ယူရိုမှာ ရလဒ်မကောင်းရင် နည်းပြလောကိုတင်မက သူ့ကို ထောက်ခံတဲ့ ဘောလုံးအဖွဲ့ချုပ်က လူတွေကိုပါ ဖယ်ရှားရမယ်

ဂျာမနီဂန္ထဝင်ကစားသမားလိုသာမားသီးယပ်စ်ကလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်းဂျာမနီအသင်းအောင်မြင်မှု မရရှိပါကနည်းပြဂျိုးအာချင်လောကိုသာမကသူ့ကိုထောက်ခံတဲ့ဂျာမန်ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများကိုပါ ထုတ်ပယ်သွားမယ်လို့ပြောကြားလိုက်ပါတယ်။

ဂျိုးအာချင်လောဟာ၂၀၀၆ခုနှစ်ကတည်းကဂျာမနီအသင်းကိုကိုင်တွယ်လာခဲ့သူဖြစ်ပြီး၂၀၁၄ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင်ဦးဆောင်ထားနိုင်ပါတယ်။ဒါပေမယ့်သူဟာ၂၀၁၈ကမ္ဘာ့ဖလားမှာအုပ်စုမှထွက်ခွာခဲ့ရမှုအ တွက်ရာထူးမှထုတ်ပယ်ခြင်းမခံခဲ့ရဘဲမျိုးဆက်သစ်တစ်ခုကိုပြန်လည်တည်ဆောက်ခွင့်ရရှိခဲ့ပါတယ်။

ဒါပေမယ့်၂၀၂၀ခုနှစ်အတွင်းမှာဂျာမနီအသင်းရလဒ်မကောင်းမှုနဲ့အတူဂျိုးအာချင်လောမှာဖိအားများနှင့်ကြုံနေရပါတယ်။ဂျာမနီဟာ၂၀၂၀အတွင်းမှာ၈ပွဲကစားရာမှာ၃ပွဲတည်းသာအနိုင်ရရှိပြီးနောက်ဆုံးပွဲတွင်စပိန်ကို၆-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

ထိုစဉ်ကဂျိုးအာချင်လောကိုထုတ်ပယ်ရန်ဖိအားပေးခဲ့ကြပေမယ့်ဂျာမနီဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများဟာ ဂျိုးအာချင်လောကိုဆက်လက်ခန့်အပ်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

လိုသာမားသီးယပ်စ်က “ယူရိုချန်ပီယံရှစ်မှာကျွန်တော်တို့မှာရှိတဲ့ကစားသမားတွေရဲ့အရည်အသွေးတွေ မဖော်ထုတ်နိုင်ဘူးဆိုရင်လောကိုသာမကသူ့ကိုဆက်နေဖို့ထောက်ခံခဲ့တဲ့သူတွေကိုပါဖယ်ရှားရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ိုမွာ ရလဒ္မေကာင္းရင္ နည္းျပေလာကိုတင္မက သူ႔ကို ေထာက္ခံတဲ့ ေဘာလုံးအဖြဲ႕ခ်ဳပ္က လူေတြကိုပါ ဖယ္ရွားရမယ္

ဂ်ာမနီဂႏၴဝင္ကစားသမားလိုသာမားသီးယပ္စ္ကလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္းဂ်ာမနီအသင္းေအာင္ျမင္မႈ မရရွိပါကနည္းျပဂ်ိဳးအာခ်င္ေလာကိုသာမကသူ႔ကိုေထာက္ခံတဲ့ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္မွတာဝန္ရွိသူမ်ားကိုပါ ထုတ္ပယ္သြားမယ္လို႔ေျပာၾကားလိုက္ပါတယ္။

ဂ်ိဳးအာခ်င္ေလာဟာ၂၀၀၆ခုႏွစ္ကတည္းကဂ်ာမနီအသင္းကိုကိုင္တြယ္လာခဲ့သူျဖစ္ၿပီး၂၀၁၄ကမာၻ႔ဖလား ခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ထားႏိုင္ပါတယ္။ဒါေပမယ့္သူဟာ၂၀၁၈ကမာၻ႔ဖလားမွာအုပ္စုမွထြက္ခြာခဲ့ရမႈအ တြက္ရာထူးမွထုတ္ပယ္ျခင္းမခံခဲ့ရဘဲမ်ိဳးဆက္သစ္တစ္ခုကိုျပန္လည္တည္ေဆာက္ခြင့္ရရွိခဲ့ပါတယ္။

ဒါေပမယ့္၂၀၂၀ခုႏွစ္အတြင္းမွာဂ်ာမနီအသင္းရလဒ္မေကာင္းမႈနဲ႔အတူဂ်ိဳးအာခ်င္ေလာမွာဖိအားမ်ားႏွင့္ႀကဳံေနရပါတယ္။ဂ်ာမနီဟာ၂၀၂၀အတြင္းမွာ၈ပြဲကစားရာမွာ၃ပြဲတည္းသာအႏိုင္ရရွိၿပီးေနာက္ဆုံးပြဲတြင္စပိန္ကို၆-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။

ထိုစဥ္ကဂ်ိဳးအာခ်င္ေလာကိုထုတ္ပယ္ရန္ဖိအားေပးခဲ့ၾကေပမယ့္ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္မွတာဝန္ရွိသူမ်ားဟာ ဂ်ိဳးအာခ်င္ေလာကိုဆက္လက္ခန႔္အပ္ရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။

လိုသာမားသီးယပ္စ္က “ယူ႐ိုခ်န္ပီယံရွစ္မွာကြၽန္ေတာ္တို႔မွာရွိတဲ့ကစားသမားေတြရဲ႕အရည္အေသြးေတြ မေဖာ္ထုတ္ႏိုင္ဘူးဆိုရင္ေလာကိုသာမကသူ႔ကိုဆက္ေနဖို႔ေထာက္ခံခဲ့တဲ့သူေတြကိုပါဖယ္ရွားရပါမယ္”လို႔ေျပာၾကားသြားပါတယ္။