ယူရိုဗိုလ်လုပွဲရှုံးပွဲအပြီးတွင် မိုင်ကိုနို့စ်မှာ အပန်းဖြေနေကြတဲ့ အင်္ဂလန်သူရဲကောင်းများ

အင်္ဂလန်သူရဲကောင်းများဖြစ်ကြတဲ့မေဆင်မောင့်၊ဂျက်ဂရဲလ်လစ်ရှ်၊ကယ်ဗင်ဖီးလစ်၊ဘင်ချဲလ်ဝဲလ်နှင့်ဘင်ဝှိုက်တို့ဟာယူရို၂၀၂၀ဗိုလ်လုပွဲရှုံးပွဲအားမိုင်ကိုနို့စ်မှာအပန်းဖြေကာစိတ်ဖြေဖျောက်လျက်ရှိကြောင်းသိရပါတယ်။

၎င်းတို့ဟာဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်ကို၅၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာပြိုင်ပွဲဗိုလ်လုပွဲသို့တက်ရောက်အောင်ကူညီပြီးနောက်ဂရိကျွန်းသို့လာရောက်အနားယူနေကြတာလည်းဖြစ်ပါတယ်။

ဘင်ချဲလ်ဝဲလ်ဟာအင်္ဂလန်ကစားဖော်ဂျက်ဂရဲလ်လစ်ရှ်နှင့်အတူမိုင်ကိုနို့စ်တွင်အပန်းဖြေနေတဲ့ဓာတ်ပုံအားအင်စတာဂရမ်မှာတင်သွားပါတယ်။

အင်္ဂလန်ကစားသမားဟောင်းဂျာမိန်းဂျီးနပ်စ်က “ကောင်လေးတွေ ပျော်ခဲ့ကြ။မင်းတို့နဲ့အရမ်းထိုက်တန်တယ်”လို့ရေးသားခဲ့ပါတယ်။

ဖီးလစ်နှင့်ဝှိုက်တို့ဟာလည်းမိုင်ကိုနို့စ်မှာသက်တောင့်သက်သာဖြင့်အနားယူနေကြတာတွေ့ရပါတယ်။

အင်္ဂလန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ဟာအင်္ဂလန်နှင့်ယူရို၂၀၂၀ပြိုင်ပွဲကစားပြီးနောက်မိသားစုနဲ့အတူပျော်ရွှင်နေတာတွေ့ရပါတယ်။သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာဂိုးမပေးရတဲ့ပွဲ၅ပွဲရှိခဲ့ကာရွှေလက်အိတ်ဆုဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi






