ယူရိုပြိုင်ပွဲ ဒုတိယငွေတံဆိပ်ကို ချက်ချင်းချွတ်ပစ်ခဲ့လို့ အင်္ဂလန်ကစားသမားများ ဝေဖန်ခံရ

အင်္ဂလန်ကစားသမားများဟာယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီကိုရှုံးနိမ့်ပြီးနောက်ဆုပေးပွဲအခမ်းအနားတွင်ဒုတိယငွေတံဆိပ်အားလက်ခံရယူပြီးချက်ချင်းချွတ်ပစ်မှုအတွက်ပရိသတ်များရဲ့ဝေဖန်မှုခံနေရပါတယ်။

အင်္ဂလန်ဟာတနင်္ဂနွေနေ့တုန်းကယူရို၂၀၂၀ချန်ပီယံဖြစ်ရန်အကြီးအကျယ်မျှော်လင့်ခဲ့သော်လည်းပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာဆုဖလားဆွတ်ခူးရေးထပ်မံစောင့်ဆိုင်းရဦးတော့မှာဖြစ်ပါတယ်။

အင်္ဂလန်ဟာပွဲအစ၂မိနစ်မှာလုခ်ရှောသွင်းယူတဲ့ဂိုးဖြင့်အီတလီကိုဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ဒါပေမယ့်ဒုတိယပိုင်းမှာဘိုနုချီကအီတလီအတွက်ချေပဂိုးသွင်းယူခဲ့ပြီးအချိန်ပိုကစားခဲ့ရပါတယ်။

အချိန်ပိုတွင်အင်္ဂလန်နှင့်အီတလီတို့ဂိုးမသွင်းနိုင်မှုနဲ့အတူပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြရပါတယ်။

ဘီရာဒီ၊ဘိုနုချီနှင့်ဘာနာဒက်ချီတို့ကအီတလီရဲ့ပင်နယ်တီကိုဝင်အောင်သွင်းနိုင်ခဲ့ပြီးဘီလော့တီနှင့်ဂျော်ဂျင်ဟိုတို့ရဲ့ပင်နယ်တီကိုပစ်ဖို့ဒ်ကကာကွယ်ခဲ့ပါတယ်။

အင်္ဂလန်ဘက်ကဟယ်ရီကိန်းနှင့်မက်ဂွိုင်းယားတို့ကပင်နယ်တီဝင်ခဲ့ပေမယ့်ရပ်ရှ်ဖို့ဒ်ကပင်နယ်တီလွဲကာဆန်ချိုနှင့်ဆာကာတို့ရဲ့ပင်နယ်တီအားအီတလီဂိုးသမားဒွန်နာရမ်မာကကာကွယ်ခဲ့ပါတယ်။

အင်္ဂလန်ကစားသမားတို့ဟာဆုပေးပွဲအခမ်းအနားမှာငွေတံဆိပ်ဆုလက်ခံရယူခဲ့ကြပါတယ်။ဘင်ချဲလ်ဝဲလ်၊ဖီးလ်ဖိုဒန်၊ရီစီဂျိမ်းစ်၊ဘယ်လင်ဂမ်နှင့်ကော်နာကိုဒီတို့အပါအဝင်ကစားသမားအများစုတို့ဟာငွေတံဆိပ်ဆုကိုလက်ခံရယူပြီးစင်မြင့်ပေါ်မှမဆင်းမီမှာပင်ဆုကိုချွတ်ပစ်ခဲ့ကြပါတယ်။ဟင်ဒါဆင်အပါအဝင်ကစားသမားအချို့ကသာဆုကိုစင်ပေါ်မှမဆင်းမီဆုကိုမချွတ်ခဲ့ပါဘူး။

ဒါကြောင့်ပရိသတ်များကအင်္ဂလန်ကစားသမားများကိုအားကစားသမားစိတ်ဓာတ်မရှိသူများဟုဝေဖန်နေပြီး၎င်းတို့အနေဖြင့်ဒုတိယဆုဆွတ်ခူးနိုင်ခဲ့မှုအပေါ်ဂုဏ်ယူသင့်ကြောင်းပြောဆိုနေကြပါတယ်။

ပရိသတ်တစ်ဦးက “ကစားသမားအားလုံးနီးပါးဆုတံဆိပ်ကိုချွတ်ပစ်ကြတယ်။သူတို့ထဲကတော်တော်များများကဘာဆုမှမယ်မယ်ရရရဖူးတဲ့သူတွေမဟုတ်ပါဘူး။သူတို့ဟာ၅၅နှစ်အတွင်းမှာပထမဆုံးဆုတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့အင်္ဂလန်ကစားသမားတွေပါ။ဂုဏ်ယူသင့်ပါတယ်။အားကစားသမားပီသသင့်တယ်”လို့ဆိုသွားပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း “ဘာလို့အင်္ဂလန်ကစားသမားတွေစင်ပေါ်ကမဆင်းခင်မှာတင်ဒုတိယဆုကိုချွတ်လိုက်ကြတာလဲ။ဒါကမလေးစားတာ။သူတို့အနေနဲ့ကလေးတွေအတွက်ရှေ့ဆောင်လမ်းပြအနေနဲ့နှိမ့်ချနေထိုင်တတ်မှုကိုသင်ပြသင့်တယ်”လို့ဆိုသွားပါတယ်။

ZawGyi

ယူ႐ိုၿပိဳင္ပြဲ ဒုတိယေငြတံဆိပ္ကို ခ်က္ခ်င္းခြၽတ္ပစ္ခဲ့လို႔ အဂၤလန္ကစားသမားမ်ား ေဝဖန္ခံရ

