ယူရိုမှထွက်ခွာထားရပေမယ့် ရွှေဖိနပ်ဆုရဖို့အခြေအနေကောင်းနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာထားရပေမယ့်လည်း ယူရိုရွှေဖိနပ်ဆုဆွတ်ခူးဖို့အခြေအနေကောင်းနေပါတယ်။

ပေါ်တူဂီစတားဟာယူရို၂၀၂၀ပြိုင်ပွဲမှာပေါ်တူဂီနှင့်အတူ၄ပွဲတည်းသာကစားခဲ့ရပေမယ့်၅ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီဟာ၁၆သင်းရှုံးထွက်အဆင့်မှာဘယ်လ်ဂျီယံကိုရှုံးနိမ့်ပြီးထွက်ခွာခဲ့ရပါတယ်။

ဒါ့အပြင််သူဟာဂျာမနီနှင့်ပွဲစဉ်တုန်းကဒီယေဂိုဂျိုတာဂိုးသွင်းနိုင်အောင်ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ထားနိုင်ပါသေးတယ်။

ယူရိုရွှေဖိနပ်ဆုအတွက်ရော်နယ်ဒိုရဲ့အနီးကပ်ဆုံးပြိုင်ဘက်ကချက်တိုက်စစ်မှူးပါထရစ်ရှက်ခ်ဖြစ်ပြီး၅ဂိုးသွင်းယူထားနိုင်ပါတယ်။

ဒါပေမယ့်ချက်မှာဒိန်းမတ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာယူရိုကွာတားမှထွက်ခွာထားရပြီးဖြစ်ပါတယ်။

ပါထရစ်ရှက်ခ်မှာလည်း၅ဂိုးသွင်းထားပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကဖန်တီးမှုတစ်ကြိမ်ပြုလုပ်ထားနိုင်မှုနဲ့အတူယူရိုဂိုးသွင်းဘုရင်စာရင်းမှာထိပ်ဆုံးကနေရပ်တည်ထားနိုင်ပါတယ်။

၎င်းတို့ရဲ့နောက်မှာအီမီလီဖော့စ်ဘတ်၊လူကာကူ၊ဘန်ဇီးမားတို့က၄ဂိုးဖြင့်ရပ်တည်ထားနိုင်ပါတယ်။ဒါပေမယ့်ယင်းကစားသမားသုံးဦးလုံးကပြိုင်ပွဲမှထွက်ခွာထားရပြီးဖြစ်ပါတယ်။

လက်ရှိအချိန်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယူရိုရွှေဖိနပ်ဆုအတွက်ယှဉ်ပြိုင်နိုင်တဲ့ပြိုင်ပွဲဝင်နေဆဲကစားသမားများအဖြစ်စတာလင်း၊ဟယ်ရီကန်း၊ဒိုလ်ဘတ်တို့သာရှိတော့ပြီးသုံးဂိုးစီသွင်းထားကြပါတယ်။

လက်ရှိအချိန်တွင်ယူရို၂၀၂၀ပြိုင်ပွဲဆီမီးအဆင့်သို့ရောက်ရှိနေပြီဖြစ်ရာကစားသမားများအနေဖြင့်ဂိုးသွင်းနိုင်ရန်ပိုမိုခက်ခဲလာနေရာလက်ကျန်နှစ်ပွဲသုံးဂိုးသွင်းနိုင်ဖို့ခက်ခဲလို့နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူရို၂၀၂၀ပြိုင်ပွဲမှာအလီဒါယီရဲ့နိုင်ငံတကာဂိုးအများဆုံးသွင်းယူထားတဲ့၁၀၉ဂိုးစံချိန်ကိုလိုက်မီခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ယူ႐ိုမွထြက္ခြာထားရေပမယ့္ ေ႐ႊဖိနပ္ဆုရဖို႔အေျခအေနေကာင္းေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာထားရေပမယ့္လည္း ယူ႐ိုေ႐ႊဖိနပ္ဆုဆြတ္ခူးဖို႔အေျခအေနေကာင္းေနပါတယ္။

ေပၚတူဂီစတားဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာေပၚတူဂီႏွင့္အတူ၄ပြဲတည္းသာကစားခဲ့ရေပမယ့္၅ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဦးေဆာင္တဲ့ေပၚတူဂီဟာ၁၆သင္းရႈံးထြက္အဆင့္မွာဘယ္လ္ဂ်ီယံကိုရႈံးနိမ့္ၿပီးထြက္ခြာခဲ့ရပါတယ္။

ဒါ့အျပင္္သူဟာဂ်ာမနီႏွင့္ပြဲစဥ္တုန္းကဒီေယဂိုဂ်ိဳတာဂိုးသြင္းႏိုင္ေအာင္ဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ထားႏိုင္ပါေသးတယ္။

ယူ႐ိုေ႐ႊဖိနပ္ဆုအတြက္ေရာ္နယ္ဒိုရဲ႕အနီးကပ္ဆုံးၿပိဳင္ဘက္ကခ်က္တိုက္စစ္မႉးပါထရစ္ရွက္ခ္ျဖစ္ၿပီး၅ဂိုးသြင္းယူထားႏိုင္ပါတယ္။

ဒါေပမယ့္ခ်က္မွာဒိန္းမတ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာယူ႐ိုကြာတားမွထြက္ခြာထားရၿပီးျဖစ္ပါတယ္။

ပါထရစ္ရွက္ခ္မွာလည္း၅ဂိုးသြင္းထားေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ထားႏိုင္မႈနဲ႔အတူယူ႐ိုဂိုးသြင္းဘုရင္စာရင္းမွာထိပ္ဆုံးကေနရပ္တည္ထားႏိုင္ပါတယ္။

၎တို႔ရဲ႕ေနာက္မွာအီမီလီေဖာ့စ္ဘတ္၊လူကာကူ၊ဘန္ဇီးမားတို႔က၄ဂိုးျဖင့္ရပ္တည္ထားႏိုင္ပါတယ္။ဒါေပမယ့္ယင္းကစားသမားသုံးဦးလုံးကၿပိဳင္ပြဲမွထြက္ခြာထားရၿပီးျဖစ္ပါတယ္။

လက္ရွိအခ်ိန္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ယူ႐ိုေ႐ႊဖိနပ္ဆုအတြက္ယွဥ္ၿပိဳင္ႏိုင္တဲ့ၿပိဳင္ပြဲဝင္ေနဆဲကစားသမားမ်ားအျဖစ္စတာလင္း၊ဟယ္ရီကန္း၊ဒိုလ္ဘတ္တို႔သာရွိေတာ့ၿပီးသုံးဂိုးစီသြင္းထားၾကပါတယ္။

လက္ရွိအခ်ိန္တြင္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးအဆင့္သို႔ေရာက္ရွိေနၿပီျဖစ္ရာကစားသမားမ်ားအေနျဖင့္ဂိုးသြင္းႏိုင္ရန္ပိုမိုခက္ခဲလာေနရာလက္က်န္ႏွစ္ပြဲသုံးဂိုးသြင္းႏိုင္ဖို႔ခက္ခဲလို႔ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာအလီဒါယီရဲ႕ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူထားတဲ့၁၀၉ဂိုးစံခ်ိန္ကိုလိုက္မီခဲ့သူလည္းျဖစ္ပါတယ္။