ယူရိုပြိုင်ပွဲအပြီးတွင် ရူဒီဂါကို စာချုပ်သစ်ချုပ်ဆိုရန် ချဲလ်ဆီးဆွေးနွေးမည်
ချဲလ်ဆီးဟာယူရို၂၀၂၀ပြိုင်ပွဲအပြီးရက်အနည်းငယ်အကြာတွင်အန်တိုနီယိုရူဒီဂါအားစာချုပ်သက်တမ်းတိုးရေးအတွက်ဆွေးနွေးမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အသက်၂၈နှစ်ရှိဂျာမနီလက်ရွေးစင်ဟာဇန်နဝါရီလတုန်းကဖရန့်လမ်းပတ်ထုတ်ပယ်ခြင်းခံရပြီးသောမတ်စ်တူချယ်ရောက်လာပြီးနောက်ချဲလ်ဆီးပထမအသင်းတွင်ပုံမှန်ပါဝင်ခွင့်ရရှိလာပါတယ်။
ချဲလ်ဆီးဟာပရီးမီးယားတွင်အဆင့်၄)တွင်သာရပ်တည်နိုင်ခဲ့တဲ့အပြင်အက်ဖ်အေဖလားတွင်လည်းဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။ဒါပေမယ့်၎င်းတို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်ထားပြီးလာမယ့်မေလ၂၉ရက်နေ့မှာမန်စီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။
ရူဒီဂါရဲ့လက်ရှိချဲလ်ဆီးနှင့်စာချုပ်က၂၀၂၂ခုနှစ်၊ဇွန်လတွင်ကုန်ဆုံးမည်ဖြစ်ပြီးချဲလ်ဆီးအနေဖြင့်လာမယ့်နှစ်နွေတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရနိုင်ပါတယ်။
ဒါကြောင့်၎င်းတို့အနေဖြင့်ရူဒီဂါအားယခုနွေတွင်စာချုပ်သစ်ချုပ်ဆိုရန်မအောင်မြင်ပါကရောင်းချသွားဖို့ရှိပါတယ်။
ZawGyi