ယူရိုဗိုလ်လုပွဲတွင် ကံကောင်းပါစေကြောင်း အင်္ဂလန်အသင်းကို FaceTime ဖြင့် ဖုန်းခေါ်ကာ တွမ်ခရုဇ် ဆုတောင်းပေး

ဟောလီးဝုဒ်မင်းသားကြီးတွမ်ခရုဇ်ဟာအင်္ဂလန်အသင်းအား FaceTime ဖြင့်ဖုန်းခေါ်ဆိုမှုပြုလုပ်ကာ ယူရို၂၀၂၀ပြိုင်ပွဲတွင်ချန်ပီယံဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်းသိရပါတယ်။

အင်္ဂလန်အသင်းဟာယနေ့ညမှာဝင်ဘာလေကွင်းမှာယူရို၂၀၂၀ဗိုလ်လုပွဲအဖြစ်အီတလီအသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ဟယ်ရီကိန်းကယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီအသင်းကိုအနိုင်ရယူရေးမှာအင်္ဂလန်အသင်းအတွက် Mission-Possible လို့ယုံကြည်နေပါတယ်။ Mission-Impossible မင်းသားတွမ်ခရုဇ်ဟာသူ့ရဲ့ဇာတ်ကားသစ်ကိုလည်းအထူးအနေဖြင့်အင်္ဂလန်အသင်းကိုပြသပြီးစိတ်ဓာတ်မြှင့်တင်မှုပြုလုပ်ခဲ့ပါသေးတယ်။

ဟယ်ရီကိန်းက “တွမ်ခရုဇ်နဲ့အဆက်အသွယ်ရခဲ့ပါတယ်။သူ့ဇာတ်ကားတွေထဲကတစ်ကားကိုလည်းကြည့်ခွင့်ရခဲ့ကြတယ်။သူဗြိတိန်သို့ရောက်နေတယ်လို့ထင်တယ်။FaceTime ကနေကျွန်တော်တို့ကိုဆုတောင်းပေးခဲ့ပါသေးတယ်။ကမ္ဘာပေါ်ကဘောလုံးကိုချစ်မြတ်နိုးတဲ့သူတိုင်းအားပေးနေကြပါတယ်။ကျွန်တော်တို့လည်းအချိန်တိုင်းပျော်ရွှင်နေပြီးအလုပ်ကိုအပြီးသတ်လုပ်ဆောင်ဖို့စိတ်ပြင်းပြနေပါတယ်”လို့ပြောကြားသွားပါတယ်။

ဗြိတိန်နာမည်ကျော်ပေါ့ပ်အဆိုတော်အက်ဒ်ရှရန်းဟာလည်းယူရိုပြိုင်ပွဲကာလအတွင်းတွင်အင်္ဂလန်အသင်းရဲ့ Camp သို့လာရောက်ကာ အထူးသီးသန့်ရှိုးပွဲသီဆိုဖျော်ဖြေပေးခဲ့ဖူးပါတယ်။

အင်္ဂလန်အသင်းဟာ၁၉၆၆ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက်ဆီမီးဖိုင်နယ်အဆင့်သို့သာအမြင့်မားဆုံးအဖြစ်တက်ရောက်နိုင်ခဲ့ပြီးဆုဖလားမရခဲ့ပါဘူး။၎င်းတို့ဟာယနေ့ညမှာအိမ်ကွင်းမှာကြမ္မာဆိုးကိုအဆုံးသတ်ဖို့အခွင့်အရေးရရှိနေပြီဖြစ်ပါတယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲတြင္ ကံေကာင္းပါေစေၾကာင္း အဂၤလန္အသင္းကို FaceTime ျဖင့္ ဖုန္းေခၚကာ တြမ္ခ႐ုဇ္ ဆုေတာင္းေပး

ေဟာလီးဝုဒ္မင္းသားႀကီးတြမ္ခ႐ုဇ္ဟာအဂၤလန္အသင္းအား FaceTime ျဖင့္ဖုန္းေခၚဆိုမႈျပဳလုပ္ကာ ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ခ်န္ပီယံျဖစ္ပါေစေၾကာင္းဆုမြန္ေကာင္းေတာင္းေပးခဲ့ေၾကာင္းသိရပါတယ္။

အဂၤလန္အသင္းဟာယေန႔ညမွာဝင္ဘာေလကြင္းမွာယူ႐ို၂၀၂၀ဗိုလ္လုပြဲအျဖစ္အီတလီအသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။

ဟယ္ရီကိန္းကယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အီတလီအသင္းကိုအႏိုင္ရယူေရးမွာအဂၤလန္အသင္းအတြက္ Mission-Possible လို႔ယုံၾကည္ေနပါတယ္။ Mission-Impossible မင္းသားတြမ္ခ႐ုဇ္ဟာသူ႔ရဲ႕ဇာတ္ကားသစ္ကိုလည္းအထူးအေနျဖင့္အဂၤလန္အသင္းကိုျပသၿပီးစိတ္ဓာတ္ျမႇင့္တင္မႈျပဳလုပ္ခဲ့ပါေသးတယ္။

ဟယ္ရီကိန္းက “တြမ္ခ႐ုဇ္နဲ႔အဆက္အသြယ္ရခဲ့ပါတယ္။သူ႔ဇာတ္ကားေတြထဲကတစ္ကားကိုလည္းၾကည့္ခြင့္ရခဲ့ၾကတယ္။သူၿဗိတိန္သို႔ေရာက္ေနတယ္လို႔ထင္တယ္။FaceTime ကေနကြၽန္ေတာ္တို႔ကိုဆုေတာင္းေပးခဲ့ပါေသးတယ္။ကမာၻေပၚကေဘာလုံးကိုခ်စ္ျမတ္ႏိုးတဲ့သူတိုင္းအားေပးေနၾကပါတယ္။ကြၽန္ေတာ္တို႔လည္းအခ်ိန္တိုင္းေပ်ာ္႐ႊင္ေနၿပီးအလုပ္ကိုအၿပီးသတ္လုပ္ေဆာင္ဖို႔စိတ္ျပင္းျပေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ၿဗိတိန္နာမည္ေက်ာ္ေပါ့ပ္အဆိုေတာ္အက္ဒ္ရွရန္းဟာလည္းယူ႐ိုၿပိဳင္ပြဲကာလအတြင္းတြင္အဂၤလန္အသင္းရဲ႕ Camp သို႔လာေရာက္ကာ အထူးသီးသန႔္ရႈိးပြဲသီဆိုေဖ်ာ္ေျဖေပးခဲ့ဖူးပါတယ္။

အဂၤလန္အသင္းဟာ၁၉၆၆ကမာၻ႔ဖလားဆြတ္ခူးၿပီးေနာက္ဆီမီးဖိုင္နယ္အဆင့္သို႔သာအျမင့္မားဆုံးအျဖစ္တက္ေရာက္ႏိုင္ခဲ့ၿပီးဆုဖလားမရခဲ့ပါဘူး။၎တို႔ဟာယေန႔ညမွာအိမ္ကြင္းမွာၾကမၼာဆိုးကိုအဆုံးသတ္ဖို႔အခြင့္အေရးရရွိေနၿပီျဖစ္ပါတယ္။