ယူရိုဗိုလ်လုပွဲတွင် VAR ဒိုင်အဖြစ် ဒိန်းမတ်နှင့်ပွဲတွင် အင်္ဂလန်ဘက်သို့ ပင်နယ်တီပေးခဲ့တဲ့ VAR ဒိုင် တာဝန်ယူမည်

ဒိန်းမတ်နှင့်ပွဲတွင်အင်္ဂလန်အသင်းအနိုင်ရရှိစေခဲ့တဲ့ပင်နယ်တီအားပေးခဲ့တဲ့ VAR ဒိုင်ဟာမနက်ဖြန်တနင်္ဂနွေနေ့မှာကစားမယ့်အင်္ဂလန်-အီတလီတို့ရဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်လည်း VAR ဒိုင်အဖြစ်တာဝန်ထမ်းဆောင်သွားပါမယ်။

အင်္ဂလန်အသင်းဟာဒိန်းမတ်နှင့်ပွဲချိန်အတွင်းတွင်သရေကျပြီးနောက်အချိန်ပိုမှာပင်နယ်တီရရှိခဲ့ပါတယ်။ယင်းပင်နယ်တီကိုဟယ်ရီကိန်းကန်ရာမှာရှမိုက်ကယ်ပုတ်ထုတ်ခဲ့ပေမယ့် ပြန်အံ့ထွက်လာတဲ့ဘောလုံးပိတ်သွင်းပြီးအနိုင်ဂိုးရခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးဒန်နီမက်ခီလီကစတာလင်းကိုဒိန်းမတ်ကစားသမားကဧရိယာအတွင်းလှဲကျစေတယ်ဆိုပြီးပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။ယင်းပင်နယ်တီပေးလိုက်မှုအပေါ် အားလုံးကဘက်လိုက်ဆုံးဖြတ်ခဲ့တယ်လို့ဝေဖန်ခဲ့ကြပါတယ်။

အထူးသဖြင့် VAR ဒိုင်ပိုလ်ဗန်ဘိုကဲလ်ဟာအထက်ပါအရေးပါတဲ့ဆုံးဖြတ်ချက်အား ပြန်လည်စစ်ဆေးမှုပြုလုပ်ပြီးဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုအပြောင်းအလဲဖြစ်အောင် မလုပ်ခဲ့ပါဘူး။

ဒတ်ချ်လူမျိုးဒိုင်ဟာတနင်္ဂနွေနေ့မှာဂျာမန်ဒိုင်ဘာစတီယန်ဒန်ကတ်ရဲ့လက်ထောက်အဖြစ်နည်းပညာပိုင်းအထောက်အပံ့ပေးသွားပါမယ်။

တနင်္ဂနွေနေ့ညတွင်ဝင်ဘာလေကွင်းမှာကစားမယ့်အင်္ဂလန်နှင့်အီတလီတို့ရဲ့ယူရို၂၀၂၀ဗိုလ်လုပွဲကိုကွင်းလယ်ဒိုင်လူကြီးအဖြစ်ဒတ်ချ်လူမျိုးကိုးပါးစ်ကတာဝန်ထမ်းဆောင်သွားပါမယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲတြင္ VAR ဒိုင္အျဖစ္ ဒိန္းမတ္ႏွင့္ပြဲတြင္ အဂၤလန္ဘက္သို႔ ပင္နယ္တီေပးခဲ့တဲ့ VAR ဒိုင္ တာဝန္ယူမည္

ဒိန္းမတ္ႏွင့္ပြဲတြင္အဂၤလန္အသင္းအႏိုင္ရရွိေစခဲ့တဲ့ပင္နယ္တီအားေပးခဲ့တဲ့ VAR ဒိုင္ဟာမနက္ျဖန္တနဂၤေႏြေန႔မွာကစားမယ့္အဂၤလန္-အီတလီတို႔ရဲ႕ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္လည္း VAR ဒိုင္အျဖစ္တာဝန္ထမ္းေဆာင္သြားပါမယ္။

အဂၤလန္အသင္းဟာဒိန္းမတ္ႏွင့္ပြဲခ်ိန္အတြင္းတြင္သေရက်ၿပီးေနာက္အခ်ိန္ပိုမွာပင္နယ္တီရရွိခဲ့ပါတယ္။ယင္းပင္နယ္တီကိုဟယ္ရီကိန္းကန္ရာမွာရွမိုက္ကယ္ပုတ္ထုတ္ခဲ့ေပမယ့္ ျပန္အံ့ထြက္လာတဲ့ေဘာလုံးပိတ္သြင္းၿပီးအႏိုင္ဂိုးရခဲ့ပါတယ္။

ကြင္းလယ္ဒိုင္လူႀကီးဒန္နီမက္ခီလီကစတာလင္းကိုဒိန္းမတ္ကစားသမားကဧရိယာအတြင္းလွဲက်ေစတယ္ဆိုၿပီးပင္နယ္တီေပးခဲ့တာျဖစ္ပါတယ္။ယင္းပင္နယ္တီေပးလိုက္မႈအေပၚ အားလုံးကဘက္လိုက္ဆုံးျဖတ္ခဲ့တယ္လို႔ေဝဖန္ခဲ့ၾကပါတယ္။

အထူးသျဖင့္ VAR ဒိုင္ပိုလ္ဗန္ဘိုကဲလ္ဟာအထက္ပါအေရးပါတဲ့ဆုံးျဖတ္ခ်က္အား ျပန္လည္စစ္ေဆးမႈျပဳလုပ္ၿပီးဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုအေျပာင္းအလဲျဖစ္ေအာင္ မလုပ္ခဲ့ပါဘူး။

ဒတ္ခ်္လူမ်ိဳးဒိုင္ဟာတနဂၤေႏြေန႔မွာဂ်ာမန္ဒိုင္ဘာစတီယန္ဒန္ကတ္ရဲ႕လက္ေထာက္အျဖစ္နည္းပညာပိုင္းအေထာက္အပံ့ေပးသြားပါမယ္။

တနဂၤေႏြေန႔ညတြင္ဝင္ဘာေလကြင္းမွာကစားမယ့္အဂၤလန္ႏွင့္အီတလီတို႔ရဲ႕ယူ႐ို၂၀၂၀ဗိုလ္လုပြဲကိုကြင္းလယ္ဒိုင္လူႀကီးအျဖစ္ဒတ္ခ်္လူမ်ိဳးကိုးပါးစ္ကတာဝန္ထမ္းေဆာင္သြားပါမယ္။