ယူရို၂၀၂၀ပြိုင်ပွဲအတွက် အပြီးသတ် အင်္ဂလန်လူစာရင်းကို ကြေညာလာ

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်အပြီးသတ်၂၆ဦးစာရင်းကိုကြေညာလာခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းတွင်အစောပိုင်းတုန်းကချန်လှပ်ခြင်းခံရမယ်လို့သတင်းထွက်ခဲ့တဲ့ထရန်းအလက်ဇန္ဒားအာနိုးပါဝင်လာခဲ့ပါတယ်။

လီဗာပူးညာနောက်ခံလူဟာရာသီအစောပိုင်းတုန်းကခြေစွမ်းပြကစားနိုင်ခြင်းမရှိမှုကြောင့်မတ်လတုန်းကကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်ချန်လှပ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာရာသီနှောင်းပိုင်းတွင်အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိလာမှုနဲ့အတူအင်္ဂလန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲအပြီးသတ်လူစာရင်းတွင်ပါဝင်လာခဲ့ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးအားရွေးချယ်မှုနဲ့အတူဆောက်ဂိတ်ဟာညာနောက်ခံလူ၄ဦးအထိရွေးချယ်လာခဲ့ပါတယ်။ဆောက်ဂိတ်ဟာထရန်းအလက်ဇန္ဒားအာနိုးအပြင်ညာနောက်ခံလူများဖြစ်ကြတဲ့ကိုင်လီဝေါလ်ကား(မန်စီးတီး)၊ကီရန်ထရစ်ပီယာ(အက်သလက်တီကို)၊ရီစီဂျိမ်းစ်(ချဲလ်ဆီး)တို့ကိုလည်းရွေးချယ်ခဲ့ပါတယ်။

ဆောက်ဂိတ်ကတော့အကယ်၍ညာနောက်ခံလူငါးဦးမှခြောက်ဦးအထိရွေးချယ်နိုင်ဦးမည်ဆိုလျှင်လည်းရွေးချယ်သွားမယ်လို့ဆိုသွားပါတယ်။

ဆောက်ဂိတ်က “အခြေခံအားဖြင့်ဒီကစားသမား၂၆ဦးကကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားတွေဖြစ်ပါတယ်။ဒါကြောင့်လည်းဒီလူစာရင်းမှာသူတို့ပါဝင်လာတာပါ။တကယ်လို့ညာနောက်ခံလူ၅ဦး၊၆ဦးအထိရွေးချယ်နိုင်မယ်ဆိုရင်လည်းရွေးချယ်သွားပါဦးမယ်။ကျွန်တော်တို့ရွေးချယ်ထားတဲ့ကစားသမားလေးဦးကကလပ်မှာညာနောက်ခံလူအဖြစ်တခါတရံကစားနေတဲ့သူပါ။ကီရန်ဆိုရင်တောင်ပံနောက်ခံလူဖြစ်ပါတယ်။ရီစီဆိုရင်လည်းသုံးယောက်နောက်တန်းမှာညာနောက်ခူလူ၊တောင်ပံခံစစ်သမားအဖြစ်လည်းကစားပါတယ်။ထရန်းကတော့ညာနောက်ခံလူပါ။ကိုင်လီကဗဟိုခံစစ်သမားအဖြစ်အင်္ဂလန်အတွက်သုံးပွဲကစားထားတယ်။ဒိန်းမတ်နဲ့ပွဲမှာဘယ်နောက်ခံလူအဖြစ်လည်းကစားခဲ့တယ်။သူတို့ဟာအရမ်းကောင်းတဲ့ကစားသမားတွေဖြစ်လို့ရွေးချယ်ခံရတာပါ။ကျွန်တော်တို့ဒီမှာကိုးပွဲကစားရပါမယ်။ဒဏ်ရာတစ်ချို့နဲ့ပတ်သက်ပြီးစိုးရိမ်စရာရှိပါတယ်။ဒီတော့အားလုံးဟန်ချက်ညီအောင်လုပ်ရပါမယ်။ကံကောင်းတာကတော့ကျွန်တော်တို့မှာစနစ်အားလုံးအံဝင်အောင်ကစားနိုင်တဲ့လူကြီး၊လူငယ်တွေပါဝင်နေတာပါ”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်အသင်းတွင်ချန်လှပ်ခံခဲ့ရတဲ့ကစားသမားတစ်ဦးကတော့မန်ယူရဲ့ဂျက်စီလင်ဂတ်ဖြစ်ပါတယ်။သူဟာအစောပိုင်းကတည်းကချန်လှပ်ခံရမယ့်အကြောင်းအကြောင်းကြားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။သူဟာဝက်စ်ဟမ်းမှာအငှားဖြင့်ကစားနေစဉ်အတွင်းအထူးခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်အင်္ဂလန်မှာတိုက်စစ်အတွက်ရွေးချယ်စရာများပြားနေမှုကြောင့်ချန်လှပ်ခံခဲ့ရပါတယ်။

