ယူရို၂၀၂၀ချန်ပီယံဖြစ်ဖို့ ပေါင်၃၁၀၀၀တန်အံ့ဖွယ်မွေ့ယာကို လျို့ဝှက်လက်နက်အဖြစ် စပိန်အသုံးပြုနေ

စပိန်အသင်းမှာယူရို၂၀၂၀ပြိုင်ပွဲမှာအောင်မြင်မှုရရှိရေးအတွက်လျို့ဝှက်လက်နက်တစ်ခုရှိနေပါတယ်။စပိန်အသင်းရဲ့လျို့ဝှက်လက်နက်ကတော့ပေါင်၃၁၀၀၀အထိပေးရတဲ့ အိုမင်းရင့်မှုကိုလျှော့ချပေးနိုင်တဲ့အံ့ဖွယ်မွေ့ယာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းနည်းပြလူးဝစ်အန်းနရစ်ဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်အပြီးသတ်ကစားသမား၂၆ဦးကိုရွေးချယ်ထားပြီးဖြစ်ကာပထမဆုံးအကြိမ်အဖြစ်ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦးမျှရွေးချယ်ခံရခြင်းမရှိပါဘူး။

စပိန်ဟာ၂၀၁၆ခုနှစ်တုန်းကပေါ်တူဂီကိုချန်ပီယံဆုလွဲပြောင်းပေးခဲ့ရကာသုံးကြိမ်ဆက်ချန်ပီယံဖြစ်ရေးအိပ်မက်အဆုံးသတ်ခဲ့ရပြီးနောက်ပြန်လည်လွဲပြောင်းရယူနိုင်ရေးအကြီးမားဆုံးမျှော်လင့်ချက်ရှိနေပါတယ်။

အိမ်နီးချင်းပေါ်တူဂီထံမှချန်ပီယံဆုကိုပြန်လည်ရယူနိုင်ရေးအတွက်စပိန်အသင်းဟာအရည်အသွေးတင်မကလျို့ဝှက်လက်နက်တစ်ခုလည်းရရှိနေပါတယ်။အဲဒါကတော့အထက်မှာပြောခဲ့သလိုပေါင်၃၁၀၀၀တန်မွေ့ယာပါ။

AS ရဲ့ဖော်ပြချက်အရစပိန်အသင်းမှမားကို့စ်လိုရန်တီ၊ကိုကီ၊အေမီရစ်လာပေါ်တီ၊အယ်လ်ဗာရိုမိုရာတာ၊အဲရစ်ဂါစီယာတို့အပါအဝင်အနည်းဆုံးကစားသမားငါးဦးတို့ဟာပေါင်၃၁၀၀၀တန်ဖိုးရှိ Hogoအံ့ဖွယ်မွေ့ယာအသုံးပြုနေကြောင်းသိရပါတယ်။

Hogo မွေ့ယာကိုသိပ္ပံနည်းကျထုတ်လုပ်ထားတာဖြစ်ပြီးအိုမင်းကြီးရင့်ခြင်းကိုလျှော့ချပေးနိုင်ကာဘောလုံးသမားများအတွက်အသင့်တော်ဆုံးမွေ့ယာလည်းဖြစ်ပါတယ်။

Hogo ကသူတို့ရဲ့မွေ့ယာဟာကမ္ဘာပေါ်တွင်တစ်ခုတည်းသောဇီဝဆိုင်ရာသဘာဝအလျှောက်အရွယ်ကြီးရင့်မှုကိုလျှော့ချပေးနိုင်တဲ့မွေ့ယာဖြစ်ကြောင်ဆိုထားပါတယ်။

ဒါ့အပြင် Hogo ကသူတို့ရဲ့မွေ့ယာတွင်အိပ်စက်မှုကြောင့်အားကစားသမားများအနေဖြင့်ပြန်လည်အားပြည့်လာမှုကိုပိုမိုကောင်းမွန်လာစေတဲ့အပြင်ဒဏ်ရာမှပြန်ကောင်းလာမှုကိုလည်းမြန်ဆန်လာစေကြောင်းဆိုထားပါတယ်။ဘောလုံးစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းအဆိုပါမွေ့ယာကိုအသုံးပြုအိပ်တဲ့သူဖြစ်ပါတယ်။

စပိန်အသင်းဟာပြီးခဲ့တဲ့ယူရို၂၀၁၆ပြိုင်ပွဲတုန်းကအီတလီအသင်းကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပါတယ်။

၎င်းတို့ဟာယူရို၂၀၂၀အုပ်စု(င)တွင်ပိုလန်၊ဆလိုဗက်ကီးယား၊ဆွီဒင်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ဖို႔ ေပါင္၃၁၀၀၀တန္အံ့ဖြယ္ေမြ႕ယာကို လ်ိဳ႕ဝွက္လက္နက္အျဖစ္ စပိန္အသုံးျပဳေန

