြိဳင္းယားႏွင့္ေရွာတို႔ေဖ်ာင္းဖ်မည္

မန္ယူရဲ႕အဂၤလန္စတားမ်ားဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကာလအတြင္းတြင္ဟယ္ရီကိန္းအားအိုးထရက္ဖို႔ဒ္သို႔ေျပာင္းေ႐ႊ႕ကစားလာေစေရးအတြက္ေဖ်ာင္းဖ်ေျပာဆိုမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဟယ္ရီမက္ဂြိဳင္းယား၊လုပ္္ခ္ေရွာႏွင့္မားကပ္စ္ရပ္ရွ္ဖို႔ဒ္တို႔ဟာစပါးစ္ရဲ႕ေပါင္သန္း၁၅၀တန္တိုက္စစ္မႉးဟယ္ရီကိန္းႏွင့္ခင္မင္ရင္းႏွီးမႈကိုအခြင့္ေကာင္းယူကာၿပိဳင္ဘက္မန္စီးတီး၊ခ်ဲလ္ဆီးတို႔ထက္မန္ယူကိုသာေ႐ြးခ်ယ္ေရးတိုက္တြန္းသြားပါမယ္။

ဂေရမီေဆာက္ဂိတ္ဟာလာမယ့္အဂၤါေန႔မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္အဂၤလန္လူစာရင္းကိုထုတ္ျပန္ေၾကညာသြားမွာျဖစ္ၿပီးကစားသမားမ်ားဟာၿပိဳင္ပြဲကာလအတြင္းတြင္ေျခာက္ပတ္အထိအတူရွိေနႏိုင္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာယခုေႏြရာသီတြင္စပါးစ္မွထြက္ခြာမည္ျဖစ္ၿပီးယင္းႏွင့္ပတ္သက္ၿပီးမန္ယူအဝတ္အစားလဲခန္းအတြင္းတြင္မ်ားစြာေျပာဆိုလ်က္ရွိကာဥ႐ုေဂြးတိုက္စစ္မႉးအက္ဒီဆင္ကာဗာနီလည္းယင္းအထဲတြင္ပါဝင္ပါတယ္။

အမည္ေဖာ္လိုသူမန္ယူအတြင္းလူတစ္ဦးက “ကစားသမားအားလုံးဟယ္ရီစပါးစ္ကထြက္ခြာဖို႔ျပင္ေနတာနဲ႔ပတ္သက္ၿပီးေျပာေနၾကတယ္။အဂၤလန္ကစားသမားေတြဟာသူတို႔ဆုံစည္းတဲ့အခ်ိန္က်ရင္သူ႔ကိုေဖ်ာင္းဖ်ဖို႔စီစဥ္ထားၾကပါတယ္။သူတို႔ကဟယ္ရီဘယ္ေလာက္ေကာင္းတယ္ဆိုတာသိပါတယ္။သူေရာက္လာရင္မားကပ္စ္အတြက္ယွဥ္ၿပိဳင္မႈျဖစ္လာႏိုင္တယ္ဆိုေပမယ့္သူနဲ႔ကစားႏိုင္ခြင့္ရႏိုင္တဲ့အေနအထားအတြက္အားလုံးလည္းစိတ္လႈပ္ရွားေနတယ္။အက္ဒီဆင္ဆိုရင္လည္းသူ႔ကိုေတာ္ေတာ္ေကာင္းတဲ့သူအျဖစ္သတ္မွတ္တယ္။သူ႔အဂၤလိပ္စကားကသိပ္မေကာင္းေပမယ့္လိုရင္းေရာက္ေအာင္ေျပာႏိုင္တယ္။ကစားသမားတိုင္းကဟယ္ရီဟာအသင္းရဲ႕ကစားဟန္မွာခ်က္ခ်င္းအထိုင္က်မယ္လို႔ယုံၾကည္ေနၾကတယ္။သူတို႔ကလည္းစပါးစ္လိုဘဲတန္ျပန္တိုက္စစ္ကစားရတာႀကိဳက္ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္မန္ယူအေနျဖင့္ဟယ္ရီကိန္းကိုအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္ႏိုင္ေရးအတြက္ႀကီးမားတဲ့ယွဥ္ၿပိဳင္မႈျပဳလုပ္ရပါမယ္။

မၾကာေသးမီတုန္းကေတာ့ဟယ္ရီကိန္းကသူတြဲကစားလိုတဲ့အလယ္တန္းကစားသမားမွာကီဗင္ဒီဘ႐ိုင္းျဖစ္ေၾကာင္းေျပာၾကားကာမန္စီးတီးသို႔ေျပာင္းရန္တံခါးဖြင့္ထားေၾကာင္းအရိပ္အႁမြက္ဆိုခဲ့ပါတယ္။