ယူရိုဗိုလ်လုပွဲတွင် အင်္ဂလန်ကို အနိုင်ယူပြီး မိမိတို့အား ကယ်တင်ရန် အီတလီကို စကော့တလန်သတင်းစာတောင်းဆို

စကော့တလန်ဟာသူတို့ရဲ့ဒေသတွင်းပြိုင်ဘက်အင်္ဂလန်အသင်းကိုယူရို၂၀၂၀ပြိုင်ပွဲမှာလုံးဝဗိုလ်စွဲလိုခြင်းမရှိပါဘူး။စကော့တလန်ထိပ်သီးသတင်းစာများထဲမှတစ်ခုဖြစ်တဲ့ သတင်းစာတစ်စောင်ဟာအီတလီအသင်းဟာယူရိုဗိုလ်လုပွဲတွင်အနိုင်ယူပြီး၎င်းတို့အားကယ်တင်ရန်တောင်းဆိုလာပါတယ်။

အင်္ဂလန်ဟာယနေ့ညတွင်ဝင်ဘာလေကွင်းမှာအီတလီနှင့်ယူရို၂၀၂၀ဗိုလ်လုပွဲရင်ဆိုင်ကစားရမှာဖြစ်ပြီး၅၅နှစ်ကြာဝေးကွာနေတဲ့ပထမဆုံးဆုဖလားဆွတ်ခူးနိုင်မယ့်အခွင့်အရေးရရှိထားပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာယနေ့ညအီတလီနှင့်ပွဲစဉ်တွင်အနိုင်ယူကာယူရိုချန်ပီယံဖြစ်ကာအင်္ဂလန်သမိုင်းတွင်ရာသက်ပန်ဂန္ထဝင်သူရဲကောင်းများအဖြစ်ချီးကျူးခြင်းခံရမယ့်အခွင့်အရေးကြီးပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်စကော့တလန်တွေကတော့သူတို့ရဲ့ဒေသတွင်းပြိုင်ဘက်အင်္ဂလန်ကိုယူရိုချန်ပီယံဖြစ်လာမှာကိုအထူးစိုးရိမ်နေပါတယ်။

စကော့တလန်သတင်းစာ The National ဟာသူတို့ရဲ့စာမျက်နှာမျက်နှာဖုံးတွင် Save us Roberto,you’re our . . . final hope ဆိုပြီးရေးသားဖော်ပြထားပါတယ်။ဒါ့အပြင် “We can’t take another 55 years of then banging on about this.” လို့ရေးထားပါသေးတယ်။

စကော့တလန်ဟာ၁၉၉၈ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ်ယူရို၂၀၂၀ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိခဲ့ပေမယ့်အုပ်စုမှထွက်ခဲ့ရပါတယ်။

၎င်းတို့ဟာအင်္ဂလန်နှင့်သရေကျပေမယ့်လည်းချက်နှင့်ခရိုအေးရှားကိုရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲတြင္ အဂၤလန္ကို အႏိုင္ယူၿပီး မိမိတို႔အား ကယ္တင္ရန္ အီတလီကို စေကာ့တလန္သတင္းစာေတာင္းဆို

စေကာ့တလန္ဟာသူတို႔ရဲ႕ေဒသတြင္းၿပိဳင္ဘက္အဂၤလန္အသင္းကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလုံးဝဗိုလ္စြဲလိုျခင္းမရွိပါဘူး။စေကာ့တလန္ထိပ္သီးသတင္းစာမ်ားထဲမွတစ္ခုျဖစ္တဲ့ သတင္းစာတစ္ေစာင္ဟာအီတလီအသင္းဟာယူ႐ိုဗိုလ္လုပြဲတြင္အႏိုင္ယူၿပီး၎တို႔အားကယ္တင္ရန္ေတာင္းဆိုလာပါတယ္။

အဂၤလန္ဟာယေန႔ညတြင္ဝင္ဘာေလကြင္းမွာအီတလီႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲရင္ဆိုင္ကစားရမွာျဖစ္ၿပီး၅၅ႏွစ္ၾကာေဝးကြာေနတဲ့ပထမဆုံးဆုဖလားဆြတ္ခူးႏိုင္မယ့္အခြင့္အေရးရရွိထားပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာယေန႔ညအီတလီႏွင့္ပြဲစဥ္တြင္အႏိုင္ယူကာယူ႐ိုခ်န္ပီယံျဖစ္ကာအဂၤလန္သမိုင္းတြင္ရာသက္ပန္ဂႏၴဝင္သူရဲေကာင္းမ်ားအျဖစ္ခ်ီးက်ဴးျခင္းခံရမယ့္အခြင့္အေရးႀကီးပိုင္ဆိုင္ထားတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္စေကာ့တလန္ေတြကေတာ့သူတို႔ရဲ႕ေဒသတြင္းၿပိဳင္ဘက္အဂၤလန္ကိုယူ႐ိုခ်န္ပီယံျဖစ္လာမွာကိုအထူးစိုးရိမ္ေနပါတယ္။

စေကာ့တလန္သတင္းစာ The National ဟာသူတို႔ရဲ႕စာမ်က္ႏွာမ်က္ႏွာဖုံးတြင္ Save us Roberto,you’re our . . . final hope ဆိုၿပီးေရးသားေဖာ္ျပထားပါတယ္။ဒါ့အျပင္ “We can’t take another 55 years of then banging on about this.” လို႔ေရးထားပါေသးတယ္။

စေကာ့တလန္ဟာ၁၉၉၈ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းပထမဆုံးႏိုင္ငံတကာၿပိဳင္ပြဲအျဖစ္ယူ႐ို၂၀၂၀ၿပိဳင္ပြဲယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ေပမယ့္အုပ္စုမွထြက္ခဲ့ရပါတယ္။

၎တို႔ဟာအဂၤလန္ႏွင့္သေရက်ေပမယ့္လည္းခ်က္ႏွင့္ခ႐ိုေအးရွားကိုရႈံးနိမ့္ခဲ့ပါတယ္။