ယူရိုလူစာရင်းမှချန်လှပ်ခံရပေမယ့် ဩစတြီးယားနှင့်ပွဲမှာ လင်ဂတ်ပွဲထွက်လာမည်

ဂရေမီဆောက်ဂိတ်ကဂျက်စီလင်ဂတ်မှာအင်္ဂလန်ရဲ့ယူရို၂၀၂၀လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရသော်လည်းယနေ့ညတွင်ကစားမယ့်ဩစတြီးယားနှင့်ပွဲစဉ်တွင်ပွဲထွက်လာမည်ဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

အသက်၂၈နှစ်ရှိအလယ်တန်းတိုက်စစ်သမားဟာဝက်စ်ဟမ်းတွင်အငှားဖြင့်ကစားနေစဉ်အတွင်းထူးထူးခြားခြားခြေစွမ်းပြကစားနိုင်ခဲ့သော်လည်းအင်္ဂလန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲအတွက်လူစာရင်းမှချန်လှပ်ခြင်းခံခဲ့ရပါတယ်။

သူဟာဇန်နဝါရီလတွင်မန်ယူမှဝက်စ်ဟမ်းသို့အငှားဖြင့်ပြောင်းရွှေ့ကစားပြီးနောက်ပရီးမီးယားလိဂ်ပွဲ၁၆ပွဲကစားခဲ့ရာမှာ၉ဂိုးသွင်းယူပြီး၅ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ဆောက်ဂိတ်က “ဂျက်စီဟာအပြီးသတ်လူစာရင်းမှာပါဝင်ဖို့အရမ်းကောင်းကောင်းလုပ်ပြခဲ့ပါတယ်။ဇန်နဝါရီလတုန်းကဆိုရင်သူဟာအင်္ဂလန်အသင်းမှာရွေးချယ်ဖို့စဉ်းစားဖို့တောင်းမိုင်သန်းချီတဲ့အဝေးမှာရှိနေခဲ့ပါတယ်။မတ်လမှာတော့ရက်သတ္တပတ်အနည်းငယ်ကြာသူအကောင်းဆုံးလုပ်ပြခဲ့တယ်။ပြီးတော့သူကံကောင်းသွားတာကတော့ကျွန်တော်တို့ရဲ့တောင်ပံကစားသမားလေးဦးမပါဝင်နိုင်တော့သူရွေးချယ်ခံခဲ့ရတယ်။သူဟာဝက်စ်ဟမ်းအတွက်စိတ်လှုပ်ရှားစရာကောင်းလောက်အောင်လုပ်ပြနိုင်ခဲ့တယ်။ကျွန်တော်တို့အတွက်လည်း(မတ်လကမ္ဘာ့ဖလားခြေစစ်ပွဲများ)အကောင်းဆုံးကစားနိုင်ခဲ့တယ်။ဆန်ချိုဖျားနေတော့ဩစတြီးယားနဲ့ပွဲမှာသူကစားပါမယ်။ပြီးတော့မကစားနိုင်တဲ့ကစားသမားတွေကလည်းအများကြီးပါ။သူကအသင်းကိုဟန်ချက်ညီအောင်ကူညီပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာလာမယ့်တနင်္ဂနွေနေ့မှာရိုမေးနီးယားနှင့်ထပ်မံခြေစမ်းပြီးနောက်ဇွန်လ၁၃ရက်နေ့မှာအဖွင့်ပွဲစဉ်အဖြစ်ခရိုအေးရှားနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ယူ႐ိုလူစာရင္းမွခ်န္လွပ္ခံရေပမယ့္ ဩစႀတီးယားႏွင့္ပြဲမွာ လင္ဂတ္ပြဲထြက္လာမည္

ဂေရမီေဆာက္ဂိတ္ကဂ်က္စီလင္ဂတ္မွာအဂၤလန္ရဲ႕ယူ႐ို၂၀၂၀လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရေသာ္လည္းယေန႔ညတြင္ကစားမယ့္ဩစႀတီးယားႏွင့္ပြဲစဥ္တြင္ပြဲထြက္လာမည္ျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

အသက္၂၈ႏွစ္ရွိအလယ္တန္းတိုက္စစ္သမားဟာဝက္စ္ဟမ္းတြင္အငွားျဖင့္ကစားေနစဥ္အတြင္းထူးထူးျခားျခားေျခစြမ္းျပကစားႏိုင္ခဲ့ေသာ္လည္းအဂၤလန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္လူစာရင္းမွခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

သူဟာဇန္နဝါရီလတြင္မန္ယူမွဝက္စ္ဟမ္းသို႔အငွားျဖင့္ေျပာင္းေ႐ႊ႕ကစားၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၁၆ပြဲကစားခဲ့ရာမွာ၉ဂိုးသြင္းယူၿပီး၅ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

ေဆာက္ဂိတ္က “ဂ်က္စီဟာအၿပီးသတ္လူစာရင္းမွာပါဝင္ဖို႔အရမ္းေကာင္းေကာင္းလုပ္ျပခဲ့ပါတယ္။ဇန္နဝါရီလတုန္းကဆိုရင္သူဟာအဂၤလန္အသင္းမွာေ႐ြးခ်ယ္ဖို႔စဥ္းစားဖို႔ေတာင္းမိုင္သန္းခ်ီတဲ့အေဝးမွာရွိေနခဲ့ပါတယ္။မတ္လမွာေတာ့ရက္သတၱပတ္အနည္းငယ္ၾကာသူအေကာင္းဆုံးလုပ္ျပခဲ့တယ္။ၿပီးေတာ့သူကံေကာင္းသြားတာကေတာ့ကြၽန္ေတာ္တို႔ရဲ႕ေတာင္ပံကစားသမားေလးဦးမပါဝင္ႏိုင္ေတာ့သူေ႐ြးခ်ယ္ခံခဲ့ရတယ္။သူဟာဝက္စ္ဟမ္းအတြက္စိတ္လႈပ္ရွားစရာေကာင္းေလာက္ေအာင္လုပ္ျပႏိုင္ခဲ့တယ္။ကြၽန္ေတာ္တို႔အတြက္လည္း(မတ္လကမာၻ႔ဖလားေျခစစ္ပြဲမ်ား)အေကာင္းဆုံးကစားႏိုင္ခဲ့တယ္။ဆန္ခ်ိဳဖ်ားေနေတာ့ဩစႀတီးယားနဲ႔ပြဲမွာသူကစားပါမယ္။ၿပီးေတာ့မကစားႏိုင္တဲ့ကစားသမားေတြကလည္းအမ်ားႀကီးပါ။သူကအသင္းကိုဟန္ခ်က္ညီေအာင္ကူညီပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာလာမယ့္တနဂၤေႏြေန႔မွာ႐ိုေမးနီးယားႏွင့္ထပ္မံေျခစမ္းၿပီးေနာက္ဇြန္လ၁၃ရက္ေန႔မွာအဖြင့္ပြဲစဥ္အျဖစ္ခ႐ိုေအးရွားႏွင့္ရင္ဆိုင္ကစားရပါမယ္။