ယူရိုဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်သစ်ကူးဂုဏ်ပြုပွဲတွင် သူရဲကောင်းဘွဲ့ချီးမြှင့်ခံရဖို့ ရှိနေတဲ့ ဆောက်ဂိတ်

ဂါရတ်ဆောက်ဂိတ်ဟာနှစ်သစ်ကူးဂုဏ်ပြုပွဲတွင် ဆာဘွဲ့ချီးမြှင့်ခြင်းခံရဖို့ရှိနေကြောင်းသိရပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ဟာအင်္ဂလန်အသင်းကိုဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်ဦးဆောင်ကာတစ်နိုင်ငံလုံးကိုပျော်ရွှင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ဂါရတ်ဆောက်ဂိတ်အားသူရဲကောင်းဘွဲ့ချီးမြှင့်လိုနေတာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို၂၀၁၈ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့ပို့ဆောင်ပေးနိုင်ခဲ့မှုကြောင့် OBE ဘွဲ့ချီးမြှင့်ခဲ့ရဖူးသူလည်းဖြစ်ပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲမှာအီတလီကိုပင်နယ်တီအဆုံးအဖြတ်မှာရှုံးနိမ့်ခဲ့ပေမယ့်လည်းသူရဲကောင်းဘွဲ့ချီးမြှင့်ခံရဖို့ရှိနေပြီဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟာအင်္ဂလန်အသင်းကို၅၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်နိုင်ငံတကာပြိုင်ပွဲဗိုလ်လုပွဲသို့ပို့ဆောင်ပေးမှုအတွက်ဆောက်ဂိတ်ကိုဆာဘွဲ့ချီးမြှင့်ရန်ထောက်ခံအားပေးနေပါတယ်။

ဒါ့အပြင်ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ခ်ဂျွန်ဆင်ကအင်္ဂလန်အသင်းမှာသမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ကြောင်း၊တစ်နိုင်ငံလုံးကိုပျော်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့်နောက်တွင်လည်းဆက်လက်လုပ်ဆောင်လာဦးမည်ဖြစ်ကြောင်းပြောကြားကာအင်္ဂလန်အသင်းနှင့်ဆောက်ဂိတ်ကိုထောက်ခံထားပါတယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ေပမယ့္ ႏွစ္သစ္ကူးဂုဏ္ျပဳပြဲတြင္ သူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္ခံရဖို႔ ရွိေနတဲ့ ေဆာက္ဂိတ္

ဂါရတ္ေဆာက္ဂိတ္ဟာႏွစ္သစ္ကူးဂုဏ္ျပဳပြဲတြင္ ဆာဘြဲ႕ခ်ီးျမႇင့္ျခင္းခံရဖို႔ရွိေနေၾကာင္းသိရပါတယ္။ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ဟာအဂၤလန္အသင္းကိုဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္ဦးေဆာင္ကာတစ္ႏိုင္ငံလုံးကိုေပ်ာ္႐ႊင္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့တဲ့ဂါရတ္ေဆာက္ဂိတ္အားသူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္လိုေနတာျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို၂၀၁၈ကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္သို႔ပို႔ေဆာင္ေပးႏိုင္ခဲ့မႈေၾကာင့္ OBE ဘြဲ႕ခ်ီးျမႇင့္ခဲ့ရဖူးသူလည္းျဖစ္ပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲမွာအီတလီကိုပင္နယ္တီအဆုံးအျဖတ္မွာရႈံးနိမ့္ခဲ့ေပမယ့္လည္းသူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္ခံရဖို႔ရွိေနၿပီျဖစ္ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဟာအဂၤလန္အသင္းကို၅၅ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ႏိုင္ငံတကာၿပိဳင္ပြဲဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးမႈအတြက္ေဆာက္ဂိတ္ကိုဆာဘြဲ႕ခ်ီးျမႇင့္ရန္ေထာက္ခံအားေပးေနပါတယ္။

ဒါ့အျပင္ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ခ္ဂြၽန္ဆင္ကအဂၤလန္အသင္းမွာသမိုင္းမွတ္တိုင္စိုက္ထူႏိုင္ခဲ့ေၾကာင္း၊တစ္ႏိုင္ငံလုံးကိုေပ်ာ္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္းႏွင့္ေနာက္တြင္လည္းဆက္လက္လုပ္ေဆာင္လာဦးမည္ျဖစ္ေၾကာင္းေျပာၾကားကာအဂၤလန္အသင္းႏွင့္ေဆာက္ဂိတ္ကိုေထာက္ခံထားပါတယ္။