အဂၤလန္ကစားသမားမ်ားဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အီတလီကိုရႈံးနိမ့္ၿပီးေနာက္ဆုေပးပြဲအခမ္းအနားတြင္ဒုတိယေငြတံဆိပ္အားလက္ခံရယူၿပီးခ်က္ခ်င္းခြၽတ္ပစ္မႈအတြက္ပရိသတ္မ်ားရဲ႕ေဝဖန္မႈခံေနရပါတယ္။

အဂၤလန္ဟာတနဂၤေႏြေန႔တုန္းကယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ရန္အႀကီးအက်ယ္ေမွ်ာ္လင့္ခဲ့ေသာ္လည္းပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာဆုဖလားဆြတ္ခူးေရးထပ္မံေစာင့္ဆိုင္းရဦးေတာ့မွာျဖစ္ပါတယ္။

အဂၤလန္ဟာပြဲအစ၂မိနစ္မွာလုခ္ေရွာသြင္းယူတဲ့ဂိုးျဖင့္အီတလီကိုဦးေဆာင္ကစားႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ဒုတိယပိုင္းမွာဘိုႏုခ်ီကအီတလီအတြက္ေခ်ပဂိုးသြင္းယူခဲ့ၿပီးအခ်ိန္ပိုကစားခဲ့ရပါတယ္။

အခ်ိန္ပိုတြင္အဂၤလန္ႏွင့္အီတလီတို႔ဂိုးမသြင္းႏိုင္မႈနဲ႔အတူပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ၾကရပါတယ္။

ဘီရာဒီ၊ဘိုႏုခ်ီႏွင့္ဘာနာဒက္ခ်ီတို႔ကအီတလီရဲ႕ပင္နယ္တီကိုဝင္ေအာင္သြင္းႏိုင္ခဲ့ၿပီးဘီေလာ့တီႏွင့္ေဂ်ာ္ဂ်င္ဟိုတို႔ရဲ႕ပင္နယ္တီကိုပစ္ဖို႔ဒ္ကကာကြယ္ခဲ့ပါတယ္။

အဂၤလန္ဘက္ကဟယ္ရီကိန္းႏွင့္မက္ဂြိဳင္းယားတို႔ကပင္နယ္တီဝင္ခဲ့ေပမယ့္ရပ္ရွ္ဖို႔ဒ္ကပင္နယ္တီလြဲကာဆန္ခ်ိဳႏွင့္ဆာကာတို႔ရဲ႕ပင္နယ္တီအားအီတလီဂိုးသမားဒြန္နာရမ္မာကကာကြယ္ခဲ့ပါတယ္။

အဂၤလန္ကစားသမားတို႔ဟာဆုေပးပြဲအခမ္းအနားမွာေငြတံဆိပ္ဆုလက္ခံရယူခဲ့ၾကပါတယ္။ဘင္ခ်ဲလ္ဝဲလ္၊ဖီးလ္ဖိုဒန္၊ရီစီဂ်ိမ္းစ္၊ဘယ္လင္ဂမ္ႏွင့္ေကာ္နာကိုဒီတို႔အပါအဝင္ကစားသမားအမ်ားစုတို႔ဟာေငြတံဆိပ္ဆုကိုလက္ခံရယူၿပီးစင္ျမင့္ေပၚမွမဆင္းမီမွာပင္ဆုကိုခြၽတ္ပစ္ခဲ့ၾကပါတယ္။ဟင္ဒါဆင္အပါအဝင္ကစားသမားအခ်ိဳ႕ကသာဆုကိုစင္ေပၚမွမဆင္းမီဆုကိုမခြၽတ္ခဲ့ပါဘူး။

ဒါေၾကာင့္ပရိသတ္မ်ားကအဂၤလန္ကစားသမားမ်ားကိုအားကစားသမားစိတ္ဓာတ္မရွိသူမ်ားဟုေဝဖန္ေနၿပီး၎တို႔အေနျဖင့္ဒုတိယဆုဆြတ္ခူးႏိုင္ခဲ့မႈအေပၚဂုဏ္ယူသင့္ေၾကာင္းေျပာဆိုေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ကစားသမားအားလုံးနီးပါးဆုတံဆိပ္ကိုခြၽတ္ပစ္ၾကတယ္။သူတို႔ထဲကေတာ္ေတာ္မ်ားမ်ားကဘာဆုမွမယ္မယ္ရရရဖူးတဲ့သူေတြမဟုတ္ပါဘူး။သူတို႔ဟာ၅၅ႏွစ္အတြင္းမွာပထမဆုံးဆုတံဆိပ္ဆြတ္ခူးႏိုင္ခဲ့တဲ့အဂၤလန္ကစားသမားေတြပါ။ဂုဏ္ယူသင့္ပါတယ္။အားကစားသမားပီသသင့္တယ္”လို႔ဆိုသြားပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း “ဘာလို႔အဂၤလန္ကစားသမားေတြစင္ေပၚကမဆင္းခင္မွာတင္ဒုတိယဆုကိုခြၽတ္လိုက္ၾကတာလဲ။ဒါကမေလးစားတာ။သူတို႔အေနနဲ႔ကေလးေတြအတြက္ေရွ႕ေဆာင္လမ္းျပအေနနဲ႔ႏွိမ့္ခ်ေနထိုင္တတ္မႈကိုသင္ျပသင့္တယ္”လို႔ဆိုသြားပါတယ္။