ယူရိုဗိုလ်လုပွဲအားကြည့်ရန် အဲရစ်ဆင်နှင့် သူ့အသက်ကယ်ခဲ့တဲ့ ဆေးဖက်ဆိုင်ရာဝန်ထမ်းတို့ ဖိတ်ကြားခံထားရ

ခရစ္စတီယန်အဲရစ်ဆင်နှင့်သူ့အသက်ကိုကယ်တင်ခဲ့တဲ့ဆေးဖက်ဆိုင်ရာဝန်ထမ်းများဟာလာမယ့်တနင်္ဂနွေနေ့မှာကစားမယ့်ယူရို၂၀၂၀ဗိုလ်လုပွဲအားလာရောက်ကြည့်ရှုရန်ဖိတ်ကြားခြင်းခံထားရပါတယ်။

အသက်၂၉နှစ်ရှိဒိန်းမတ်လက်ရွေးစင်ကစားသမားဟာဖင်လန်နှင့်ယူရိုအဖွင့်ပွဲစဉ်တွင်ကွင်းအတွင်းနှလုံးရပ်ကာမေ့လဲကျခဲ့သူဖြစ်ပါတယ်။

ယခုအခါအဲရစ်ဆင်နှင့်ဇနီးသည်တို့ဟာဝင်ဘာလေကွင်းတွင်ကစားရမယ့်ဗိုလ်လုပွဲအားလာကြည့်/မကြည့်ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။

ဆေးဖက်ဝန်ထမ်းပီတာအာဂတ်က “ခရစ္စမတ်ကာလရောက်သွားသလိုကလေးတစ်ယောက်လိုအရမ်းစိတ်လှုပ်ရှားရပါတယ်။ကျွန်တော့်စွမ်းဆောင်မှုအတွက်အရမ်းဂုဏ်ယူပါတယ်။ဒါပေမယ့်ဒါကတစ်ယောက်တည်းအစွမ်းကြောင့်မဟုတ်ပါဘူး။တစ်သင်းလုံးအစွမ်းကြောင့်ပါ”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယန်အဲရစ်ဆင်ဟာကွင်းအတွင်းနှလုံးရပ်မှုဖြစ်ပြီးနောက်ဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့ရကာနှလုံးခုန်စက်တပ်ဆင်ခဲ့ရကာယခုအခါဆေးရုံဆင်းပြီးနောက်အိမ်တွင်အနားယူနေရပါတယ်။

လက်ရှိအချိန်တွင်အဲရစ်ဆင်မှာမည်သည့်အချိန်တွင်ဘောလုံးပြန်ကစားနိုင်မယ်ဆိုတာမသိရသေးပါဘူး။

ဒိန်းမတ်ဟာယနေ့ညမှာဝင်ဘာလေကွင်းမှာယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်အင်္ဂလန်အသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ယူ႐ိုဗိုလ္လုပြဲအားၾကည့္ရန္ အဲရစ္ဆင္ႏွင့္ သူ႔အသက္ကယ္ခဲ့တဲ့ ေဆးဖက္ဆိုင္ရာဝန္ထမ္းတို႔ ဖိတ္ၾကားခံထားရ

ခရစၥတီယန္အဲရစ္ဆင္ႏွင့္သူ႔အသက္ကိုကယ္တင္ခဲ့တဲ့ေဆးဖက္ဆိုင္ရာဝန္ထမ္းမ်ားဟာလာမယ့္တနဂၤေႏြေန႔မွာကစားမယ့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲအားလာေရာက္ၾကည့္ရႈရန္ဖိတ္ၾကားျခင္းခံထားရပါတယ္။

အသက္၂၉ႏွစ္ရွိဒိန္းမတ္လက္ေ႐ြးစင္ကစားသမားဟာဖင္လန္ႏွင့္ယူ႐ိုအဖြင့္ပြဲစဥ္တြင္ကြင္းအတြင္းႏွလုံးရပ္ကာေမ့လဲက်ခဲ့သူျဖစ္ပါတယ္။

ယခုအခါအဲရစ္ဆင္ႏွင့္ဇနီးသည္တို႔ဟာဝင္ဘာေလကြင္းတြင္ကစားရမယ့္ဗိုလ္လုပြဲအားလာၾကည့္/မၾကည့္ဆုံးျဖတ္ရေတာ့မွာျဖစ္ပါတယ္။

ေဆးဖက္ဝန္ထမ္းပီတာအာဂတ္က “ခရစၥမတ္ကာလေရာက္သြားသလိုကေလးတစ္ေယာက္လိုအရမ္းစိတ္လႈပ္ရွားရပါတယ္။ကြၽန္ေတာ့္စြမ္းေဆာင္မႈအတြက္အရမ္းဂုဏ္ယူပါတယ္။ဒါေပမယ့္ဒါကတစ္ေယာက္တည္းအစြမ္းေၾကာင့္မဟုတ္ပါဘူး။တစ္သင္းလုံးအစြမ္းေၾကာင့္ပါ”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယန္အဲရစ္ဆင္ဟာကြင္းအတြင္းႏွလုံးရပ္မႈျဖစ္ၿပီးေနာက္ေဆး႐ုံသို႔အေရးေပၚတက္ေရာက္ခဲ့ရကာႏွလုံးခုန္စက္တပ္ဆင္ခဲ့ရကာယခုအခါေဆး႐ုံဆင္းၿပီးေနာက္အိမ္တြင္အနားယူေနရပါတယ္။

လက္ရွိအခ်ိန္တြင္အဲရစ္ဆင္မွာမည္သည့္အခ်ိန္တြင္ေဘာလုံးျပန္ကစားႏိုင္မယ္ဆိုတာမသိရေသးပါဘူး။

ဒိန္းမတ္ဟာယေန႔ညမွာဝင္ဘာေလကြင္းမွာယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္အဂၤလန္အသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။