ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်ဘက်သို့ ပင်နယ်တီအနိုင်ဂိုးသွင်းပြီးနောက် နောက်ထပ် ဂိုးတစ်ဂိုးသွင်းလာတဲ့ အီတလီစတား

အီတလီသူရဲကောင်းဖီဒီရီကိုဘာနာဒက်စ်ချီဟာတနင်္ဂနွေနေ့တုန်းကအင်္ဂလန်အားအနိုင်ရရှိတဲ့ယူရို၂၀၂၀ဗိုလ်လုပွဲပင်နယ်တီအဆုံးအဖြတ်မှာပင်နယ်တီဂိုးသွင်းယူပြီးနောက်၂ရက်အကြာမှာသူ့ချစ်သူနှင့်လက်ထပ်ပွဲကျင်းပလာပါတယ်။

အသက်၂၇နှစ်ရှိဂျူဗင်တပ်စတားဟာဗိုလ်လုပွဲတုန်းကအီတလီရဲ့နောက်ဆုံးပင်နယ်တီကိုကန်သွင်းခဲ့သူဖြစ်ပြီးရုပ်သံစတားဗီရိုနီကာစီယာဒီနှင့်လက်ထပ်လာတာဖြစ်ပါတယ်။

ဂျူဗင်တပ်စတားဟာအီတလီအနောက်မြောက်ကမ်းခြေရှိ တပ်စ်ကာနီဒေသမှကာရာရာမှာလက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

သူဟာယူရို၂၀၂၀ချန်ပီယံဖြစ်ပြီးနောက်၄၈နာရီအကြာမှာဘဲလက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

သူဟာယူရို၂၀၂၀ဗိုလ်လုပွဲမှာပွဲချိန်၈၆မိနစ်မှာလူစားဝင်ရောက်ကစားခဲ့ပြီးအီတလီကိုပင်နယ်တီအဆုံးအဖြတ်မှာ၃-၂ဖြင့်အနိုင်ရရှိအောင်အနိုင်ပင်နယ်တီဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။

ဘာနာဒက်စ်ချီရဲ့မင်္ဂလာပွဲသို့ သူနဲ့အတူယူရို၂၀၂၀ဖလားဆွတ်ခူးခဲ့တဲ့အီတလီကစားဖော်တစ်ဦးမျှတက်ရောက်ခဲ့ကြတာမတွေ့ရပါဘူး။

အီတလီစတားရဲ့ဇနီးစီယာဒီဟာ၂၀၀၉ခုနှစ်မှ၂၀၁၀ခုနှစ်အတွင်းမှာ Big Brother အစီအစဉ်ဖြင့်အကြီးအကျယ်အောင်မြင်မှုရခဲ့သူဖြစ်ပါတယ်။၎င်းတို့ဟာ၂၀၁၉ခုနှစ်၊ဩဂုတ်လတုန်းကသမီးဦးလေးဒီဗာကိုမွေးဖွားခဲ့ပါတယ်။

သူဟာဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပါတယ်။သူဟာဆာရီနှင့်ပီယာလိုတို့လက်ထက်မှာရုန်းကန်ခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာဂျူဗင်တပ်နည်းပြသစ်အယ်လ်လီဂရီနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲမွာ အဂၤလန္ဘက္သို႔ ပင္နယ္တီအႏိုင္ဂိုးသြင္းၿပီးေနာက္ ေနာက္ထပ္ ဂိုးတစ္ဂိုးသြင္းလာတဲ့ အီတလီစတား

အီတလီသူရဲေကာင္းဖီဒီရီကိုဘာနာဒက္စ္ခ်ီဟာတနဂၤေႏြေန႔တုန္းကအဂၤလန္အားအႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲပင္နယ္တီအဆုံးအျဖတ္မွာပင္နယ္တီဂိုးသြင္းယူၿပီးေနာက္၂ရက္အၾကာမွာသူ႔ခ်စ္သူႏွင့္လက္ထပ္ပြဲက်င္းပလာပါတယ္။

အသက္၂၇ႏွစ္ရွိဂ်ဴဗင္တပ္စတားဟာဗိုလ္လုပြဲတုန္းကအီတလီရဲ႕ေနာက္ဆုံးပင္နယ္တီကိုကန္သြင္းခဲ့သူျဖစ္ၿပီး႐ုပ္သံစတားဗီ႐ိုနီကာစီယာဒီႏွင့္လက္ထပ္လာတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စတားဟာအီတလီအေနာက္ေျမာက္ကမ္းေျခရွိ တပ္စ္ကာနီေဒသမွကာရာရာမွာလက္ထပ္ပြဲက်င္းပခဲ့တာျဖစ္ပါတယ္။

သူဟာယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ၿပီးေနာက္၄၈နာရီအၾကာမွာဘဲလက္ထပ္ပြဲက်င္းပခဲ့တာျဖစ္ပါတယ္။

သူဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာပြဲခ်ိန္၈၆မိနစ္မွာလူစားဝင္ေရာက္ကစားခဲ့ၿပီးအီတလီကိုပင္နယ္တီအဆုံးအျဖတ္မွာ၃-၂ျဖင့္အႏိုင္ရရွိေအာင္အႏိုင္ပင္နယ္တီဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။

ဘာနာဒက္စ္ခ်ီရဲ႕မဂၤလာပြဲသို႔ သူနဲ႔အတူယူ႐ို၂၀၂၀ဖလားဆြတ္ခူးခဲ့တဲ့အီတလီကစားေဖာ္တစ္ဦးမွ်တက္ေရာက္ခဲ့ၾကတာမေတြ႕ရပါဘူး။

အီတလီစတားရဲ႕ဇနီးစီယာဒီဟာ၂၀၀၉ခုႏွစ္မွ၂၀၁၀ခုႏွစ္အတြင္းမွာ Big Brother အစီအစဥ္ျဖင့္အႀကီးအက်ယ္ေအာင္ျမင္မႈရခဲ့သူျဖစ္ပါတယ္။၎တို႔ဟာ၂၀၁၉ခုႏွစ္၊ဩဂုတ္လတုန္းကသမီးဦးေလးဒီဗာကိုေမြးဖြားခဲ့ပါတယ္။

သူဟာဂ်ဴဗင္တပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ပါတယ္။သူဟာဆာရီႏွင့္ပီယာလိုတို႔လက္ထက္မွာ႐ုန္းကန္ခဲ့ရသူလည္းျဖစ္ပါတယ္။ဒါေပမယ့္သူဟာဂ်ဴဗင္တပ္နည္းျပသစ္အယ္လ္လီဂရီႏွင့္ေကာင္းမြန္တဲ့ဆက္ဆံေရးရွိသူျဖစ္ပါတယ္။