ယူရိုဗိုလ်လုပွဲမတိုင်မီ အင်္ဂလန်ရဲ့အကောင်းဆုံးဂိုးသမားများ စာရင်းမှာ ပစ်ဖို့ဒ် ထည့်သွင်းခံရ

အင်္ဂလန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ဟာယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲကစားရန်နာရီအနည်းငယ်မျှသာလိုတော့တဲ့အချိန်တွင်အင်္ဂလန်သမိုင်းတွင်အကောင်းဆုံးဂိုးသမားများစာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရပါတယ်။

ပစ်ဖို့ဒ်ဟာအင်္ဂလန်အသင်းကိုယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင် အဓိကနေရာမှစွမ်းဆောင်ပေးထားတဲ့ဂိုးသမားတစ်ဦးလည်းဖြစ်ပါတယ်။သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာ၁ဂိုးတည်းသာပေးထားရပြီးယူရို၂၀၂၀ပြိုင်ပွဲရဲ့ရွှေလက်အိတ်ဆုအတွက်သေချာနေသူလည်းဖြစ်ပါတယ်။

သူဟာအင်္ဂလန်သမိုင်းတွင်အကောင်းဆုံးဂိုးသမား၁၀ဦးစာရင်းမှာအဆင့်၆နေရာမှာထည့်သွင်းခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

အင်္ဂလန်သမိုင်းတွင်အကောင်းဆုံးဂိုးသမားအဖြစ်အင်္ဂလန်ကို၁၉၆၆ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့တဲ့ဂေါ်ဒွန်ဘန့်ခ်ကရပ်တည်နိုင်ခဲ့ပါတယ်။သူဟာအင်္ဂလန်အတွက်၇၃ပွဲကစားခဲ့ရာမှာ၅၇ဂိုးပေးခဲ့ရပြီး၃၅ပွဲဂိုးမပေးခဲ့ရပါဘူး။

ဒုတိယအကောင်းဆုံးဂိုးသမားအဖြစ်အင်္ဂလန်သမိုင်းတွင်ပွဲအများဆုံးကစားသူအဖြစ်ရပ်တည်နေတဲ့ပီတာရှဲလ်တန်ကရပ်တည်နေပါတယ်။သူဟာအင်္ဂလန်အတွက်၁၂၅ပွဲကစားကာဂိုး၈၀ပေးခဲ့ရပြီး၆၆ပွဲဂိုးမပေးခဲ့ရပါဘူး။

အင်္ဂလန်သမိုင်းတွင်တတိယအကောင်းဆုံးဂိုးသမားအဖြစ်ဒေးဗစ်ဆီးမင်းကရပ်တည်နိုင်ခဲ့ပါတယ်။ယူရို၉၆တုန်းကစကော့တလန်၊စပိန်တို့နှင့်ပွဲမှာပင်နယ်တီကာကွယ်နိုင်ခဲ့တဲ့ဒေးဗစ်ဆီးမင်းဟာ၇၅ပွဲကစားခဲ့ရာမှာ၄၄ဂိုးပေးခဲ့ရပြီးပွဲ၄၀ဂိုးမပေးခဲ့ရပါဘူး။

အဆင့်၄နေရာမှာရပ်တည်နေတာကတော့အင်္ဂလန်အသင်းတွင်ဆယ်စုနှစ်တစ်ခုကျော်ကြာဂိုးနည်းပြအဖြစ်ထမ်းဆောင်ခဲ့တဲ့ရေးကလီးမန့်ဖြစ်ပါတယ်။သူဟာအင်္ဂလန်အတွက်၆၁ပွဲကစားခဲ့ရာမှာ၅၄ဂိုးအထိပေးခဲ့ရပြီးဂိုးမပေးခဲ့ရတဲ့ပွဲ၂၇ပွဲဘဲရှိခဲ့ပါတယ်။သူကစားတုန်းကအင်္ဂလန်ဟာ၁၉၇၄နှင့်၁၉၇၈ကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့သလိုယူရို၁၉၈၀တုန်းကလည်းအုပ်စုအဆင့်မှထွက်ခဲ့ရပါတယ်။ဒါပေမယ့်သူဟာအင်္ဂလန်နှင့်လီဗာပူးတို့အတွက်အကောင်းဆုံးကစားခဲ့သူဖြစ်ပါတယ်။

