ယူရိုမတိုင်မီ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူက ဘယ်သူဆိုတာ မော်ရင်ဟိုပြောကြားလာ

ဟိုဆေးမော်ရင်ဟိုကလက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူကမန်စီးတီးနောက်ခံလူရူဘင်ဒိုင်ယက်စ်ဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၂၄နှစ်ရှိဒိုင်ယက်စ်ဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတုန်းကဘင်ဖီကာမှပြောင်းရွှေ့ကြေးပေါင်၆၅သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက်ပြီးခဲ့တဲ့ရာသီတုန်းကမန်စီးတီးတွင်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဗဟိုနောက်ခံလူဟာပြီးခဲ့တဲ့ရာသီတုန်းကလိဂ်တွင်၃၂ပွဲအထိကစားကာမန်စီးတီးအားပရီးမီးယားလိဂ်ဖလားဆွတ်ခူးအောင်ကူညီထားပါတယ်။

ဒါကြောင့်လည်းသူဟာပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့သလိုပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းတို့တွင်ရွေးချယ်ခြင်းခံရပါတယ်။

ဘင်ဖီကာစတားဟောင်းဟာဖာနန်ဒိုဆန်းတို့စ်ရဲ့ပေါ်တူဂီအသင်းတွင်အဓိကကစားသမားအဖြစ်ယူရို၂၀၂၀တွင်ပါဝင်ကစားလာဦးမှာဖြစ်ပါတယ်။သူဟာပေါ်တူဂီကိုယူရိုချန်ပီယံဘွဲ့အားကာကွယ်နိုင်အောင်အကူအညီပေးလာဖို့ရှိပါတယ်။

ရိုးမားနည်းပြသစ်မော်ရင်ဟိုက “ရူဘိုင်ဒိုင်ယက်စ်ကလက်ရှိကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူဖြစ်ပါတယ်။မန်စီးတီးသို့ပြောင်းပြီးပရီးမီးယားလိဂ်သို့ရောက်လာမှုနဲ့အတူသူ့ရဲ့အဆင့်ဟာလည်းမြင့်မားလာခဲ့တယ်။သူကစိတ်လှုပ်ရှားဖို့ကောင်းတဲ့ဗဟိုနောက်ခံလူတစ်ဦးပါ။ပြီးတော့ပေါ်တူဂီမှာသူနဲ့အတူတွဲကစားရမယ့်သူကပီပီပါ။အသက်၃၈နှစ်ရှိပြီဖြစ်တဲ့နောက်ခံလူမှာအတွေ့အကြုံတွေအများကြီးရှိတယ်။ဒါကပေါ်တူဂီအတွက်အားသာချက်ဖြစ်လာနိုင်ပါတယ်။ပြီးတော့သူတို့မှာတိုက်စစ်မှာပါရမီရှင်ကစားသမားအများကြီးရှိပါသေးတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မော်ရင်ဟိုကပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုမှာသူ့ရဲ့နောက်ဆုံးယူရိုပြိုင်ပွဲတွင်အောင်မြင်မှုရရှိရေးအတွက်အစွမ်းကုန်ကြိုးစားလာလိမ့်မယ်လို့လည်းဆိုသွားပါတယ်။

မော်ရင်ဟိုက “ခရစ္စတီယာနိုရော်နယ်ဒိုအတွက်နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်ပါတယ်။ယူရိုချန်ပီယံဖြစ်လာခဲ့ပြီးတဲ့နောက်သူဟာသူ့ရဲ့နောက်ဆုံးပြိုင်ပွဲမှာအောင်မြင်ဖို့အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ဖာနန်ဒိုဆန်းတို့စ်ကလည်းနေရာမှန်လူမှန်ရှိနေပါတယ်။သူကအရမ်းတည်ငြိမ်ပြီးသွေးအေးတယ်။ဟန်ချက်ညီအောင်လုပ်နိုင်တယ်။ကစာသမားတွေအကြောင်းကိုလည်းအူချေးခါးမမကျန်သိတယ်။ခရစ္စတီယာနို၊ပီပီ၊ရူဒီပါထရီစီယို၊မော်တင်ဟိုတို့လိုအတွေ့အကြုံရှိတဲ့သူတွေနဲ့အသင်းကိုတည်ဆောက်ထားတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ိုမတိုင္မီ ကမာၻ႔အေကာင္းဆုံးေနာက္ခံလူက ဘယ္သူဆိုတာ ေမာ္ရင္ဟိုေျပာၾကားလာ

