ယူရိုဗိုလ်လုပွဲရှုံးပွဲတွင် အဆုံးအဖြတ်ပင်နယ်တီလွဲမှုကြောင့် ဆာကာအပြင်းအထန်တိုက်ခိုက်ခံနေရ

ဘူကာယိုဆာကာဟာအီတလီအားရှုံးနိမ့်တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်အဆုံးအဖြတ်ပင်နယ်တီမဝင်ခဲ့မှုအတွက်အွန်လိုင်းတွင်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများခံနေရပါတယ်။

အသက်၁၉နှစ်ရှိအာဆင်နယ်စတားဟာအီတလီကိုပင်နယ်တီအဆုံးအဖြတ်မှာ၃-၂ဂိုးဖြင့်ရှုံးနိမ့်ကာဆုဖလားနှင့်ဝေးကွာခဲ့ရတဲ့ပွဲမှာအရန်ခုံမှလူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

သူဟာအင်္ဂလန်ရဲ့ပဥ္စမမြောက်ပင်နယ်တီကိုကန်ခဲ့ပြီးအီတလီဂိုးသမားဒွန်နာရမ်မာက ကာကွယ်သွားခဲ့ပါတယ်။

အင်္ဂလန်တစ်နိုင်ငံလုံးမျက်ရည်မိုးရွာသွန်းခဲ့တဲ့ယင်းပွဲအပြီးမှာချက်ချင်းဆိုသလိုဆာကာဟာသူ့ရဲ့အင်စတာဂရမ်အကောင့်မှာလူမျိုးရေးခွဲခြားတိုက်ခိုက်မှုများအကြီးအကျယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးကသူ့ကို “ငါတို့နိုင်ငံကထွက်သွား”လို့ရေးသားခဲ့သလိုအခြားတစ်ဦးကလည်း”နိုင်ဂျီးရီးယားကိုပြန်လိုက်တော့”လို့ရေးသားခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဆာကာအားလူမျိုးရေးခွဲခြားတိုက်ခိုက်မှုများအပေါ်အပြင်းအထန်ဝေဖန်သွားပြီးကစားသမားကိုအတတ်နိုင်ဆုံးထောက်ခံအားပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။

ဆာကာဟာအင်္ဂလန်အသင်းကိုယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်အဓိကနေရာမှစွမ်းဆောင်ခဲ့တဲ့ကစားသမားများထဲမှတစ်ဦးဖြစ်ပြီးအင်္ဂလန်အတွက်ယူရိုမှာ၄ပွဲကစားပေးခဲ့ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ကပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ခဲ့ရမှုအတွက်မိမိတွင်သာတာဝန်ရှိကြောင်းနှင့်ဆာကာတစ်ဦးတည်းနှင့်မသက်ဆိုင်ကြောင်းဆိုထားပါတယ်။

အသက်၁၉နှစ်သာရှိသေးတဲ့ဆာကာဟာသူ့ထက်အတွေ့အကြုံရင့်ကစားသမားများဖြစ်ကြတဲ့စတာလင်း၊ဂျက်ဂရဲလ်လစ်ရှ်တို့ကိုကျော်ဖြတ်ကာဖိအားအလွန်များတဲ့အဆုံးအဖြတ်ပင်နယ်တီကန်ရန်ရွေးချယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲရႈံးပြဲတြင္ အဆုံးအျဖတ္ပင္နယ္တီလြဲမႈေၾကာင့္ ဆာကာအျပင္းအထန္တိုက္ခိုက္ခံေနရ

ဘူကာယိုဆာကာဟာအီတလီအားရႈံးနိမ့္တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အဆုံးအျဖတ္ပင္နယ္တီမဝင္ခဲ့မႈအတြက္အြန္လိုင္းတြင္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားခံေနရပါတယ္။

အသက္၁၉ႏွစ္ရွိအာဆင္နယ္စတားဟာအီတလီကိုပင္နယ္တီအဆုံးအျဖတ္မွာ၃-၂ဂိုးျဖင့္ရႈံးနိမ့္ကာဆုဖလားႏွင့္ေဝးကြာခဲ့ရတဲ့ပြဲမွာအရန္ခုံမွလူစားဝင္ေရာက္ကစားခဲ့တာျဖစ္ပါတယ္။

သူဟာအဂၤလန္ရဲ႕ပၪၥမေျမာက္ပင္နယ္တီကိုကန္ခဲ့ၿပီးအီတလီဂိုးသမားဒြန္နာရမ္မာက ကာကြယ္သြားခဲ့ပါတယ္။

အဂၤလန္တစ္ႏိုင္ငံလုံးမ်က္ရည္မိုး႐ြာသြန္းခဲ့တဲ့ယင္းပြဲအၿပီးမွာခ်က္ခ်င္းဆိုသလိုဆာကာဟာသူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားအႀကီးအက်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးကသူ႔ကို “ငါတို႔ႏိုင္ငံကထြက္သြား”လို႔ေရးသားခဲ့သလိုအျခားတစ္ဦးကလည္း”ႏိုင္ဂ်ီးရီးယားကိုျပန္လိုက္ေတာ့”လို႔ေရးသားခဲ့ပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဆာကာအားလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားအေပၚအျပင္းအထန္ေဝဖန္သြားၿပီးကစားသမားကိုအတတ္ႏိုင္ဆုံးေထာက္ခံအားေပးသြားမယ္လို႔ေၾကညာခဲ့ပါတယ္။

ဆာကာဟာအဂၤလန္အသင္းကိုယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္အဓိကေနရာမွစြမ္းေဆာင္ခဲ့တဲ့ကစားသမားမ်ားထဲမွတစ္ဦးျဖစ္ၿပီးအဂၤလန္အတြက္ယူ႐ိုမွာ၄ပြဲကစားေပးခဲ့ပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ကပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ခဲ့ရမႈအတြက္မိမိတြင္သာတာဝန္ရွိေၾကာင္းႏွင့္ဆာကာတစ္ဦးတည္းႏွင့္မသက္ဆိုင္ေၾကာင္းဆိုထားပါတယ္။

အသက္၁၉ႏွစ္သာရွိေသးတဲ့ဆာကာဟာသူ႔ထက္အေတြ႕အႀကဳံရင့္ကစားသမားမ်ားျဖစ္ၾကတဲ့စတာလင္း၊ဂ်က္ဂရဲလ္လစ္ရွ္တို႔ကိုေက်ာ္ျဖတ္ကာဖိအားအလြန္မ်ားတဲ့အဆုံးအျဖတ္ပင္နယ္တီကန္ရန္ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။