အဆင့်၅နေရာမှာခရစ္စဝုဒ်ကရပ်တည်နေပါတယ်။သူအင်္ဂလန်ကစားသမားဘဝတုန်းကဒေးဗစ်ဆီးမင်း၊ပီတာရှဲလ်တန်တို့နဲ့ကြုံခဲ့ရမှုနဲ့အတူအင်္ဂလန်အတွက်၄၃ပွဲတည်းသာကစားခဲ့ရပါတယ်။ဒါပေမယ့်သူဟာ၂၇ဂိုးအထိဂိုးမပေးရတဲ့ပွဲပိုင်ဆိုင်ခဲ့ကာ၂၅ဂိုးတည်းသာပေးခဲ့ရပါတယ်။

အဆင့်၆နေရာမှာလက်ရှိအင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ကရပ်တည်နေပါတယ်။အင်္ဂလန်ကိုယူရိုဗိုလ်လုပွဲသို့ပို့ဆောင်ထားတဲ့ပစ်ဖို့ဒ်ဟာအင်္ဂလန်အတွက်၃၆ပွဲကစားထားရာမှာ၂၈ဂိုးပေးထားရပြီး၁၈ပွဲဂိုးမပေးထားရပါဘူး။

အဆင့်၇နေရာမှာဂျိုးဟတ်ရပ်တည်နေပြီးသူဟာအင်္ဂလန်ကစားသမားဘဝတုန်းကအမှားများပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်သူဟာအင်္ဂလန်အတွက်၇၅ပွဲအထိကစားခဲ့ရပြီး၄၃ပွဲဂိုးမပေးခဲ့ရပါဘူး။ပေးဂိုးကလည်း၄၈ဂိုးတည်းသာရှိခဲ့ပါတယ်။

အဆင့်၈နေရာမှာနီဂယ်မာတီရပ်တည်နေပါတယ်။သူဟာဂိုးသမားကောင်းတစ်ဦးဖြစ်ပေမယ့်လည်းဒေးဗစ်ဆီးမင်းရှိနေမှုနဲ့အတူအင်္ဂလန်အတွက်၂၃ပွဲတည်းသာကစားခဲ့ရပါတယ်။သူဟာ၁၂ပွဲအထိဂိုးမပေးခဲ့ရကာပေးဂိုးကလည်း၁၈ဂိုးဘဲရှိပါတယ်။

အဆင့်၉နေရာမှာဒေးဗစ်ဂျိမ်းစ်နှင့်အဆင့်၁၀နေရာမှာပေါလ်ရော်ဘင်ဆင်တို့ရပ်တည်နေပါတယ်။အဆုံးအဖြတ်အမှားများပြုလုပ်ခဲ့ပေမယ့်ဒေးဗစ်ဂျိမ်းစ်ဟာအင်္ဂလန်အတွက်၅၃ပွဲအထိကစားခွင့်ရခဲ့ပြီး၄၅ဂိုးအထိပေးခဲ့ရကာ၂၁ပွဲဂိုးမပေးရမှတ်တမ်းပိုင်ဆိုင်ထားပါတယ်။အဆင့်၁၀မှာရပ်တည်နေတဲ့ရော်ဘင်ဆင်ဟာလည်းအင်္ဂလန်အတွက်၄၁ပွဲကစားခွင့်ရခဲ့ကာ၂၄ပွဲဂိုးမပေးရမှတ်တမ်းရခဲ့ပါတယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲမတိုင္မီ အဂၤလန္ရဲ႕အေကာင္းဆုံးဂိုးသမားမ်ား စာရင္းမွာ ပစ္ဖို႔ဒ္ ထည့္သြင္းခံရ

အဂၤလန္ဂိုးသမားေဂ်ာ္ဒန္ပစ္ဖို႔ဒ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲကစားရန္နာရီအနည္းငယ္မွ်သာလိုေတာ့တဲ့အခ်ိန္တြင္အဂၤလန္သမိုင္းတြင္အေကာင္းဆုံးဂိုးသမားမ်ားစာရင္းတြင္ ထည့္သြင္းျခင္းခံခဲ့ရပါတယ္။

ပစ္ဖို႔ဒ္ဟာအဂၤလန္အသင္းကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္ အဓိကေနရာမွစြမ္းေဆာင္ေပးထားတဲ့ဂိုးသမားတစ္ဦးလည္းျဖစ္ပါတယ္။သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ၁ဂိုးတည္းသာေပးထားရၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ေ႐ႊလက္အိတ္ဆုအတြက္ေသခ်ာေနသူလည္းျဖစ္ပါတယ္။

သူဟာအဂၤလန္သမိုင္းတြင္အေကာင္းဆုံးဂိုးသမား၁၀ဦးစာရင္းမွာအဆင့္၆ေနရာမွာထည့္သြင္းျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

အဂၤလန္သမိုင္းတြင္အေကာင္းဆုံးဂိုးသမားအျဖစ္အဂၤလန္ကို၁၉၆၆ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့တဲ့ေဂၚဒြန္ဘန႔္ခ္ကရပ္တည္ႏိုင္ခဲ့ပါတယ္။သူဟာအဂၤလန္အတြက္၇၃ပြဲကစားခဲ့ရာမွာ၅၇ဂိုးေပးခဲ့ရၿပီး၃၅ပြဲဂိုးမေပးခဲ့ရပါဘူး။

ဒုတိယအေကာင္းဆုံးဂိုးသမားအျဖစ္အဂၤလန္သမိုင္းတြင္ပြဲအမ်ားဆုံးကစားသူအျဖစ္ရပ္တည္ေနတဲ့ပီတာရွဲလ္တန္ကရပ္တည္ေနပါတယ္။သူဟာအဂၤလန္အတြက္၁၂၅ပြဲကစားကာဂိုး၈၀ေပးခဲ့ရၿပီး၆၆ပြဲဂိုးမေပးခဲ့ရပါဘူး။

အဂၤလန္သမိုင္းတြင္တတိယအေကာင္းဆုံးဂိုးသမားအျဖစ္ေဒးဗစ္ဆီးမင္းကရပ္တည္ႏိုင္ခဲ့ပါတယ္။ယူ႐ို၉၆တုန္းကစေကာ့တလန္၊စပိန္တို႔ႏွင့္ပြဲမွာပင္နယ္တီကာကြယ္ႏိုင္ခဲ့တဲ့ေဒးဗစ္ဆီးမင္းဟာ၇၅ပြဲကစားခဲ့ရာမွာ၄၄ဂိုးေပးခဲ့ရၿပီးပြဲ၄၀ဂိုးမေပးခဲ့ရပါဘူး။

အဆင့္၄ေနရာမွာရပ္တည္ေနတာကေတာ့အဂၤလန္အသင္းတြင္ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာဂိုးနည္းျပအျဖစ္ထမ္းေဆာင္ခဲ့တဲ့ေရးကလီးမန႔္ျဖစ္ပါတယ္။သူဟာအဂၤလန္အတြက္၆၁ပြဲကစားခဲ့ရာမွာ၅၄ဂိုးအထိေပးခဲ့ရၿပီးဂိုးမေပးခဲ့ရတဲ့ပြဲ၂၇ပြဲဘဲရွိခဲ့ပါတယ္။သူကစားတုန္းကအဂၤလန္ဟာ၁၉၇၄ႏွင့္၁၉၇၈ကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့သလိုယူ႐ို၁၉၈၀တုန္းကလည္းအုပ္စုအဆင့္မွထြက္ခဲ့ရပါတယ္။ဒါေပမယ့္သူဟာအဂၤလန္ႏွင့္လီဗာပူးတို႔အတြက္အေကာင္းဆုံးကစားခဲ့သူျဖစ္ပါတယ္။

