ယူရိုရဲ့အကောင်းဆုံးကစားသမားအဖြစ် မထင်မှတ်ထားတဲ့သူကို ရွေးချယ်လာတဲ့ အင်္ဂလန်လက်ထောက်နည်းပြ

အင်္ဂလန်လက်ထောက်နည်းပြစတိဗ်ဟော်လန်ကယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ်ဘယ်သူမှမထင်မှတ်ထားတဲ့ကစားသမားကိုရွေးချယ်လာပါတယ်။စတိဗ်ဟော်လန်ဟာယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ်ဝုဗ်အသင်းခေါင်းဆောင်ကိုဒီကိုရွေးချယ်လိုက်တာလည်းဖြစ်ပါတယ်။အသက်၂၈နှစ်ရှိအင်္ဂလန်ဗဟိုနောက်ခံလူဟာအင်္ဂလန်အတွက်ယူရိုမှာတစ်ပွဲမှမကစားရသေးဘဲအံ့ဩဖွယ်ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ကိုဒီဟာယူရို၂၀၂၀ပြိုင်ပွဲမှာမကစားရသေးတဲ့အင်္ဂလန်ကစားသမားအဖြစ်ဘင်ဝှိုက်၊ဘင်ချဲလ်ဝဲလ်၊အေရွမ်ရမ်ဒဲလ်၊ဆမ်ဂျွန်စတုန်းတို့နှင့်အတူရပ်တည်နေပါတယ်။

ဂါရတ်ဆောက်ဂိတ်ဟာအဆိုပါကစားသမားများမှာအသင်းအတွက်တစ်မိနစ်မျှပင်မကစားရသေးပေမယ့်လည်းအသင်းစိတ်ဓာတ်မြင့်မားရေးအတွက်ပရော်ဖက်ရှင်နယ်ဆန်လွန်းကြသူများဖြစ်ကြောင်းချီးကျူးခဲ့ပြီးလည်းဖြစ်ပါတယ်။

ယခုအခါဆောက်ဂိတ်ရဲ့ညာလက်ရုံးကလည်း “ကျွန်တော့်ရဲ့ယူရိုအကောင်းဆုံးကစားသမားကကော်နာကိုဒီဖြစ်ပါတယ်။သူကွင်းထဲမှာတော့မကစားရပါဘူး။ဒါပေမယ့်လေ့ကျင့်ရေးကွင်းမှာအားလုံးပေးဆပ်တဲ့သူဖြစ်ပါတယ်။ပွဲမတိုင်ခင်မှာလည်းမကစားရပေမယ့်အသင်းခေါင်းဆောင်လိုဘဲသူစကားပြောပါတယ်”လို့ပြောကြားသွားပါတယ်။

ဟော်လန်ဟာချဲလ်ဆီးအသင်းတွင်ကာလရှည်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဂျွန်တယ်ရီဟာလည်းချဲလ်ဆီးနောက်ဆုံးရာသီမှာပွဲပုံမှန်ကစားခွင့်ရရှိရန်ရုန်းကန်ရပေမယ့်လည်းအဝတ်အစားလဲခန်းအတွင်းမှာအရေးပါတဲ့သူအဖြစ်ဆက်ရှိနေခဲ့ပါတယ်။

ZawGyi

ယူ႐ိုရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ မထင္မွတ္ထားတဲ့သူကို ေ႐ြးခ်ယ္လာတဲ့ အဂၤလန္လက္ေထာက္နည္းျပ

အဂၤလန္လက္ေထာက္နည္းျပစတိဗ္ေဟာ္လန္ကယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ဘယ္သူမွမထင္မွတ္ထားတဲ့ကစားသမားကိုေ႐ြးခ်ယ္လာပါတယ္။စတိဗ္ေဟာ္လန္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ဝုဗ္အသင္းေခါင္းေဆာင္ကိုဒီကိုေ႐ြးခ်ယ္လိုက္တာလည္းျဖစ္ပါတယ္။အသက္၂၈ႏွစ္ရွိအဂၤလန္ဗဟိုေနာက္ခံလူဟာအဂၤလန္အတြက္ယူ႐ိုမွာတစ္ပြဲမွမကစားရေသးဘဲအံ့ဩဖြယ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ကိုဒီဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာမကစားရေသးတဲ့အဂၤလန္ကစားသမားအျဖစ္ဘင္ဝႈိက္၊ဘင္ခ်ဲလ္ဝဲလ္၊ေအ႐ြမ္ရမ္ဒဲလ္၊ဆမ္ဂြၽန္စတုန္းတို႔ႏွင့္အတူရပ္တည္ေနပါတယ္။

ဂါရတ္ေဆာက္ဂိတ္ဟာအဆိုပါကစားသမားမ်ားမွာအသင္းအတြက္တစ္မိနစ္မွ်ပင္မကစားရေသးေပမယ့္လည္းအသင္းစိတ္ဓာတ္ျမင့္မားေရးအတြက္ပေရာ္ဖက္ရွင္နယ္ဆန္လြန္းၾကသူမ်ားျဖစ္ေၾကာင္းခ်ီးက်ဴးခဲ့ၿပီးလည္းျဖစ္ပါတယ္။

ယခုအခါေဆာက္ဂိတ္ရဲ႕ညာလက္႐ုံးကလည္း “ကြၽန္ေတာ့္ရဲ႕ယူ႐ိုအေကာင္းဆုံးကစားသမားကေကာ္နာကိုဒီျဖစ္ပါတယ္။သူကြင္းထဲမွာေတာ့မကစားရပါဘူး။ဒါေပမယ့္ေလ့က်င့္ေရးကြင္းမွာအားလုံးေပးဆပ္တဲ့သူျဖစ္ပါတယ္။ပြဲမတိုင္ခင္မွာလည္းမကစားရေပမယ့္အသင္းေခါင္းေဆာင္လိုဘဲသူစကားေျပာပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေဟာ္လန္ဟာခ်ဲလ္ဆီးအသင္းတြင္ကာလရွည္ၾကာတာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ဂြၽန္တယ္ရီဟာလည္းခ်ဲလ္ဆီးေနာက္ဆုံးရာသီမွာပြဲပုံမွန္ကစားခြင့္ရရွိရန္႐ုန္းကန္ရေပမယ့္လည္းအဝတ္အစားလဲခန္းအတြင္းမွာအေရးပါတဲ့သူအျဖစ္ဆက္ရွိေနခဲ့ပါတယ္။