မန်ယူတိုက်စစ်သမားမေဆင်ဂရင်းဝုဒ်မှာလည်းဒဏ်ရာကြောင့်အင်္ဂလန်အသင်းမှနုတ်ထွက်ခဲ့သလိုအခြားချန်လှပ်ခြင်းခံခဲ့ရသူများကတော့ဗီလာတိုက်စစ်မှူးအိုလ်လီဝက်ကင်၊ဘရိုက်တန်ဂိုးသမားဘင်းဝှိုက်၊ဆောက်သမ်တန်ရဲ့ဂျိမ်းစ်ဝတ်ပရောက်စ်၊ရှက်ဖီးလ်ရဲ့ရမ်ဒဲလ်နှင့်အဲဗာတန်နောက်ခံလူဘင်ဂေါ့ဖရေးတို့ဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ကကစားသမားများကိုချန်လှပ်ခဲ့ရမှုမှာအလွန်ခက်ခဲကြောင်း၊အထူးသဖြင့်အကောင်းဆုံးပုံစံရနေတဲ့လင်ဂတ်ကိုချန်လှပ်ထားခဲ့ရမှုမှာပိုမိုခက်ခဲကြောင်းဆိုသွားပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ အၿပီးသတ္ အဂၤလန္လူစာရင္းကို ေၾကညာလာ

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္အၿပီးသတ္၂၆ဦးစာရင္းကိုေၾကညာလာခဲ့ပါတယ္။

အဂၤလန္အသင္းရဲ႕အၿပီးသတ္လူစာရင္းတြင္အေစာပိုင္းတုန္းကခ်န္လွပ္ျခင္းခံရမယ္လို႔သတင္းထြက္ခဲ့တဲ့ထရန္းအလက္ဇႏၵားအာႏိုးပါဝင္လာခဲ့ပါတယ္။

လီဗာပူးညာေနာက္ခံလူဟာရာသီအေစာပိုင္းတုန္းကေျခစြမ္းျပကစားႏိုင္ျခင္းမရွိမႈေၾကာင့္မတ္လတုန္းကကမာၻ႔ဖလားေျခစစ္ပြဲမ်ားတြင္ခ်န္လွပ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။ဒါေပမယ့္သူဟာရာသီေႏွာင္းပိုင္းတြင္အေကာင္းဆုံးေျခစြမ္းျပန္လည္ရရွိလာမႈနဲ႔အတူအဂၤလန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးသတ္လူစာရင္းတြင္ပါဝင္လာခဲ့ပါတယ္။

ထရန္းအလက္ဇႏၵားအာႏိုးအားေ႐ြးခ်ယ္မႈနဲ႔အတူေဆာက္ဂိတ္ဟာညာေနာက္ခံလူ၄ဦးအထိေ႐ြးခ်ယ္လာခဲ့ပါတယ္။ေဆာက္ဂိတ္ဟာထရန္းအလက္ဇႏၵားအာႏိုးအျပင္ညာေနာက္ခံလူမ်ားျဖစ္ၾကတဲ့ကိုင္လီေဝါလ္ကား(မန္စီးတီး)၊ကီရန္ထရစ္ပီယာ(အက္သလက္တီကို)၊ရီစီဂ်ိမ္းစ္(ခ်ဲလ္ဆီး)တို႔ကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။

ေဆာက္ဂိတ္ကေတာ့အကယ္၍ညာေနာက္ခံလူငါးဦးမွေျခာက္ဦးအထိေ႐ြးခ်ယ္ႏိုင္ဦးမည္ဆိုလွ်င္လည္းေ႐ြးခ်ယ္သြားမယ္လို႔ဆိုသြားပါတယ္။

