ယူရို၂၀၂၀ပြိုင်ပွဲတွင် ဘယ်လ်ဂျီယံအသင်းရဲ့တိုက်စစ်နည်းပြအဖြစ် ဟင်နရီတာဝန်ထမ်းဆောင်မည်

သီယာရီဟင်နရီဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်ဘယ်လ်ဂျီယံနည်းပြအဖွဲ့တွင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၄၃နှစ်ရှိအာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟာဖေဖော်ဝါရီလတုန်းကမေဂျာလိဂ်ကလပ်မွန်ထရီရယ်နည်းပြရာထူးမှကိုယ်ရေးကိုယ်တာအကြောင်းပြချက်ဖြင့်နုတ်ထွက်လာသူဖြစ်ပါတယ်။

ဟင်နရီဟာမွန်ထရီရယ်နည်းပြရာထူးမှထွက်ခွာလာပြီးနောက်ပိုင်းတွင်ဘောလုံးလောကအတွင်းဖြစ်ပေါ်နေတဲ့လူမျိုးရေးခွဲခြားတိုက်ခိုက်မှုဆန့်ကျင်ရေးအတွက်ရှေ့တန်းမှပါဝင်လုပ်ဆောင်နေခဲ့ပါတယ်။ယင်းနောက်တွင်သူဟာ Premier League Hall Of Fame တွင်ထည့်သွင်းခြင်းခံခဲ့ရပြီးအာဆင်နယ်ကိုဝယ်ယူရန်ကြိုးပမ်းနေတဲ့ Spotify အကြီးအကဲဒါနီရယ်အက်ခ်ရဲ့အစိတ်အပိုင်းအဖြစ်လုပ်ဆောင်နေခဲ့ပါတယ်။

ယခုအခါသူဟာယခင်တုန်းကသူတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးနည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

သူဟာဘယ်လ်ဂျီယံအသင်းရဲ့၂၀၁၈ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက်အသင်းရဲ့နည်းပြအဖွဲ့တွင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူဟာဒုတိယလက်ထောက်နည်းပြရာထူးမှပထမလက်ထောက်နည်းပြအဖြစ်တိုးမြှင့်ခန့်အပ်ခံရပြီးနောက်၂၀၁၈ခုနှစ်၊အောက်တိုဘာလတွင်မိုနာကိုအသင်းကိုကိုင်တွယ်ရန်ထွက်ခွာခဲ့ပါတယ်။

ယင်းတွင်သူဟာသုံးလသာတာဝန်ထမ်းဆောင်ခဲ့ရပြီးရလဒ်ဆိုးရွားမှုကြောင့်ရာထူးမှထွက်ခွာခဲ့ရပါတယ်။

ကမ္ဘာ့အဆင့်နံပါတ်တစ်အသင်းအဖြစ်ရပ်တည်နေတဲ့ဘယ်လ်ဂျီယံဟာယူရို၂၀၂၀ပြိုင်ပွဲတွင်ဗိုလ်စွဲရန်ရေပန်းအစားဆုံးအသင်းများထဲမှတစ်သင်းလည်းဖြစ်ပါတယ်။၎င်းတို့ဟာအုပ်စု(ခ)တွင်ရုရှား၊ဒိန်းမတ်၊ဖင်လန်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ ဘယ္လ္ဂ်ီယံအသင္းရဲ႕တိုက္စစ္နည္းျပအျဖစ္ ဟင္နရီတာဝန္ထမ္းေဆာင္မည္

သီယာရီဟင္နရီဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ဘယ္လ္ဂ်ီယံနည္းျပအဖြဲ႕တြင္တာဝန္ထမ္းေဆာင္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၄၃ႏွစ္ရွိအာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးဟာေဖေဖာ္ဝါရီလတုန္းကေမဂ်ာလိဂ္ကလပ္မြန္ထရီရယ္နည္းျပရာထူးမွကိုယ္ေရးကိုယ္တာအေၾကာင္းျပခ်က္ျဖင့္ႏုတ္ထြက္လာသူျဖစ္ပါတယ္။

ဟင္နရီဟာမြန္ထရီရယ္နည္းျပရာထူးမွထြက္ခြာလာၿပီးေနာက္ပိုင္းတြင္ေဘာလုံးေလာကအတြင္းျဖစ္ေပၚေနတဲ့လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈဆန႔္က်င္ေရးအတြက္ေရွ႕တန္းမွပါဝင္လုပ္ေဆာင္ေနခဲ့ပါတယ္။ယင္းေနာက္တြင္သူဟာ Premier League Hall Of Fame တြင္ထည့္သြင္းျခင္းခံခဲ့ရၿပီးအာဆင္နယ္ကိုဝယ္ယူရန္ႀကိဳးပမ္းေနတဲ့ Spotify အႀကီးအကဲဒါနီရယ္အက္ခ္ရဲ႕အစိတ္အပိုင္းအျဖစ္လုပ္ေဆာင္ေနခဲ့ပါတယ္။

ယခုအခါသူဟာယခင္တုန္းကသူတာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းရဲ႕တိုက္စစ္မႉးနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။

သူဟာဘယ္လ္ဂ်ီယံအသင္းရဲ႕၂၀၁၈ကမာၻ႔ဖလားဆီမီးဖိုင္နယ္ေရာက္အသင္းရဲ႕နည္းျပအဖြဲ႕တြင္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။သူဟာဒုတိယလက္ေထာက္နည္းျပရာထူးမွပထမလက္ေထာက္နည္းျပအျဖစ္တိုးျမႇင့္ခန႔္အပ္ခံရၿပီးေနာက္၂၀၁၈ခုႏွစ္၊ေအာက္တိုဘာလတြင္မိုနာကိုအသင္းကိုကိုင္တြယ္ရန္ထြက္ခြာခဲ့ပါတယ္။

ယင္းတြင္သူဟာသုံးလသာတာဝန္ထမ္းေဆာင္ခဲ့ရၿပီးရလဒ္ဆိုး႐ြားမႈေၾကာင့္ရာထူးမွထြက္ခြာခဲ့ရပါတယ္။

ကမာၻ႔အဆင့္နံပါတ္တစ္အသင္းအျဖစ္ရပ္တည္ေနတဲ့ဘယ္လ္ဂ်ီယံဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဗိုလ္စြဲရန္ေရပန္းအစားဆုံးအသင္းမ်ားထဲမွတစ္သင္းလည္းျဖစ္ပါတယ္။၎တို႔ဟာအုပ္စု(ခ)တြင္႐ုရွား၊ဒိန္းမတ္၊ဖင္လန္တို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။