ယူရို၂၀၂၀ပြိုင်ပွဲရဲ့ဒုတိယဖန်တီးမှုအများဆုံးနေရာမှာ ရပ်တည်ထားနိုင်တဲ့ လုခ်ရှော

လုခ်ရှောဟာယူရို၂၀၂၀ပြိုင်ပွဲမှာဒုတိယဖန်တီးမှုအများဆုံးကစားသမားအဖြစ်ရပ်တည်ထားနိုင်ပြီးသမိုင်းတွင်ရှုံးထွက်အဆင့်ပွဲတစ်ပွဲမှာအများဆုံးဖန်တီးနိုင်သူစံချိန်ကိုလည်း လိုက်မီထားနိုင်ပါတယ်။

မန်ယူဘယ်နောက်ခံလူဟာဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းနှင့်အတူယူရို၂၀၂၀ပြိုင်ပွဲမှာအဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားနေပါတယ်။

သူဟာမနေ့ညတုန်းကယူကရိန်းအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ယူရို၂၀၂၀ပြိုင်ပွဲမှာဟယ်ရီမက်ဂွိုင်းယားနှင့်ဟယ်ရီကိန်းတို့ဂိုးသွင်းနိုင်အောင်ဖန်တီးမှုပြုလုပ်နိုင်ပြီးနောက်ယူရို၂၀၂၀ပြိုင်ပွဲမှာဖန်တီးမှာ၃ကြိမ်ဖြင့်ဒုတိယဖန်တီးမှုအများဆုံးကစားသမားအဖြစ်ရပ်တည်ထားနိုင်ပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းအဆင့်ပွဲစဉ်တုန်းကဂျာမနီကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာရာဟမ်းစတာလင်းအဖွင့်ဂိုးသွင်းနိုင်အောင်ဖန်တီးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်ယူရို၂၀၂၀ပြိုင်ပွဲမှာဖန်တီးမှုအများဆုံးကစားသမားအဖြစ်ဆွစ်ဇာလန်ရဲ့စတီဗင်ဇူဘားက၄ကြိမ်ဖြင့်ရပ်တည်နေပြီးလုခ်ရှောထက်တစ်ကြိမ်ပိုမိုဖန်တီးထားပါတယ်။

လုခ်ရှောဟာယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်မှာ၂ကြိမ်ဖန်တီးနိုင်မှုနဲ့အတူယူရိုသမိုင်းရဲ့ရှုံးထွက်အဆင့်မှာတစ်ပွဲတည်းဖန်တီးမှုအများဆုံးလုပ်ထားနိုင်တဲ့ဘွန်ဟော့ဖ်၊မာကိုဗန်ဘတ်စတန်၊ဇာဗီး၊ပိုဘော့စကီး၊ဖာဘရီဂက်စ်၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲ့စံချိန်ကိုလိုက်မီခဲ့ပါတယ်။

လုခ်ရှောဟာအင်္ဂလန်အသင်းနှင့်သုံးနှစ်ကြာဝေးကွာလာခဲ့ပြီးနောက်မတ်လတုန်းကမှအင်္ဂလန်အသင်းတွင်ပြန်လည်ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

သူဟာမန်ယူမှာမော်ရင်ဟိုလက်ထက်တုန်းကအရန်ခုံသို့ပို့ခံခဲ့ရပေမယ့်ဆိုးလ်ရှားလက်ထက်မှာအဓိကကစားသမားအဖြစ်ခြေစွမ်းပြနေပြီးပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဘယ်နောက်ခံလူများထဲမှတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။

ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာဒိန်းမတ်နှင့်ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲကစားရပါမယ်။၎င်းတို့ဟာ၁၉၉၆ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ယူရိုဆီမီးသို့တက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ဒုတိယဖန္တီးမႈအမ်ားဆုံးေနရာမွာ ရပ္တည္ထားႏိုင္တဲ့ လုခ္ေရွာ

လုခ္ေရွာဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဒုတိယဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ထားႏိုင္ၿပီးသမိုင္းတြင္ရႈံးထြက္အဆင့္ပြဲတစ္ပြဲမွာအမ်ားဆုံးဖန္တီးႏိုင္သူစံခ်ိန္ကိုလည္း လိုက္မီထားႏိုင္ပါတယ္။

မန္ယူဘယ္ေနာက္ခံလူဟာဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာအဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားေနပါတယ္။

သူဟာမေန႔ညတုန္းကယူကရိန္းအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဟယ္ရီမက္ဂြိဳင္းယားႏွင့္ဟယ္ရီကိန္းတို႔ဂိုးသြင္းႏိုင္ေအာင္ဖန္တီးမႈျပဳလုပ္ႏိုင္ၿပီးေနာက္ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဖန္တီးမွာ၃ႀကိမ္ျဖင့္ဒုတိယဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ထားႏိုင္ပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းအဆင့္ပြဲစဥ္တုန္းကဂ်ာမနီကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာရာဟမ္းစတာလင္းအဖြင့္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဖန္တီးမႈအမ်ားဆုံကစားသမားအျဖစ္ဆြစ္ဇာလန္ရဲ႕စတီဗင္ဇူဘားက၄ႀကိမ္ျဖင့္ရပ္တည္ေနၿပီးလုခ္ေရွာထက္တစ္ႀကိမ္ပိုမိုဖန္တီးထားပါတယ္။

လုခ္ေရွာဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္မွာ၂ႀကိမ္ဖန္တီးႏိုင္မႈနဲ႔အတူယူ႐ိုသမိုင္းရဲ႕ရႈံးထြက္အဆင့္မွာတစ္ပြဲတည္းဖန္တီးမႈအမ်ားဆုံးလုပ္ထားႏိုင္တဲ့ဘြန္ေဟာ့ဖ္၊မာကိုဗန္ဘတ္စတန္၊ဇာဗီး၊ပိုေဘာ့စကီး၊ဖာဘရီဂက္စ္၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ရဲ႕စံခ်ိန္ကိုလိုက္မီခဲ့ပါတယ္။

လုခ္ေရွာဟာအဂၤလန္အသင္းႏွင့္သုံးႏွစ္ၾကာေဝးကြာလာခဲ့ၿပီးေနာက္မတ္လတုန္းကမွအဂၤလန္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္ပါတယ္။

သူဟာမန္ယူမွာေမာ္ရင္ဟိုလက္ထက္တုန္းကအရန္ခုံသို႔ပို႔ခံခဲ့ရေပမယ့္ဆိုးလ္ရွားလက္ထက္မွာအဓိကကစားသမားအျဖစ္ေျခစြမ္းျပေနၿပီးပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးဘယ္ေနာက္ခံလူမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနပါတယ္။

ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာလာမယ့္ဗုဒၶဟူးေန႔မွာဒိန္းမတ္ႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲကစားရပါမယ္။၎တို႔ဟာ၁၉၉၆ခုႏွစ္ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ယူ႐ိုဆီမီးသို႔တက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။