ယူရိုအငြင်းပွားဖွယ်ရာများကြောင့် ပင်နယ်တီဖြင့် အသည်းကွဲကြေရန် အင်္ဂလန်ထိုက်တန်

ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားလိုသာမားသီးယပ်စ်ကအင်္ဂလန်နှင့်၎င်းတို့ရဲ့ပရိသတ်များမှာယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီကိုပင်နယ်တီဖြင့်ရှုံးနိမ့်ကာအသည်းကွဲရန်ထိုက်တန်ကြောင်းပြောကြားလိုက်ပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာတနင်္ဂနွေနေ့တုန်းကဝင်ဘာလေကွင်းတွင်လုခ်ရှောရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယအီတလီဟာဒုတိယပိုင်းမှာဘိုနုချီရဲ့ဂိုးနဲ့ချေပဂိုးရခဲ့ပြီးပင်နယ်တီအဆုံးဖြတ်ကန်ခဲ့ကြရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်တွင်မက်ဂွိုင်းယားနှင့်ကိန်းတို့ဂိုးဝင်ခဲ့ကြပေမယ့်ဆန်ချို၊ဆာကာနှင့်ရပ်ရှ်ဖို့ဒ်တို့မဝင်ခဲ့ကြပါဘူး။

ဒါကြောင့်လည်းအင်္ဂလန်ဟာ၁၉၆၆ကမ္ဘာ့ဖလားနောက်ပိုင်းပထမဆုံးဆုဖလားဆွတ်ခူးနိုင်မယ့်ရည်မှန်းချက်ပျက်သုဉ်းကြခဲ့ကြရပါတယ်။

မန်စီနီရဲ့အီတလီကတော့၃၄ပွဲဆက်ရှုံးပွဲမရှိစံချိန်ရရှိသွားပြီးသမိုင်းတွင်ဒုတိယမြောက်ယူရိုဖလားပိုင်ဆိုင်ခဲ့ပါတယ်။

မားသီးယပ်စ်က “အင်္ဂလန်ပရိသတ်တွေဟာဂျာမန်ဂျာစီနဲ့ငိုနေတဲ့မိန်းကလေးငယ်လေးကိုရန်လိုခဲ့ကြတယ်။သူတို့ဟာပြိုင်ဘက်အသင်း နိုင်ငံတော်သီချင်းဆိုတဲ့အခါလှောင်ပြောင်ကြတယ်။ ဒိန်းမတ်ဂိုးသမားကိုပင်နယ်တီမှာလေဆာနဲ့ထိုးခဲ့တယ်။ဆီမီးဖိုင်နယ်မှာစတာလင်းကပင်နယ်တီရအောင်ဒိုင်ဗင်ထိုးခဲ့တယ်။ဗိုလ်လုပွဲပြီးတော့သူတို့ကကစားသမားကိုလူမျိုးရေးခွဲခြားတိုက်ခိုက်တယ်။ချစ်လှစွာသောအင်္ဂလိပ်အပေါင်းတို့။ဒါတွေကမင်းတို့နဲ့ပတ်သက်ပြီးငါတို့မသိတဲ့၊နောက်ထပ်ဘယ်တော့မှမမြင်ချင်တော့တဲ့ အားကစားမပီသတဲ့အပြုအမူတွေပါ။ကစားသမားတွေအတွက်စိတ်တော့မကောင်းပါဘူး။ဒါပေမယ့်ဗိုလ်လုပွဲမှာပင်နယ်တီနဲ့ရှုံးနိမ့်ဖို့ထိုက်တန်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ပရိသတ်များဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဂျာမနီအား၂-၀ဂိုးဖြင့်အနိုင်ရရှိပွဲမှာအသင်းရှုံးလို့ငိုနေတဲ့ဂျာမနီကလေးမလေးတစ်ဦးကိုလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

