ယူရို၂၀၂၀နှင့်မန်စီးတီးအပြောင်းအရွှေ့ကြောင့် ယခုရာသီတွင်ရုန်းကန်ရခြင်းဟု ဟယ်ရီကိန်းဝန်ခံ

ဟယ်ရီကိန်းကနွေရာသီတုန်းကနာကျင်စရာအခက်အခဲနှစ်ရပ်နှင့်ရင်ဆိုင်ခဲ့ရမှုနဲ့အတူရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြဿနာများနှင့်ကြုံခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲတွင်အီတလီကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ပြီးနောက်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။

သူဟာယူရိုဗိုလ်လုပွဲသို့ရှုံးနိမ့်ပြီးနောက်စပါးစ်ထံသို့အသင်းပြောင်းခွင့်တောင်းဆိုကာမန်စီးတီးသို့ပြောင်းရေးကြိုးပမ်းခဲ့ပါတယ်။

ဟယ်ရီကိန်းဟာယူရိုနှင့်မန်စီးတီးအပြောင်းအရွှေ့နှစ်ခုလုံးတို့တွင်မအောင်မြင်ခဲ့မှုနဲ့အတူယခုရာသီတွင်ရုန်းကန်နေရပြီးပရီးမီးယားလိဂ်တွင်တစ်ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။

အသက်၂၈နှစ်ရှိဟယ်ရီကိန်းက “ဒီပြိုင်ပွဲကကိုယ့်ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းများစွာကိုယူဆောင်သွားခဲ့တယ်ဆိုတာလူတော်တော်များများပြောကြပါတယ်။ပြီးတာနဲ့ချက်ချင်းရာသီပြန်စရပြန်ပါတယ်။ဒါပေမယ့်စိတ်ဓာတ်ပိုင်းမှာတော့ကစားသမားတွေကောင်းနေကြပါတယ်။ဒါကကစားသမားတွေအတွက်အရေးအကြီးဆုံးပါ။ပြိုင်ပွဲတစ်ခုမှာအနိမ့်အမြင့်အတက်အကျကကြုံရပါတယ်။အိပ်မက်တစ်ခုဖြစ်လုနီးပါးဖြစ်ခဲ့တယ်။ဖမ်းဆုပ်လုနီးဖြစ်မှအလျှင်အမြန်ဘဲပျောက်ကွယ်သွားတယ်။နောက်တော့အပြောင်းအရွှေ့သတင်းထွက်လာပါတော့တယ်။အခြေအနေအများကြီးကိုရင်ဆိုင်ခဲ့ရတယ်။စိတ်ဓာတ်ပိုင်းကိုထိပါတယ်။ဒါပေမယ့်ကျွန်တော့်မှာမိသားစုဝင်တွေ၊သူငယ်ချင်းကောင်းတွေရှိပါတယ်။အခက်အခဲကြုံလာတဲ့အခါကိုယ်ယုံကြည်ရတဲ့သူကိုမဖုံးမကွယ်ဘဲပြောကြားဖို့ကအရေးအကြီးဆုံးပါ။ပြိုင်ပွဲကနေစိတ်ပင်ပန်းလူပင်ပန်းနဲ့ပြန်လာတယ်။သုံးပတ်လည်းကြာရောပရီးမီးယားလိဂ်ပြန်စပြန်ပါပြီ။ချက်ချင်းပြန်သွားရတယ်။ချက်ချင်းအကောင်းဆုံးပုံစံပြန်ရဖို့ဆိုတာခက်ခဲလှပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာနွေရာသီတုန်းကစပါးစ်မှထွက်ခွာခွင့်ပေးရန်ဥက္ကဌလီဗိုင်းထံသို့လူသိရှင်ကြားတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။လီဗိုင်းဟာကိန်းရဲ့တောင်းဆိုမှုကိုလက်ခံပေမယ့်မန်စီးတီးကပေါင်သန်း၁၀၀ဖြင့်ကမ်းလှမ်းမှုကိုပယ်ချမှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ႏွင့္မန္စီးတီးအေျပာင္းအေ႐ႊ႕ေၾကာင့္ ယခုရာသီတြင္႐ုန္းကန္ရျခင္းဟု ဟယ္ရီကိန္းဝန္ခံ

