ယူရိုသန်း ၅၀ သတ်မှတ်ထားတဲ့ အသက် ၁၇ နှစ်အရွယ် ပါရမီရှင်လူငယ်အား သရဲနီနှင့်ကြိုးကြာနီ အပြိုင်လုလာ

ဂါဗီဟာဗုဒ္ဓဟူးနေ့တုန်းကစပိန်အတွက်ပထမဆုံးနိုင်ငံတကာပွဲကစားခဲ့ပြီးသူ့ကို ထိပ်တန်းကလပ်အမြောက်အမြားတို့မှကင်းထောက်များစောင့်ကြည့်ခဲ့ကြပါတယ်။ဂါဗီကိုစောင့်ကြည့်ခဲ့တဲ့ကင်းထောက်များထဲမှာမန်ချက်စတာယူနိုက်တက်နှင့်လီဗာပူးတို့မှကင်းထောက်များလည်းပါဝင်ခဲ့ပါတယ်။

အသက်၁၇နှစ်အရွယ်သာရှိသေးတဲ့ဂါဗီဟာယူရို၂၀၂၀ချန်ပီယံအီတလီကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ စပိန်လက်ရွေးစင်အသင်းကြီးအတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့ဆိုပေမယ့်အသက်အရွယ်နှင့်မမျှအောင်တည်ငြိမ်ရင့်ကျက်စွာကစားသွားခဲ့ပါတယ်။ယခုထွက်ပေါ်နေတဲ့သတင်းများအရဆိုရင် အသက်၁၇နှစ်အရွယ်ရှိလူငယ်ပါရမီရှင်အလယ်တန်းကစားသမားကို မကြာမီကာလအတွင်းမှာပရီးမီးယားလိဂ်မှာကစားနေတာမြင်တွေ့ရဖို့ရှိနေပါတယ်။

ဂါဗီဟာဘာစီလိုနာရဲ့နာမည်ကျော် La Masia အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီးယခုရာသီမှာကိုးမန်းရဲ့ဘာစီလိုနာပထမအသင်းသို့ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာဘာစီလိုနာအတွက်၇ပွဲကစားစဉ်အတွင်းဘောလုံးဖြန့်ဝေမှု၊ဘောလုံးကျွမ်းကျင်မှု အဆင့်မြင့်တဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများစွာရင်ဆိုင်နေရမှုနဲ့အတူ သူ့ကိုနူးကမ့်မှာကစားတာကြာကြာမြင်တွေ့ရဖို့မရှိပါဘူး။သူ့ကိုနိုင်ငံခြားကလပ်အမြောက်အမြားတို့ကခေါ်ယူရန်စိတ်ဝင်စားနေကြပါတယ်။

စပိန်သတင်းစာ El Nacional ကလီဗာပူးနှင့်မန်ချက်စတာယူနိုက်တက်တို့ဟာလူငယ်ပါရမီရှင်ကစားသမားကိုသူ့စာချုပ်ပါအချက်အတိုင်း ပြောင်းရွှေ့ကြေးပေးပြီးခေါ်ယူဖို့စီစဉ်နေကြောင်းသိရပါတယ်။

ဂါဗီရဲ့စာချုပ်အတွင်းမှာသူ့ကိုယူရိုသန်း၅၀နဲ့ခေါ်ယူနိုင်တဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။တစ်ဖက်တွင်ပီအက်စ်ဂျီအသင်းကလည်းဂါဗီရဲ့အခြေအနေကိုစောင့်ကြည့်နေပါတယ်။

တစ်ဖက်တွင်ဘာစီလိုနာဟာငွေကြေးပြဿနာများရှိနေပေမယ့်လည်းလူငယ်ကစားသမားအား စာချုပ်သစ်ချုပ်ဆိုပြီးနှစ်ရှည်ထိန်းထားဖို့တော့အစွမ်းကုန်ကြိုးပမ်းသွားဖို့တော့ရှိပါတယ်။ကစားသမားကိုယ်တိုင်ကလည်းဘာစီလိုနာမှာကာလရှည်ကြာကစားပြီးအောင်မြင်မှုရယူလိုနေပါတယ်။

ဒါပေမယ့်လီဗာပူးနှင့်မန်ယူတို့ကလည်းစာချုပ်ပါအချက်အတိုင်းပြောင်းရွှေ့ကြေးပေးနိုင်တဲ့အပြင်လူငယ်ကစားသမားတစ်ဦးအတွက်မက်မောလောက်စရာငွေပမာဏလည်းပေးနိုင်ရာ အပြောင်းအလဲမှာချက်ချင်းဖြစ်လာနိုင်ပါတယ်။

ZawGyi

ယူရိုသန်း ၅၀ သတ်မှတ်ထားတဲ့ အသက် ၁၇ နှစ်အရွယ် ပါရမီရှင်လူငယ်အား သရဲနီနှင့်ကြိုးကြာနီ အပြိုင်လုလာ

