ယူရို၂၀၂၀ပြိုင်ပွဲတွင်ကစားသမားငါးဦးအထိလူစားလဲလှယ်ခွင့်ပေးသွားမည်

ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီကလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်ကစားသမားငါးဦးအထိလူစားလဲလှယ်ခွင့်ပေးသွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဒါ့အပြင်ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီက၂၀၂၄ခုနှစ်မှစတင်ကာချန်ပီယံလိဂ်ပြိုင်ပွဲအားပြောင်းလဲကျင်းပရေးအတွက်လာမယ့်ဧပြီလအတွင်းတွင်ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်းလည်းပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်မှလွဲ၍ကျန်ကလပ်နှင့်နိုင်ငံတကာပြိုင်ပွဲများတွင်ကစားသမားငါးဦးလဲလှယ်ခွင့်ပေးတဲ့စနစ်ကိုအသုံးပြုနေပါတယ်။

ဖီဖာနှင့်ယူအီးအက်ဖ်အေတို့ဟာကိုဗစ်ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့ကူးစက်ပြီးနောက်ကစားသမားများရဲ့ကျန်းမာရေးကိုအလေးထားတဲ့အနေဖြင့်ကစားသမားငါးဦးအထိလဲလှယ်ခွင့်ပေးထားတဲ့စနစ်ကိုအသုံးပြုလာခဲ့ကြတာလည်းဖြစ်ပါတယ်။

ZawGyi