ဟိုေဆးေမာ္ရင္ဟိုကလက္ရွိကမာၻ႔အေကာင္းဆုံးေနာက္ခံလူကမန္စီးတီးေနာက္ခံလူ႐ူဘင္ဒိုင္ယက္စ္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၄ႏွစ္ရွိဒိုင္ယက္စ္ဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလတုန္းကဘင္ဖီကာမွေျပာင္းေ႐ႊ႕ေၾကးေပါင္၆၅သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ၿပီးခဲ့တဲ့ရာသီတုန္းကမန္စီးတီးတြင္အဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ဗဟိုေနာက္ခံလူဟာၿပီးခဲ့တဲ့ရာသီတုန္းကလိဂ္တြင္၃၂ပြဲအထိကစားကာမန္စီးတီးအားပရီးမီးယားလိဂ္ဖလားဆြတ္ခူးေအာင္ကူညီထားပါတယ္။

ဒါေၾကာင့္လည္းသူဟာပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့သလိုပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးအသင္းတို႔တြင္ေ႐ြးခ်ယ္ျခင္းခံရပါတယ္။

ဘင္ဖီကာစတားေဟာင္းဟာဖာနန္ဒိုဆန္းတို႔စ္ရဲ႕ေပၚတူဂီအသင္းတြင္အဓိကကစားသမားအျဖစ္ယူ႐ို၂၀၂၀တြင္ပါဝင္ကစားလာဦးမွာျဖစ္ပါတယ္။သူဟာေပၚတူဂီကိုယူ႐ိုခ်န္ပီယံဘြဲ႕အားကာကြယ္ႏိုင္ေအာင္အကူအညီေပးလာဖို႔ရွိပါတယ္။

႐ိုးမားနည္းျပသစ္ေမာ္ရင္ဟိုက “႐ူဘိုင္ဒိုင္ယက္စ္ကလက္ရွိကမာၻ႔အေကာင္းဆုံးဗဟိုေနာက္ခံလူျဖစ္ပါတယ္။မန္စီးတီးသို႔ေျပာင္းၿပီးပရီးမီးယားလိဂ္သို႔ေရာက္လာမႈနဲ႔အတူသူ႔ရဲ႕အဆင့္ဟာလည္းျမင့္မားလာခဲ့တယ္။သူကစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ဗဟိုေနာက္ခံလူတစ္ဦးပါ။ၿပီးေတာ့ေပၚတူဂီမွာသူနဲ႔အတူတြဲကစားရမယ့္သူကပီပီပါ။အသက္၃၈ႏွစ္ရွိၿပီျဖစ္တဲ့ေနာက္ခံလူမွာအေတြ႕အႀကဳံေတြအမ်ားႀကီးရွိတယ္။ဒါကေပၚတူဂီအတြက္အားသာခ်က္ျဖစ္လာႏိုင္ပါတယ္။ၿပီးေတာ့သူတို႔မွာတိုက္စစ္မွာပါရမီရွင္ကစားသမားအမ်ားႀကီးရွိပါေသးတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ေမာ္ရင္ဟိုကေပၚတူဂီအသင္းေခါင္းေဆာင္ခရစၥတီယာႏိုေရာ္နယ္ဒိုမွာသူ႔ရဲ႕ေနာက္ဆုံးယူ႐ိုၿပိဳင္ပြဲတြင္ေအာင္ျမင္မႈရရွိေရးအတြက္အစြမ္းကုန္ႀကိဳးစားလာလိမ့္မယ္လို႔လည္းဆိုသြားပါတယ္။

ေမာ္ရင္ဟိုက “ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ေနာက္ဆုံးယူ႐ိုၿပိဳင္ပြဲျဖစ္ပါတယ္။ယူ႐ိုခ်န္ပီယံျဖစ္လာခဲ့ၿပီးတဲ့ေနာက္သူဟာသူ႔ရဲ႕ေနာက္ဆုံးၿပိဳင္ပြဲမွာေအာင္ျမင္ဖို႔အစြမ္းကုန္ႀကိဳးစားပါလိမ့္မယ္။ဖာနန္ဒိုဆန္းတို႔စ္ကလည္းေနရာမွန္လူမွန္ရွိေနပါတယ္။သူကအရမ္းတည္ၿငိမ္ၿပီးေသြးေအးတယ္။ဟန္ခ်က္ညီေအာင္လုပ္ႏိုင္တယ္။ကစာသမားေတြအေၾကာင္းကိုလည္းအူေခ်းခါးမမက်န္သိတယ္။ခရစၥတီယာႏို၊ပီပီ၊႐ူဒီပါထရီစီယို၊ေမာ္တင္ဟိုတို႔လိုအေတြ႕အႀကဳံရွိတဲ့သူေတြနဲ႔အသင္းကိုတည္ေဆာက္ထားတယ္”လို႔ေျပာၾကားသြားပါတယ္။