အဆင့္၅ေနရာမွာခရစၥဝုဒ္ကရပ္တည္ေနပါတယ္။သူအဂၤလန္ကစားသမားဘဝတုန္းကေဒးဗစ္ဆီးမင္း၊ပီတာရွဲလ္တန္တို႔နဲ႔ႀကဳံခဲ့ရမႈနဲ႔အတူအဂၤလန္အတြက္၄၃ပြဲတည္းသာကစားခဲ့ရပါတယ္။ဒါေပမယ့္သူဟာ၂၇ဂိုးအထိဂိုးမေပးရတဲ့ပြဲပိုင္ဆိုင္ခဲ့ကာ၂၅ဂိုးတည္းသာေပးခဲ့ရပါတယ္။

အဆင့္၆ေနရာမွာလက္ရွိအဂၤလန္ဂိုးသမားပစ္ဖို႔ဒ္ကရပ္တည္ေနပါတယ္။အဂၤလန္ကိုယူ႐ိုဗိုလ္လုပြဲသို႔ပို႔ေဆာင္ထားတဲ့ပစ္ဖို႔ဒ္ဟာအဂၤလန္အတြက္၃၆ပြဲကစားထားရာမွာ၂၈ဂိုးေပးထားရၿပီး၁၈ပြဲဂိုးမေပးထားရပါဘူး။

အဆင့္၇ေနရာမွာဂ်ိဳးဟတ္ရပ္တည္ေနၿပီးသူဟာအဂၤလန္ကစားသမားဘဝတုန္းကအမွားမ်ားျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္သူဟာအဂၤလန္အတြက္၇၅ပြဲအထိကစားခဲ့ရၿပီး၄၃ပြဲဂိုးမေပးခဲ့ရပါဘူး။ေပးဂိုးကလည္း၄၈ဂိုးတည္းသာရွိခဲ့ပါတယ္။

အဆင့္၈ေနရာမွာနီဂယ္မာတီရပ္တည္ေနပါတယ္။သူဟာဂိုးသမားေကာင္းတစ္ဦးျဖစ္ေပမယ့္လည္းေဒးဗစ္ဆီးမင္းရွိေနမႈနဲ႔အတူအဂၤလန္အတြက္၂၃ပြဲတည္းသာကစားခဲ့ရပါတယ္။သူဟာ၁၂ပြဲအထိဂိုးမေပးခဲ့ရကာေပးဂိုးကလည္း၁၈ဂိုးဘဲရွိပါတယ္။

အဆင့္၉ေနရာမွာေဒးဗစ္ဂ်ိမ္းစ္ႏွင့္အဆင့္၁၀ေနရာမွာေပါလ္ေရာ္ဘင္ဆင္တို႔ရပ္တည္ေနပါတယ္။အဆုံးအျဖတ္အမွားမ်ားျပဳလုပ္ခဲ့ေပမယ့္ေဒးဗစ္ဂ်ိမ္းစ္ဟာအဂၤလန္အတြက္၅၃ပြဲအထိကစားခြင့္ရခဲ့ၿပီး၄၅ဂိုးအထိေပးခဲ့ရကာ၂၁ပြဲဂိုးမေပးရမွတ္တမ္းပိုင္ဆိုင္ထားပါတယ္။အဆင့္၁၀မွာရပ္တည္ေနတဲ့ေရာ္ဘင္ဆင္ဟာလည္းအဂၤလန္အတြက္၄၁ပြဲကစားခြင့္ရခဲ့ကာ၂၄ပြဲဂိုးမေပးရမွတ္တမ္းရခဲ့ပါတယ္။