ယင်းကိုမကျေနပ်တဲ့ဝေးလ်သားတစ်ဦးက JustGiving တွင် ယင်းကလေးမလေးအား မုန့်ဖိုး ပေါင်၅၀၀ ပေးရန် အလှူခံရာမှာပေါင်၃၀၀၀၀ကျော်အထိရရှိသွားခဲ့ပါတယ်။ယင်းကလေးမလေးဟာယင်းငွေအားလုံးကို ယူနီဆက်ဖ်သို့လှူဒါန်းခဲ့ပါတယ်။

စတာလင်းဟာလည်းဒိန်းမတ်အား၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာအချိန်ပိုမှာဟန်ဆောင်ဒိုင်ဗင်ထိုးပြီးပင်နယ်တီရရှိအောင်လုပ်ခဲ့ပါတယ်။ယင်းပင်နယ်တီကိုကိန်းမကန်မီအင်္ဂလန်ပရိသတ်တစ်ဦးကဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ရဲ့မျက်နှာအားလေဆာဖြင့်ထိုးကာအနှောက်အယှက်ပေးခဲ့ပါတယ်။

အက်ဖ်အေဟာပရိသတ်ရဲ့ယင်းလုပ်ရပ်ကြောင့်ပေါင်၂၆၀၀၀ဒဏ်ရိုက်ခံခဲ့ရပါတယ်။ဒါ့အပြင်အင်္ဂလန်ဘောလုံအးဖွဲ့ချုပ်ဟာဗိုလ်လုပွဲတွင်အင်္ဂလန်အသင်း နိုင်ငံတော်သီချင်းသီဆိုစဉ်ပရိသတ်များလှောင်ပြောင်မှုအတွက်စွဲချက်တင်ခံထားရပါတယ်။

ZawGyi

ယူ႐ိုအျငင္းပြားဖြယ္ရာမ်ားေၾကာင့္ ပင္နယ္တီျဖင့္ အသည္းကြဲေၾကရန္ အဂၤလန္ထိုက္တန္

ဘိုင္ယန္ျမဴးနစ္ဂႏၴဝင္ကစားသမားလိုသာမားသီးယပ္စ္ကအဂၤလန္ႏွင့္၎တို႔ရဲ႕ပရိသတ္မ်ားမွာယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အီတလီကိုပင္နယ္တီျဖင့္ရႈံးနိမ့္ကာအသည္းကြဲရန္ထိုက္တန္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာတနဂၤေႏြေန႔တုန္းကဝင္ဘာေလကြင္းတြင္လုခ္ေရွာရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒုတိယအီတလီဟာဒုတိယပိုင္းမွာဘိုႏုခ်ီရဲ႕ဂိုးနဲ႔ေခ်ပဂိုးရခဲ့ၿပီးပင္နယ္တီအဆုံးျဖတ္ကန္ခဲ့ၾကရပါတယ္။

ပင္နယ္တီအဆုံးအျဖတ္တြင္မက္ဂြိဳင္းယားႏွင့္ကိန္းတို႔ဂိုးဝင္ခဲ့ၾကေပမယ့္ဆန္ခ်ိဳ၊ဆာကာႏွင့္ရပ္ရွ္ဖို႔ဒ္တို႔မဝင္ခဲ့ၾကပါဘူး။

ဒါေၾကာင့္လည္းအဂၤလန္ဟာ၁၉၆၆ကမာၻ႔ဖလားေနာက္ပိုင္းပထမဆုံးဆုဖလားဆြတ္ခူးႏိုင္မယ့္ရည္မွန္းခ်က္ပ်က္သုဥ္းၾကခဲ့ၾကရပါတယ္။

မန္စီနီရဲ႕အီတလီကေတာ့၃၄ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္ရရွိသြားၿပီးသမိုင္းတြင္ဒုတိယေျမာက္ယူ႐ိုဖလားပိုင္ဆိုင္ခဲ့ပါတယ္။