ဟယ္ရီကိန္းကေႏြရာသီတုန္းကနာက်င္စရာအခက္အခဲႏွစ္ရပ္ႏွင့္ရင္ဆိုင္ခဲ့ရမႈနဲ႔အတူ႐ုပ္ပိုင္းဆိုင္ရာစိတ္ပိုင္းဆိုင္ရာျပႆနာမ်ားႏွင့္ႀကဳံခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲတြင္အီတလီကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ၿပီးေနာက္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။

သူဟာယူ႐ိုဗိုလ္လုပြဲသို႔ရႈံးနိမ့္ၿပီးေနာက္စပါးစ္ထံသို႔အသင္းေျပာင္းခြင့္ေတာင္းဆိုကာမန္စီးတီးသို႔ေျပာင္းေရးႀကိဳးပမ္းခဲ့ပါတယ္။

ဟယ္ရီကိန္းဟာယူ႐ိုႏွင့္မန္စီးတီးအေျပာင္းအေ႐ႊ႕ႏွစ္ခုလုံးတို႔တြင္မေအာင္ျမင္ခဲ့မႈနဲ႔အတူယခုရာသီတြင္႐ုန္းကန္ေနရၿပီးပရီးမီးယားလိဂ္တြင္တစ္ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။

အသက္၂၈ႏွစ္ရွိဟယ္ရီကိန္းက “ဒီၿပိဳင္ပြဲကကိုယ့္ခႏၶာကိုယ္ႀကံ့ခိုင္မႈပိုင္းမ်ားစြာကိုယူေဆာင္သြားခဲ့တယ္ဆိုတာလူေတာ္ေတာ္မ်ားမ်ားေျပာၾကပါတယ္။ၿပီးတာနဲ႔ခ်က္ခ်င္းရာသီျပန္စရျပန္ပါတယ္။ဒါေပမယ့္စိတ္ဓာတ္ပိုင္းမွာေတာ့ကစားသမားေတြေကာင္းေနၾကပါတယ္။ဒါကကစားသမားေတြအတြက္အေရးအႀကီးဆုံးပါ။ၿပိဳင္ပြဲတစ္ခုမွာအနိမ့္အျမင့္အတက္အက်ကႀကဳံရပါတယ္။အိပ္မက္တစ္ခုျဖစ္လုနီးပါးျဖစ္ခဲ့တယ္။ဖမ္းဆုပ္လုနီးျဖစ္မွအလွ်င္အျမန္ဘဲေပ်ာက္ကြယ္သြားတယ္။ေနာက္ေတာ့အေျပာင္းအေ႐ႊ႕သတင္းထြက္လာပါေတာ့တယ္။အေျခအေနအမ်ားႀကီးကိုရင္ဆိုင္ခဲ့ရတယ္။စိတ္ဓာတ္ပိုင္းကိုထိပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္မွာမိသားစုဝင္ေတြ၊သူငယ္ခ်င္းေကာင္းေတြရွိပါတယ္။အခက္အခဲႀကဳံလာတဲ့အခါကိုယ္ယုံၾကည္ရတဲ့သူကိုမဖုံးမကြယ္ဘဲေျပာၾကားဖို႔ကအေရးအႀကီးဆုံးပါ။ၿပိဳင္ပြဲကေနစိတ္ပင္ပန္းလူပင္ပန္းနဲ႔ျပန္လာတယ္။သုံးပတ္လည္းၾကာေရာပရီးမီးယားလိဂ္ျပန္စျပန္ပါၿပီ။ခ်က္ခ်င္းျပန္သြားရတယ္။ခ်က္ခ်င္းအေကာင္းဆုံးပုံစံျပန္ရဖို႔ဆိုတာခက္ခဲလွပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဟယ္ရီကိန္းဟာေႏြရာသီတုန္းကစပါးစ္မွထြက္ခြာခြင့္ေပးရန္ဥကၠဌလီဗိုင္းထံသို႔လူသိရွင္ၾကားေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။လီဗိုင္းဟာကိန္းရဲ႕ေတာင္းဆိုမႈကိုလက္ခံေပမယ့္မန္စီးတီးကေပါင္သန္း၁၀၀ျဖင့္ကမ္းလွမ္းမႈကိုပယ္ခ်မႈျပဳလုပ္ခဲ့ပါတယ္။