ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူး ၁၀ ဦးစာရင်းထွက်ပေါ်လာ

ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာဒတ်ချ်ဂန္ထဝင်တိုက်စစ်မှူးမာကိုဗန်ဘက်စတန်ကိုကို ကျော်ဖြတ်ကာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်အကောင်းဆုံးတိုက်စစ်မှူးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အသက်၃၆နှစ်ရှိဂျူဗင်တပ်တိုက်စစ်မှူးဟာပေါ်တူဂီသမိုင်းတွင်ပွဲအများဆုံးကစားထားသူအဖြစ်လည်းကောင်း၊ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်းကောင်းရပ်တည်နေသူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝတုန်းကယူရို၂၀၀၄ပြိုင်ပွဲဗိုလ်လုပွဲတွင်ဂရိကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ကာရွှေတံဆိပ်ဆုနဲ့လွဲချော်ခဲ့ဖူးပါတယ်။

ဒါပေမယ့် Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ရော်နယ်ဒိုဟာယူရို၂၀၁၆ပြိုင်ပွဲမှာတော့ပေါ်တူဂီကိုချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲတွင်လည်းချန်ပီယံဘွဲ့ကိုကာကွယ်ရန်အတွက်ပေါ်တူဂီအသင်းကိုဦးဆောင်လာဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ခရစ္စတီယာနိုရော်နယ်ဒိုဟာယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်ကစားလာမှုကြောင့်ပြိုင်ပွဲသမိုင်းတွင်ငါးကြိမ်ကစားဖူးတဲ့ပထမဆုံးကစားသမားဖြစ်လာပါမယ်။

ဒတ်ချ်ဂန္ထဝင်တိုက်စစ်မှူးမာကိုဗန်ဘတ်စတန်ကအဆင့်၂နေရာမှာရပ်တည်နေပြီးသီယာရီဟင်နရီကအဆင့်၃နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။အဆင့်၄နေရာမှာအနောက်ဂျာမနီဂန္ထဝင်တိုက်စစ်မှူးဂတ်မူလာကလည်းကောင်း၊အဆင့်၅နေရာတွင်ဂျာမနီတိုက်စစ်မှူးကလင်းစမန်းကလည်းကောင်းရပ်တည်နိုင်ခဲ့ပါတယ်။

အဆင့်၆နေရာတွင်အင်္ဂလန်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့ဝိန်းရွန်းနီကရပ်တည်နိုင်ခဲ့ပါတယ်။အဆင့်၇နေရာမှာပြင်သစ်တိုက်စစ်မှူးအန်တိုနီဂရက်ဇ်မန်းကရပ်တည်နိုင်ခဲ့ပြီးအဆင့်၈နေရာမှာနယ်သာလန်ဂန္ထဝင်တိုက်စစ်မှူးနစ္စတယ်ရွိုင်းကရပ်တည်နိုင်ခဲ့ပါတယ်။

အဆင့်၉နေရာမှာအင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယားနှင့်အဆင့်၁၀နေရာမှာဆွီဒင်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်ချ်ရပ်တည်နိုင်ခဲ့ပါတယ်။

ZawGyi

ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးတိုက္စစ္မႉး ၁၀ ဦးစာရင္းထြက္ေပၚလာ

ေပၚတူဂီစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒတ္ခ်္ဂႏၴဝင္တိုက္စစ္မႉးမာကိုဗန္ဘက္စတန္ကိုကို ေက်ာ္ျဖတ္ကာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

အသက္၃၆ႏွစ္ရွိဂ်ဴဗင္တပ္တိုက္စစ္မႉးဟာေပၚတူဂီသမိုင္းတြင္ပြဲအမ်ားဆုံးကစားထားသူအျဖစ္လည္းေကာင္း၊ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္လည္းေကာင္းရပ္တည္ေနသူလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာေပၚတူဂီလက္ေ႐ြးစင္ကစားသမားဘဝတုန္းကယူ႐ို၂၀၀၄ၿပိဳင္ပြဲဗိုလ္လုပြဲတြင္ဂရိကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ကာေ႐ႊတံဆိပ္ဆုနဲ႔လြဲေခ်ာ္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ေရာ္နယ္ဒိုဟာယူ႐ို၂၀၁၆ၿပိဳင္ပြဲမွာေတာ့ေပၚတူဂီကိုခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္လည္းခ်န္ပီယံဘြဲ႕ကိုကာကြယ္ရန္အတြက္ေပၚတူဂီအသင္းကိုဦးေဆာင္လာဦးမွာျဖစ္ပါတယ္။

ဒါ့အျပင္ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ပါဝင္ကစားလာမႈေၾကာင့္ၿပိဳင္ပြဲသမိုင္းတြင္ငါးႀကိမ္ကစားဖူးတဲ့ပထမဆုံးကစားသမားျဖစ္လာပါမယ္။

ဒတ္ခ်္ဂႏၴဝင္တိုက္စစ္မႉးမာကိုဗန္ဘတ္စတန္ကအဆင့္၂ေနရာမွာရပ္တည္ေနၿပီးသီယာရီဟင္နရီကအဆင့္၃ေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။အဆင့္၄ေနရာမွာအေနာက္ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉးဂတ္မူလာကလည္းေကာင္း၊အဆင့္၅ေနရာတြင္ဂ်ာမနီတိုက္စစ္မႉးကလင္းစမန္းကလည္းေကာင္းရပ္တည္ႏိုင္ခဲ့ပါတယ္။

အဆင့္၆ေနရာတြင္အဂၤလန္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ဝိန္း႐ြန္းနီကရပ္တည္ႏိုင္ခဲ့ပါတယ္။အဆင့္၇ေနရာမွာျပင္သစ္တိုက္စစ္မႉးအန္တိုနီဂရက္ဇ္မန္းကရပ္တည္ႏိုင္ခဲ့ၿပီးအဆင့္၈ေနရာမွာနယ္သာလန္ဂႏၴဝင္တိုက္စစ္မႉးနစၥတယ္႐ြိဳင္းကရပ္တည္ႏိုင္ခဲ့ပါတယ္။

အဆင့္၉ေနရာမွာအဂၤလန္ဂႏၴဝင္တိုက္စစ္မႉးအလန္ရွီးယားႏွင့္အဆင့္၁၀ေနရာမွာဆြီဒင္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္ခ်္ရပ္တည္ႏိုင္ခဲ့ပါတယ္။