မားသီးယပ္စ္က “အဂၤလန္ပရိသတ္ေတြဟာဂ်ာမန္ဂ်ာစီနဲ႔ငိုေနတဲ့မိန္းကေလးငယ္ေလးကိုရန္လိုခဲ့ၾကတယ္။သူတို႔ဟာၿပိဳင္ဘက္အသင္း ႏိုင္ငံေတာ္သီခ်င္းဆိုတဲ့အခါေလွာင္ေျပာင္ၾကတယ္။ ဒိန္းမတ္ဂိုးသမားကိုပင္နယ္တီမွာေလဆာနဲ႔ထိုးခဲ့တယ္။ဆီမီးဖိုင္နယ္မွာစတာလင္းကပင္နယ္တီရေအာင္ဒိုင္ဗင္ထိုးခဲ့တယ္။ဗိုလ္လုပြဲၿပီးေတာ့သူတို႔ကကစားသမားကိုလူမ်ိဳးေရးခြဲျခားတိုက္ခိုက္တယ္။ခ်စ္လွစြာေသာအဂၤလိပ္အေပါင္းတို႔။ဒါေတြကမင္းတို႔နဲ႔ပတ္သက္ၿပီးငါတို႔မသိတဲ့၊ေနာက္ထပ္ဘယ္ေတာ့မွမျမင္ခ်င္ေတာ့တဲ့ အားကစားမပီသတဲ့အျပဳအမူေတြပါ။ကစားသမားေတြအတြက္စိတ္ေတာ့မေကာင္းပါဘူး။ဒါေပမယ့္ဗိုလ္လုပြဲမွာပင္နယ္တီနဲ႔ရႈံးနိမ့္ဖို႔ထိုက္တန္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ပရိသတ္မ်ားဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ဂ်ာမနီအား၂-၀ဂိုးျဖင့္အႏိုင္ရရွိပြဲမွာအသင္းရႈံးလို႔ငိုေနတဲ့ဂ်ာမနီကေလးမေလးတစ္ဦးကိုေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ယင္းကိုမေက်နပ္တဲ့ေဝးလ္သားတစ္ဦးက JustGiving တြင္ ယင္းကေလးမေလးအား မုန႔္ဖိုး ေပါင္၅၀၀ ေပးရန္ အလႉခံရာမွာေပါင္၃၀၀၀၀ေက်ာ္အထိရရွိသြားခဲ့ပါတယ္။ယင္းကေလးမေလးဟာယင္းေငြအားလုံးကို ယူနီဆက္ဖ္သို႔လႉဒါန္းခဲ့ပါတယ္။

စတာလင္းဟာလည္းဒိန္းမတ္အား၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာအခ်ိန္ပိုမွာဟန္ေဆာင္ဒိုင္ဗင္ထိုးၿပီးပင္နယ္တီရရွိေအာင္လုပ္ခဲ့ပါတယ္။ယင္းပင္နယ္တီကိုကိန္းမကန္မီအဂၤလန္ပရိသတ္တစ္ဦးကဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ရဲ႕မ်က္ႏွာအားေလဆာျဖင့္ထိုးကာအေႏွာက္အယွက္ေပးခဲ့ပါတယ္။

အက္ဖ္ေအဟာပရိသတ္ရဲ႕ယင္းလုပ္ရပ္ေၾကာင့္ေပါင္၂၆၀၀၀ဒဏ္႐ိုက္ခံခဲ့ရပါတယ္။ဒါ့အျပင္အဂၤလန္ေဘာလုံအးဖြဲ႕ခ်ဳပ္ဟာဗိုလ္လုပြဲတြင္အဂၤလန္အသင္း ႏိုင္ငံေတာ္သီခ်င္းသီဆိုစဥ္ပရိသတ္မ်ားေလွာင္ေျပာင္မႈအတြက္စြဲခ်က္တင္ခံထားရပါတယ္။