ယူရိုပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာမည်ဟု ဂျော်ဒန်ဟင်ဒါဆင်အတည်ပြု

ဂျော်ဒန်ဟင်ဒါဆင်ဟာလာမယ့်လတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်အင်္ဂလန်အသင်းကိုဦးဆောင်ဖို့ကြံ့ခိုင်မှုပြည့်ဝလာဖို့သေချာသလောက်ရှိနေပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟာဖေဖော်ဝါရီလတုန်းကပေါင်ခြံဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက်အနားယူလာခဲ့ရသူလည်းဖြစ်ပါတယ်။

အသက်၃၀နှစ်ရှိအင်္ဂလန်လက်ရွေးင်ကွင်းလယ်ကစားသမားဟာခရစ္စတယ်ပဲလေ့စ်နှင့်ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွင်လီဗာပူးအရန်စာရင်းတွင်ပါဝင်ခဲ့သော်လည်းပါဝင်မကစားခဲ့ပါဘူး။

ဒါပေမယ့်ဟင်ဒါဆင်က “ကျွန်တော်ကအသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းတာအကြိမ်အနည်းငယ်ပဲရှိသေးတော့ကစားဖို့အသင့်နီးပါးဖြစ်နေပါပြီ။အားလုံးအဆင်ပြေပါတယ်။ကျွန်တော်ဟာပြီးခဲ့တဲ့ရက်တ္တပတ်တွေမှာကိုယ့်ဖာသာကိုယ်လေ့ကျင့်ခန်းလုပ်လာခဲ့ပါတယ်။အခုကျွန်တော်ဟာအသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းဖို့လိုနေပါတယ်။ယူရိုအမီကြံ့ခိုင်မှုပြည့်ဝဖို့မျှော်လင့်ပါတယ်။ဒါပေမယ့်အင်္ဂလန်နဲ့အတူလေ့ကျင့်ခန်းဆင်းလိုက်ရင်ယူရိုအတွက်အသင့်ဖြစ်လာမှာပါ”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာလာမယ့်ဇွန်လ၁၃ရက်နေ့မှာဝင်ဘာလေကွင်းမှာအုပ်စု(ဃ)အဖွင့်ပွဲစဉ်အဖြစ်ခရိုအေးရှားနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ယူ႐ိုၿပိဳင္ပြဲအမီ ႀကံ့ခိုင္မႈျပည့္ဝလာမည္ဟု ေဂ်ာ္ဒန္ဟင္ဒါဆင္အတည္ျပဳ

ေဂ်ာ္ဒန္ဟင္ဒါဆင္ဟာလာမယ့္လတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အဂၤလန္အသင္းကိုဦးေဆာင္ဖို႔ႀကံ့ခိုင္မႈျပည့္ဝလာဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ဟာေဖေဖာ္ဝါရီလတုန္းကေပါင္ၿခံဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ၿပီးေနာက္အနားယူလာခဲ့ရသူလည္းျဖစ္ပါတယ္။

အသက္၃၀ႏွစ္ရွိအဂၤလန္လက္ေ႐ြးင္ကြင္းလယ္ကစားသမားဟာခရစၥတယ္ပဲေလ့စ္ႏွင့္ပရီးမီးယားလိဂ္ရာသီသိမ္းပြဲစဥ္တြင္လီဗာပူးအရန္စာရင္းတြင္ပါဝင္ခဲ့ေသာ္လည္းပါဝင္မကစားခဲ့ပါဘူး။

ဒါေပမယ့္ဟင္ဒါဆင္က “ကြၽန္ေတာ္ကအသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းတာအႀကိမ္အနည္းငယ္ပဲရွိေသးေတာ့ကစားဖို႔အသင့္နီးပါးျဖစ္ေနပါၿပီ။အားလုံးအဆင္ေျပပါတယ္။ကြၽန္ေတာ္ဟာၿပီးခဲ့တဲ့ရက္တၱပတ္ေတြမွာကိုယ့္ဖာသာကိုယ္ေလ့က်င့္ခန္းလုပ္လာခဲ့ပါတယ္။အခုကြၽန္ေတာ္ဟာအသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းဖို႔လိုေနပါတယ္။ယူ႐ိုအမီႀကံ့ခိုင္မႈျပည့္ဝဖို႔ေမွ်ာ္လင့္ပါတယ္။ဒါေပမယ့္အဂၤလန္နဲ႔အတူေလ့က်င့္ခန္းဆင္းလိုက္ရင္ယူ႐ိုအတြက္အသင့္ျဖစ္လာမွာပါ”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာလာမယ့္ဇြန္လ၁၃ရက္ေန႔မွာဝင္ဘာေလကြင္းမွာအုပ္စု(ဃ)အဖြင့္ပြဲစဥ္အျဖစ္ခ႐ိုေအးရွားႏွင့္ရင္ဆိုင္ကစားရပါမယ္။