ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင် ဂျာမနီနည်းပြရာထူးကို ဟန်စီဖလစ် ရယူမည်

ဘိုင်ယန်မြူးနစ်နည်းပြဟန်စီဖလစ်ဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဂျာမနီအသင်းနည်းပြဖြစ်လာရန်ရာနှုန်းပြည့်နီးပါးသေချာသလောက်ရှိနေကြောင်းသိရပါတယ်။အထက်ပါသတင်းကဟန်စီဖလစ်ကိုခန့်အပ်လိုနေတဲ့စပါးစ်နှင့်ဘာစီလိုနာတို့အတွက်သတင်းဆိုးကြီးတစ်ခုဖြစ်နေပါတယ်။

စပါးစ်ဟာယာယီနည်းပြရိုင်ယန်မေဆင်နေရာတွင်ဟန်စီဖလစ်နှင့်အစားထိုးလိုနေသလိုဘာစီလိုနာကလည်းရာသီအကုန်တွင်ကိုးမန်းနှင့်လမ်းခွဲကာဖလစ်ကိုခန့်အပ်လိုနေပါတယ်။

ဂျာမနီမီဒီယာများကအသက်၅၈နှစ်ရှိဟန်စီဖလစ်ဟာနွေရာသီတွင်ဂျာမနီနည်းပြရာထူးမှထွက်ခွာမယ့်ဂျိုးအာချင်လောရဲ့နေရာကိုဆက်ခံရန်ဂျာမနီဘောလုံးအဖွဲ့ချုပ်နှင့်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းဖော်ပြနေကြပါတယ်။

ပြီးခဲ့တဲ့လတုန်းကဟန်စီဖလစ်ကရာသီအကုန်တွင်ဘိုင်ယန်မြူးနစ်မှထွက်ခွာတော့မှာဖြစ်ကြောင်းအသင်းတာဝန်ရှိသူများကိုအကြောင်းကြားခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်ဖလားအပါအဝင်ဖလားသုံးလုံးဆွတ်ခူးပေးထားတဲ့အပြင်ယခုရာသီတွင်လည်းဘွန်ဒက်စ်လီဂါဖလားကိုသက်တောင့်သက်သာဖြင့်ဆွတ်ခူးပေးထားပါတယ်။

သူဟာဂျာမနီအသင်းတွင်လက်ထောက်နည်းပြအဖြစ်၂၀၀၆ခုနှစ်မှ၂၀၁၄ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ဖူးပြီးတစ်နေ့တွင်ဂျာမနီအသင်းကိုကိုင်တွယ်လိုကြောင်းဖွင့်ဟထားသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်စပါးစ်နည်းပြဖြစ်လာရန်အတွက်လိုက်ဇစ်နည်းပြဟောင်းရေးဖ်ရန်နစ်နှင့်လာဇီယိုနည်းပြဆိုင်မွန်အင်ဇာဂီတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။ဒါ့အပြင်စပါးစ်နည်းပြရာထူးအတွက်သတင်းထွက်နေသူများကဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်၊လက်စတာနည်းပြဘရန်ဒန်ရော်ဂျာ၊ဘရိုက်တန်နည်းပြဂရေဟမ်ပေါ်တာ၊အေဂျက်စ်နည်းပြအဲရစ်တင်ဟက်တို့ဖြစ်ပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ ဂ်ာမနီနည္းျပရာထူးကို ဟန္စီဖလစ္ ရယူမည္

ဘိုင္ယန္ျမဴးနစ္နည္းျပဟန္စီဖလစ္ဟာလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဂ်ာမနီအသင္းနည္းျပျဖစ္လာရန္ရာႏႈန္းျပည့္နီးပါးေသခ်ာသေလာက္ရွိေနေၾကာင္းသိရပါတယ္။အထက္ပါသတင္းကဟန္စီဖလစ္ကိုခန႔္အပ္လိုေနတဲ့စပါးစ္ႏွင့္ဘာစီလိုနာတို႔အတြက္သတင္းဆိုးႀကီးတစ္ခုျဖစ္ေနပါတယ္။

စပါးစ္ဟာယာယီနည္းျပ႐ိုင္ယန္ေမဆင္ေနရာတြင္ဟန္စီဖလစ္ႏွင့္အစားထိုးလိုေနသလိုဘာစီလိုနာကလည္းရာသီအကုန္တြင္ကိုးမန္းႏွင့္လမ္းခြဲကာဖလစ္ကိုခန႔္အပ္လိုေနပါတယ္။

ဂ်ာမနီမီဒီယာမ်ားကအသက္၅၈ႏွစ္ရွိဟန္စီဖလစ္ဟာေႏြရာသီတြင္ဂ်ာမနီနည္းျပရာထူးမွထြက္ခြာမယ့္ဂ်ိဳးအာခ်င္ေလာရဲ႕ေနရာကိုဆက္ခံရန္ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္သေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္းေဖာ္ျပေနၾကပါတယ္။

ၿပီးခဲ့တဲ့လတုန္းကဟန္စီဖလစ္ကရာသီအကုန္တြင္ဘိုင္ယန္ျမဴးနစ္မွထြက္ခြာေတာ့မွာျဖစ္ေၾကာင္းအသင္းတာဝန္ရွိသူမ်ားကိုအေၾကာင္းၾကားခဲ့ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကခ်န္ပီယံလိဂ္ဖလားအပါအဝင္ဖလားသုံးလုံးဆြတ္ခူးေပးထားတဲ့အျပင္ယခုရာသီတြင္လည္းဘြန္ဒက္စ္လီဂါဖလားကိုသက္ေတာင့္သက္သာျဖင့္ဆြတ္ခူးေပးထားပါတယ္။

သူဟာဂ်ာမနီအသင္းတြင္လက္ေထာက္နည္းျပအျဖစ္၂၀၀၆ခုႏွစ္မွ၂၀၁၄ခုႏွစ္အထိတာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီးတစ္ေန႔တြင္ဂ်ာမနီအသင္းကိုကိုင္တြယ္လိုေၾကာင္းဖြင့္ဟထားသူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္စပါးစ္နည္းျပျဖစ္လာရန္အတြက္လိုက္ဇစ္နည္းျပေဟာင္းေရးဖ္ရန္နစ္ႏွင့္လာဇီယိုနည္းျပဆိုင္မြန္အင္ဇာဂီတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။ဒါ့အျပင္စပါးစ္နည္းျပရာထူးအတြက္သတင္းထြက္ေနသူမ်ားကဘယ္လ္ဂ်ီယံနည္းျပမာတီနက္ဇ္၊လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာ၊ဘ႐ိုက္တန္နည္းျပဂေရဟမ္ေပၚတာ၊ေအဂ်က္စ္နည္းျပအဲရစ္တင္ဟက္တို႔ျဖစ္ပါတယ္။