ယူရိုဗိုလ်လုပွဲပြီးဆုံးပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စကားပြောလာတဲ့ ဆန်ချို

ဂျာဒွန်ဆန်ချိုဟာတနင်္ဂနွေနေ့တုန်းကယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီကိုရှုံးနိမ့်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်လူသိရှင်ကြားပြောကြားမှုပြုလုပ်လာပါတယ်။

ဆန်ချိုဟာယူရို၂၀၂၀ဗိုလ်လုပွဲရဲ့ပင်နယ်တီအဆုံးအဖြတ်တွင်ပင်နယ်တီလွဲပြီးနောက် သူနဲ့အတူလွဲချော်ခဲ့တဲ့ရပ်ရှ်ဖို့ဒ်၊ဆာကာတို့နဲ့အတူလူမျိုးရေးခွဲခြားဆက်ဆံမှုအပြင်းအထန်ခံနေရသူလည်းဖြစ်ပါတယ်။

ယခုအခါဆန်ချိုက “ပွဲအပြီးမှာကျွန်တော့်ညီအစ်ကိုတွေဖြစ်တဲ့မားကပ်စ်၊ဘူကာယိုတို့နဲ့အတူလူမျိုးရေးခွဲခြားဆက်ဆံမှုခံရတာကိုမမြင်ဘူးလို့ဟန်ဆောင်နေမှာမဟုတ်ပါဘူး။ဒါပေမယ့်ဒါကခုမှစကြုံဖူးတာမဟုတ်ပါဘူး။ကျွန်တော်တို့ပိုကောင်းတဲ့လူအဖွဲ့အစည်း လိုအပ်နေပါတယ်။အမုန်းတရားကဘယ်တော့မှအနိုင်ရမှာမဟုတ်ပါဘူး။လူမျိုးရေးခွဲခြားခံရတဲ့လူငယ်တွေအားလုံးခေါင်းမော့ရင်ကော့ထားပါ။ကိုယ့်အိပ်မက်ကိုအမိအရဖမ်းဆုပ်ကြပါ။ဒီအင်္ဂလန်အသင်းမှာပါဝင်ခွင့်ရလို့ဂုဏ်ယူတယ်။ကွဲပြားတဲ့၁၈လတာကာလအတွင်းမှာတစ်နိုင်ငံလုံးဘယ်လောက်စည်းလုံးတယ်ဆိုတာပြသခဲ့ကြတယ်။ကျွန်တော်တို့လည်းဒီပြိုင်ပွဲမှာအနိုင်ရချင်ခဲ့တယ်။ဒီအတွေ့အကြုံကိုအသုံးချပြီးသင်ယူကာတည်ဆောက်သွားပါမယ်။ကျွန်တော်တို့ကိုအားပေးခဲ့တဲ့၊ချစ်ခင်ခဲ့တဲ့၊အပြုသဘောစာတွေပို့ခဲ့ပြီးအမုန်းတရားကိုအနိုင်ယူပေးခဲ့ကြတဲ့သူတွေအားလုံးကိုကျေးဇူးတကယ်တင်ပါတယ်။အင်္ဂလန်အတွက်ကစားခွင့်ရလို့၊အင်္ဂလန်အင်္ကျီဝတ်ဆင်ခွင့်ရလို့အမြဲဂုဏ်ယူပါတယ်။ကျွန်တော်တို့ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာပါမယ်”လို့ဆိုသွားပါတယ်။

ဆန်ချိုဟာမကြာသေးမီတုန်းကမန်ယူသို့ပြောင်းရွှေ့ရေးအပြီးသတ်နိုင်ရန်အတွက် ဆေးစစ်မှုခံယူခဲ့သူဖြစ်ပါတယ်။သူဟာ၂၄နာရီအတွင်းမှာမန်ယူသို့ပြောင်းရွှေ့ရေးအပြီးသတ်လုပ်ဆောင်သွားဖို့ရှိပါတယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲၿပီးဆုံးၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ စကားေျပာလာတဲ့ ဆန္ခ်ိဳ