စပိန္အသင္းမွာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာေအာင္ျမင္မႈရရွိေရးအတြက္လ်ိဳ႕ဝွက္လက္နက္တစ္ခုရွိေနပါတယ္။စပိန္အသင္းရဲ႕လ်ိဳ႕ဝွက္လက္နက္ကေတာ့ေပါင္၃၁၀၀၀အထိေပးရတဲ့ အိုမင္းရင့္မႈကိုေလွ်ာ့ခ်ေပးႏိုင္တဲ့အံ့ဖြယ္ေမြ႕ယာျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္အသင္းနည္းျပလူးဝစ္အန္းနရစ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္အၿပီးသတ္ကစားသမား၂၆ဦးကိုေ႐ြးခ်ယ္ထားၿပီးျဖစ္ကာပထမဆုံးအႀကိမ္အျဖစ္ရီးရဲလ္မက္ဒရစ္ကစားသမားတစ္ဦးမွ်ေ႐ြးခ်ယ္ခံရျခင္းမရွိပါဘူး။

စပိန္ဟာ၂၀၁၆ခုႏွစ္တုန္းကေပၚတူဂီကိုခ်န္ပီယံဆုလြဲေျပာင္းေပးခဲ့ရကာသုံးႀကိမ္ဆက္ခ်န္ပီယံျဖစ္ေရးအိပ္မက္အဆုံးသတ္ခဲ့ရၿပီးေနာက္ျပန္လည္လြဲေျပာင္းရယူႏိုင္ေရးအႀကီးမားဆုံးေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။

အိမ္နီးခ်င္းေပၚတူဂီထံမွခ်န္ပီယံဆုကိုျပန္လည္ရယူႏိုင္ေရးအတြက္စပိန္အသင္းဟာအရည္အေသြးတင္မကလ်ိဳ႕ဝွက္လက္နက္တစ္ခုလည္းရရွိေနပါတယ္။အဲဒါကေတာ့အထက္မွာေျပာခဲ့သလိုေပါင္၃၁၀၀၀တန္ေမြ႕ယာပါ။

AS ရဲ႕ေဖာ္ျပခ်က္အရစပိန္အသင္းမွမားကို႔စ္လိုရန္တီ၊ကိုကီ၊ေအမီရစ္လာေပၚတီ၊အယ္လ္ဗာ႐ိုမိုရာတာ၊အဲရစ္ဂါစီယာတို႔အပါအဝင္အနည္းဆုံးကစားသမားငါးဦးတို႔ဟာေပါင္၃၁၀၀၀တန္ဖိုးရွိ Hogoအံ့ဖြယ္ေမြ႕ယာအသုံးျပဳေနေၾကာင္းသိရပါတယ္။

Hogo ေမြ႕ယာကိုသိပၸံနည္းက်ထုတ္လုပ္ထားတာျဖစ္ၿပီးအိုမင္းႀကီးရင့္ျခင္းကိုေလွ်ာ့ခ်ေပးႏိုင္ကာေဘာလုံးသမားမ်ားအတြက္အသင့္ေတာ္ဆုံးေမြ႕ယာလည္းျဖစ္ပါတယ္။

Hogo ကသူတို႔ရဲ႕ေမြ႕ယာဟာကမာၻေပၚတြင္တစ္ခုတည္းေသာဇီဝဆိုင္ရာသဘာဝအေလွ်ာက္အ႐ြယ္ႀကီးရင့္မႈကိုေလွ်ာ့ခ်ေပးႏိုင္တဲ့ေမြ႕ယာျဖစ္ေၾကာင္ဆိုထားပါတယ္။

ဒါ့အျပင္ Hogo ကသူတို႔ရဲ႕ေမြ႕ယာတြင္အိပ္စက္မႈေၾကာင့္အားကစားသမားမ်ားအေနျဖင့္ျပန္လည္အားျပည့္လာမႈကိုပိုမိုေကာင္းမြန္လာေစတဲ့အျပင္ဒဏ္ရာမွျပန္ေကာင္းလာမႈကိုလည္းျမန္ဆန္လာေစေၾကာင္းဆိုထားပါတယ္။ေဘာလုံးစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာလည္းအဆိုပါေမြ႕ယာကိုအသုံးျပဳအိပ္တဲ့သူျဖစ္ပါတယ္။

စပိန္အသင္းဟာၿပီးခဲ့တဲ့ယူ႐ို၂၀၁၆ၿပိဳင္ပြဲတုန္းကအီတလီအသင္းကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရပါတယ္။

၎တို႔ဟာယူ႐ို၂၀၂၀အုပ္စု(င)တြင္ပိုလန္၊ဆလိုဗက္ကီးယား၊ဆြီဒင္တို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။