ေဆာက္ဂိတ္က “အေျခခံအားျဖင့္ဒီကစားသမား၂၆ဦးကကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးကစားသမားေတြျဖစ္ပါတယ္။ဒါေၾကာင့္လည္းဒီလူစာရင္းမွာသူတို႔ပါဝင္လာတာပါ။တကယ္လို႔ညာေနာက္ခံလူ၅ဦး၊၆ဦးအထိေ႐ြးခ်ယ္ႏိုင္မယ္ဆိုရင္လည္းေ႐ြးခ်ယ္သြားပါဦးမယ္။ကြၽန္ေတာ္တို႔ေ႐ြးခ်ယ္ထားတဲ့ကစားသမားေလးဦးကကလပ္မွာညာေနာက္ခံလူအျဖစ္တခါတရံကစားေနတဲ့သူပါ။ကီရန္ဆိုရင္ေတာင္ပံေနာက္ခံလူျဖစ္ပါတယ္။ရီစီဆိုရင္လည္းသုံးေယာက္ေနာက္တန္းမွာညာေနာက္ခူလူ၊ေတာင္ပံခံစစ္သမားအျဖစ္လည္းကစားပါတယ္။ထရန္းကေတာ့ညာေနာက္ခံလူပါ။ကိုင္လီကဗဟိုခံစစ္သမားအျဖစ္အဂၤလန္အတြက္သုံးပြဲကစားထားတယ္။ဒိန္းမတ္နဲ႔ပြဲမွာဘယ္ေနာက္ခံလူအျဖစ္လည္းကစားခဲ့တယ္။သူတို႔ဟာအရမ္းေကာင္းတဲ့ကစားသမားေတြျဖစ္လို႔ေ႐ြးခ်ယ္ခံရတာပါ။ကြၽန္ေတာ္တို႔ဒီမွာကိုးပြဲကစားရပါမယ္။ဒဏ္ရာတစ္ခ်ိဳ႕နဲ႔ပတ္သက္ၿပီးစိုးရိမ္စရာရွိပါတယ္။ဒီေတာ့အားလုံးဟန္ခ်က္ညီေအာင္လုပ္ရပါမယ္။ကံေကာင္းတာကေတာ့ကြၽန္ေတာ္တို႔မွာစနစ္အားလုံးအံဝင္ေအာင္ကစားႏိုင္တဲ့လူႀကီး၊လူငယ္ေတြပါဝင္ေနတာပါ”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္အသင္းတြင္ခ်န္လွပ္ခံခဲ့ရတဲ့ကစားသမားတစ္ဦးကေတာ့မန္ယူရဲ႕ဂ်က္စီလင္ဂတ္ျဖစ္ပါတယ္။သူဟာအေစာပိုင္းကတည္းကခ်န္လွပ္ခံရမယ့္အေၾကာင္းအေၾကာင္းၾကားျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။သူဟာဝက္စ္ဟမ္းမွာအငွားျဖင့္ကစားေနစဥ္အတြင္းအထူးေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္အဂၤလန္မွာတိုက္စစ္အတြက္ေ႐ြးခ်ယ္စရာမ်ားျပားေနမႈေၾကာင့္ခ်န္လွပ္ခံခဲ့ရပါတယ္။

မန္ယူတိုက္စစ္သမားေမဆင္ဂရင္းဝုဒ္မွာလည္းဒဏ္ရာေၾကာင့္အဂၤလန္အသင္းမွႏုတ္ထြက္ခဲ့သလိုအျခားခ်န္လွပ္ျခင္းခံခဲ့ရသူမ်ားကေတာ့ဗီလာတိုက္စစ္မႉးအိုလ္လီဝက္ကင္၊ဘ႐ိုက္တန္ဂိုးသမားဘင္းဝႈိက္၊ေဆာက္သမ္တန္ရဲ႕ဂ်ိမ္းစ္ဝတ္ပေရာက္စ္၊ရွက္ဖီးလ္ရဲ႕ရမ္ဒဲလ္ႏွင့္အဲဗာတန္ေနာက္ခံလူဘင္ေဂါ့ဖေရးတို႔ျဖစ္ပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ကကစားသမားမ်ားကိုခ်န္လွပ္ခဲ့ရမႈမွာအလြန္ခက္ခဲေၾကာင္း၊အထူးသျဖင့္အေကာင္းဆုံးပုံစံရေနတဲ့လင္ဂတ္ကိုခ်န္လွပ္ထားခဲ့ရမႈမွာပိုမိုခက္ခဲေၾကာင္းဆိုသြားပါတယ္။