ဂ်ာဒြန္ဆန္ခ်ိဳဟာတနဂၤေႏြေန႔တုန္းကယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အီတလီကိုရႈံးနိမ့္ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္လူသိရွင္ၾကားေျပာၾကားမႈျပဳလုပ္လာပါတယ္။

ဆန္ခ်ိဳဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲရဲ႕ပင္နယ္တီအဆုံးအျဖတ္တြင္ပင္နယ္တီလြဲၿပီးေနာက္ သူနဲ႔အတူလြဲေခ်ာ္ခဲ့တဲ့ရပ္ရွ္ဖို႔ဒ္၊ဆာကာတို႔နဲ႔အတူလူမ်ိဳးေရးခြဲျခားဆက္ဆံမႈအျပင္းအထန္ခံေနရသူလည္းျဖစ္ပါတယ္။

ယခုအခါဆန္ခ်ိဳက “ပြဲအၿပီးမွာကြၽန္ေတာ့္ညီအစ္ကိုေတြျဖစ္တဲ့မားကပ္စ္၊ဘူကာယိုတို႔နဲ႔အတူလူမ်ိဳးေရးခြဲျခားဆက္ဆံမႈခံရတာကိုမျမင္ဘူးလို႔ဟန္ေဆာင္ေနမွာမဟုတ္ပါဘူး။ဒါေပမယ့္ဒါကခုမွစႀကဳံဖူးတာမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ပိုေကာင္းတဲ့လူအဖြဲ႕အစည္း လိုအပ္ေနပါတယ္။အမုန္းတရားကဘယ္ေတာ့မွအႏိုင္ရမွာမဟုတ္ပါဘူး။လူမ်ိဳးေရးခြဲျခားခံရတဲ့လူငယ္ေတြအားလုံးေခါင္းေမာ့ရင္ေကာ့ထားပါ။ကိုယ့္အိပ္မက္ကိုအမိအရဖမ္းဆုပ္ၾကပါ။ဒီအဂၤလန္အသင္းမွာပါဝင္ခြင့္ရလို႔ဂုဏ္ယူတယ္။ကြဲျပားတဲ့၁၈လတာကာလအတြင္းမွာတစ္ႏိုင္ငံလုံးဘယ္ေလာက္စည္းလုံးတယ္ဆိုတာျပသခဲ့ၾကတယ္။ကြၽန္ေတာ္တို႔လည္းဒီၿပိဳင္ပြဲမွာအႏိုင္ရခ်င္ခဲ့တယ္။ဒီအေတြ႕အႀကဳံကိုအသုံးခ်ၿပီးသင္ယူကာတည္ေဆာက္သြားပါမယ္။ကြၽန္ေတာ္တို႔ကိုအားေပးခဲ့တဲ့၊ခ်စ္ခင္ခဲ့တဲ့၊အျပဳသေဘာစာေတြပို႔ခဲ့ၿပီးအမုန္းတရားကိုအႏိုင္ယူေပးခဲ့ၾကတဲ့သူေတြအားလုံးကိုေက်းဇူးတကယ္တင္ပါတယ္။အဂၤလန္အတြက္ကစားခြင့္ရလို႔၊အဂၤလန္အက်ႌဝတ္ဆင္ခြင့္ရလို႔အၿမဲဂုဏ္ယူပါတယ္။ကြၽန္ေတာ္တို႔ပိုေကာင္းတဲ့ပုံစံနဲ႔ျပန္လာပါမယ္”လို႔ဆိုသြားပါတယ္။

ဆန္ခ်ိဳဟာမၾကာေသးမီတုန္းကမန္ယူသို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္ႏိုင္ရန္အတြက္ ေဆးစစ္မႈခံယူခဲ့သူျဖစ္ပါတယ္။သူဟာ၂၄နာရီအတြင္းမွာမန္ယူသို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္လုပ္ေဆာင္သြားဖို႔ရွိပါတယ္။