ယူရိုအပြီးတွင် ကစားသမားဘဝမှနားမည်ဆိုသည့်သတင်းကို ဘေးလ်မငြင်း

ဂါရတ်ဘးလ်ဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဘောလုံးကစားသမားဘဝမှအနားယူနိုင်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးငြင်းဆိုသွားခဲ့ခြင်းမရှိပါဘူး။

အသက်၃၁နှစ်ရှိဝေးလ်စတားဟာယခုနွေရာသီမှာဝေးလ်အသင်းကိုယူရို၂၀၂၀ပြိုင်ပွဲကိုဦးဆောင်ကစားသွားပါမယ်။

ဘေးလ်ဟာပြီးခဲ့တဲ့ရာသီတုန်းကရီးရဲလ်မက်ဒရစ်မှစပါးစ်သို့အငှားဖြင့်လာရောက်ကစားခဲ့သူဖြစ်ပြီးရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်ကျန်ပါသေးတယ်။

စပိန်သတင်းဌာန ABC ကရီးရဲလ်မက်ဒရစ်တိုက်စစ်သမားဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ကစားသမားဘဝမှအနားယူနိုင်ကြောင်းရေးသားဖော်ပြခဲ့ပါတယ်။

ယင်းသတင်းနဲ့ပတ်သက်ပြီးဘေးလ်က “ကျွန်တော်အနားယူမယ်၊နားဖို့လုပ်နေတယ်လို့ရေးသားနေကြတာတွေကအများကြီးပါ။အခုအချိန်မှာကျွန်တော့်အနေနဲ့ပြဿနာတွေတသီကြီးဖြစ်လာအောင်ဘာမှမပြောချင်ပါဘူး။အခုယူရိုအတွက်ဘဲအာရုံစိုက်ချင်ပါတယ်။ကျွန်တော်လုပ်မယ့်အရာ၊လုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးပြောဆိုပြီးပြဿနာမဖြစ်ချင်ပါဘူး။ယူရိုအတွက်ဘဲအာရုံစိုက်နေပါတယ်။ယူရိုပြီးရင်တော့တွေ့ဆုံဆွေးနွေးပြီးဆုံးဖြတ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ဂါရတ်ဘေးလ်ဟာရီးရဲလ်မက်ဒရစ်မှာတစ်ပတ်လုပ်ခပေါင်၆၅၀၀၀၀ရရှိနေသူဖြစ်ပြီးတစ်နှစ်စာချုပ်ကျန်ပါသေးတယ်။

ZawGyi

ယူ႐ိုအၿပီးတြင္ ကစားသမားဘဝမွနားမည္ဆိုသည့္သတင္းကို ေဘးလ္မျငင္း

ဂါရတ္ဘးလ္ဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ေဘာလုံးကစားသမားဘဝမွအနားယူႏိုင္တယ္ဆိုတဲ့သတင္းနဲ႔ပတ္သက္ၿပီးျငင္းဆိုသြားခဲ့ျခင္းမရွိပါဘူး။

အသက္၃၁ႏွစ္ရွိေဝးလ္စတားဟာယခုေႏြရာသီမွာေဝးလ္အသင္းကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုဦးေဆာင္ကစားသြားပါမယ္။

ေဘးလ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကရီးရဲလ္မက္ဒရစ္မွစပါးစ္သို႔အငွားျဖင့္လာေရာက္ကစားခဲ့သူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ပါေသးတယ္။

စပိန္သတင္းဌာန ABC ကရီးရဲလ္မက္ဒရစ္တိုက္စစ္သမားဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ကစားသမားဘဝမွအနားယူႏိုင္ေၾကာင္းေရးသားေဖာ္ျပခဲ့ပါတယ္။

ယင္းသတင္းနဲ႔ပတ္သက္ၿပီးေဘးလ္က “ကြၽန္ေတာ္အနားယူမယ္၊နားဖို႔လုပ္ေနတယ္လို႔ေရးသားေနၾကတာေတြကအမ်ားႀကီးပါ။အခုအခ်ိန္မွာကြၽန္ေတာ့္အေနနဲ႔ျပႆနာေတြတသီႀကီးျဖစ္လာေအာင္ဘာမွမေျပာခ်င္ပါဘူး။အခုယူ႐ိုအတြက္ဘဲအာ႐ုံစိုက္ခ်င္ပါတယ္။ကြၽန္ေတာ္လုပ္မယ့္အရာ၊လုပ္ေနတဲ့အရာေတြနဲ႔ပတ္သက္ၿပီးေျပာဆိုၿပီးျပႆနာမျဖစ္ခ်င္ပါဘူး။ယူ႐ိုအတြက္ဘဲအာ႐ုံစိုက္ေနပါတယ္။ယူ႐ိုၿပီးရင္ေတာ့ေတြ႕ဆုံေဆြးေႏြးၿပီးဆုံးျဖတ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဂါရတ္ေဘးလ္ဟာရီးရဲလ္မက္ဒရစ္မွာတစ္ပတ္လုပ္ခေပါင္၆၅၀၀၀၀ရရွိေနသူျဖစ္ၿပီးတစ္ႏွစ္စာခ်ဳပ္က်န္ပါေသးတယ္။