ဂါဗီဟာဗုဒၶဟူးေန႔တုန္းကစပိန္အတြက္ပထမဆုံးႏိုင္ငံတကာပြဲကစားခဲ့ၿပီးသူ႔ကို ထိပ္တန္းကလပ္အေျမာက္အျမားတို႔မွကင္းေထာက္မ်ားေစာင့္ၾကည့္ခဲ့ၾကပါတယ္။ဂါဗီကိုေစာင့္ၾကည့္ခဲ့တဲ့ကင္းေထာက္မ်ားထဲမွာမန္ခ်က္စတာယူႏိုက္တက္ႏွင့္လီဗာပူးတို႔မွကင္းေထာက္မ်ားလည္းပါဝင္ခဲ့ပါတယ္။

အသက္၁၇ႏွစ္အ႐ြယ္သာရွိေသးတဲ့ဂါဗီဟာယူ႐ို၂၀၂၀ခ်န္ပီယံအီတလီကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ စပိန္လက္ေ႐ြးစင္အသင္းႀကီးအတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့ဆိုေပမယ့္အသက္အ႐ြယ္ႏွင့္မမွ်ေအာင္တည္ၿငိမ္ရင့္က်က္စြာကစားသြားခဲ့ပါတယ္။ယခုထြက္ေပၚေနတဲ့သတင္းမ်ားအရဆိုရင္ အသက္၁၇ႏွစ္အ႐ြယ္ရွိလူငယ္ပါရမီရွင္အလယ္တန္းကစားသမားကို မၾကာမီကာလအတြင္းမွာပရီးမီးယားလိဂ္မွာကစားေနတာျမင္ေတြ႕ရဖို႔ရွိေနပါတယ္။

ဂါဗီဟာဘာစီလိုနာရဲ႕နာမည္ေက်ာ္ La Masia အကယ္ဒမီထြက္ကစားသမားတစ္ဦးျဖစ္ၿပီးယခုရာသီမွာကိုးမန္းရဲ႕ဘာစီလိုနာပထမအသင္းသို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာဘာစီလိုနာအတြက္၇ပြဲကစားစဥ္အတြင္းေဘာလုံးျဖန႔္ေဝမႈ၊ေဘာလုံးကြၽမ္းက်င္မႈ အဆင့္ျမင့္တဲ့ကစားသမားတစ္ဦးျဖစ္ေၾကာင္းျပသႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားစြာရင္ဆိုင္ေနရမႈနဲ႔အတူ သူ႔ကိုႏူးကမ့္မွာကစားတာၾကာၾကာျမင္ေတြ႕ရဖို႔မရွိပါဘူး။သူ႔ကိုႏိုင္ငံျခားကလပ္အေျမာက္အျမားတို႔ကေခၚယူရန္စိတ္ဝင္စားေနၾကပါတယ္။

စပိန္သတင္းစာ El Nacional ကလီဗာပူးႏွင့္မန္ခ်က္စတာယူႏိုက္တက္တို႔ဟာလူငယ္ပါရမီရွင္ကစားသမားကိုသူ႔စာခ်ဳပ္ပါအခ်က္အတိုင္း ေျပာင္းေ႐ႊ႕ေၾကးေပးၿပီးေခၚယူဖို႔စီစဥ္ေနေၾကာင္းသိရပါတယ္။

ဂါဗီရဲ႕စာခ်ဳပ္အတြင္းမွာသူ႔ကိုယူ႐ိုသန္း၅၀နဲ႔ေခၚယူႏိုင္တဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။တစ္ဖက္တြင္ပီအက္စ္ဂ်ီအသင္းကလည္းဂါဗီရဲ႕အေျခအေနကိုေစာင့္ၾကည့္ေနပါတယ္။

တစ္ဖက္တြင္ဘာစီလိုနာဟာေငြေၾကးျပႆနာမ်ားရွိေနေပမယ့္လည္းလူငယ္ကစားသမားအား စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးႏွစ္ရွည္ထိန္းထားဖို႔ေတာ့အစြမ္းကုန္ႀကိဳးပမ္းသြားဖို႔ေတာ့ရွိပါတယ္။ကစားသမားကိုယ္တိုင္ကလည္းဘာစီလိုနာမွာကာလရွည္ၾကာကစားၿပီးေအာင္ျမင္မႈရယူလိုေနပါတယ္။

ဒါေပမယ့္လီဗာပူးႏွင့္မန္ယူတို႔ကလည္းစာခ်ဳပ္ပါအခ်က္အတိုင္းေျပာင္းေ႐ႊ႕ေၾကးေပးႏိုင္တဲ့အျပင္လူငယ္ကစားသမားတစ္ဦးအတြက္မက္ေမာေလာက္စရာေငြပမာဏလည္းေပးႏိုင္ရာ အေျပာင္းအလဲမွာခ်က္ခ်င္းျဖစ္လာႏိုင္ပါတယ္။