ယူရို၂၀၂၀အဖွင့်ပွဲကို ဘယ်လ်ဂျီယံစတားကီဗင်ဒီဘရိုင်းလွဲချော်ရန်သေချာသွားပြီ

ဘယ်လ်ဂျီယံနည်းပြရောဘတ်တိုမာတီနက်ဇ်ကကီဗင်ဒီဘရိုင်းမှာယူရို၂၀၂၀အဖွင့်ပွဲစဉ်ကိုလွဲချော်ရန်သေချာသွားပြီဖြစ်ကြောင်းအတည်ပြုလာပါတယ်။ဒါ့အပြင်စပိန်လူမျိုးနည်းပြကမန်စီးတီးစတားမှပြန်ကစားနိုင်ချိန်တွင်ယူရို၂၀၂၀ပွဲစဉ်များအားမျက်နှာဖုံးစွပ်ကာကစားသွားရတော့မှာဖြစ်ကြောင်းလည်းဆိုသွားပါတယ်။

အသက်၂၉နှစ်ရှိကွင်းလယ်ကစားသမားဟာမေလ၂၉ရက်နေ့တုန်းကပေါ်တိုတွင်ချဲလ်ဆီးအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်မျက်နှာဒဏ်ရာရရှိခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်းဟာမျက်နှာဒဏ်ရာနှစ်ခုကိုခွဲစိတ်ကုသမှုပြလုပ်ရမယ့်အရေးမှရှောင်လွဲနိုင်ခဲ့သော်လည်းဇွန်လ၁၂ရက်နေ့တွင်ရုရှားနှင့်ကစားရမယ့်ယူရို၂၀၂၀အဖွင့်ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ကီဗင်ဒီဘရိုင်းဟာပြန်ကစားနိုင်ချိန်တွင်၂၀၁၉ခုနှစ်တုန်းကစပါးစ်စတားဟောင်းဂျန်ဗာတွန်ဂန်အသုံးပြုဖို့ မျက်နှာဖုံးကုမ္ပဏီကထုတ်လုပ်ပေးတဲ့မျက်နှာဖုံးကိုဝတ်ဆင်ကစားသွားရပါမယ်။

မာတီနက်ဇ်က “ဒီဘရိုင်းဟာပထမပွဲအတွက်ကြံ့ခိုင်မှုပြည့်ဝဖို့မရှိပါဘူး။ကျွန်တော်တို့ဟာမျက်နှာဖုံးဝတ်ဆင်ကစားစေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဂျန်ဗာတွန်ဂန်ရဲ့မျက်နှာဖုံးကိုထုတ်လုပ်ပေးတဲ့ကုမ္ပဏီကထုတ်လုပ်ထားတဲ့မျက်နှာဖုံးကိုသုံးသွားပါမယ်။သူဟာယူရိုမှာပါဝင်နိုင်ဖို့တော့သေချာပါတယ်။ဒါပေမယ့်ဘယ်တော့ကစားနိုင်မယ်ဆိုတာတော့အတိအကျမပြောနိုင်ပါဘူး။သူနဲ့ပတ်သက်ပြီးဖြေဖို့စောပါသေးတယ်။ကျွန်တော်တို့အနေနဲ့ဆေးအဖွဲ့ရဲ့ခွင့်ပြုချက်ဦးစွာစောင့်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ို၂၀၂၀အဖြင့္ပြဲကို ဘယ္လ္ဂ်ီယံစတားကီဗင္ဒီဘ႐ိုင္းလြဲေခ်ာ္ရန္ေသခ်ာသြားၿပီ

ဘယ္လ္ဂ်ီယံနည္းျပေရာဘတ္တိုမာတီနက္ဇ္ကကီဗင္ဒီဘ႐ိုင္းမွာယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္ကိုလြဲေခ်ာ္ရန္ေသခ်ာသြားၿပီျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။ဒါ့အျပင္စပိန္လူမ်ိဳးနည္းျပကမန္စီးတီးစတားမွျပန္ကစားႏိုင္ခ်ိန္တြင္ယူ႐ို၂၀၂၀ပြဲစဥ္မ်ားအားမ်က္ႏွာဖုံးစြပ္ကာကစားသြားရေတာ့မွာျဖစ္ေၾကာင္းလည္းဆိုသြားပါတယ္။

အသက္၂၉ႏွစ္ရွိကြင္းလယ္ကစားသမားဟာေမလ၂၉ရက္ေန႔တုန္းကေပၚတိုတြင္ခ်ဲလ္ဆီးအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္မ်က္ႏွာဒဏ္ရာရရွိခဲ့ပါတယ္။

ခ်ဲလ္ဆီးကစားသမားေဟာင္းဟာမ်က္ႏွာဒဏ္ရာႏွစ္ခုကိုခြဲစိတ္ကုသမႈျပလုပ္ရမယ့္အေရးမွေရွာင္လြဲႏိုင္ခဲ့ေသာ္လည္းဇြန္လ၁၂ရက္ေန႔တြင္႐ုရွားႏွင့္ကစားရမယ့္ယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာျပန္ကစားႏိုင္ခ်ိန္တြင္၂၀၁၉ခုႏွစ္တုန္းကစပါးစ္စတားေဟာင္းဂ်န္ဗာတြန္ဂန္အသုံးျပဳဖို႔ မ်က္ႏွာဖုံးကုမၸဏီကထုတ္လုပ္ေပးတဲ့မ်က္ႏွာဖုံးကိုဝတ္ဆင္ကစားသြားရပါမယ္။

မာတီနက္ဇ္က “ဒီဘ႐ိုင္းဟာပထမပြဲအတြက္ႀကံ့ခိုင္မႈျပည့္ဝဖို႔မရွိပါဘူး။ကြၽန္ေတာ္တို႔ဟာမ်က္ႏွာဖုံးဝတ္ဆင္ကစားေစဖို႔ဆုံးျဖတ္ခဲ့ၾကပါတယ္။ဂ်န္ဗာတြန္ဂန္ရဲ႕မ်က္ႏွာဖုံးကိုထုတ္လုပ္ေပးတဲ့ကုမၸဏီကထုတ္လုပ္ထားတဲ့မ်က္ႏွာဖုံးကိုသုံးသြားပါမယ္။သူဟာယူ႐ိုမွာပါဝင္ႏိုင္ဖို႔ေတာ့ေသခ်ာပါတယ္။ဒါေပမယ့္ဘယ္ေတာ့ကစားႏိုင္မယ္ဆိုတာေတာ့အတိအက်မေျပာႏိုင္ပါဘူး။သူနဲ႔ပတ္သက္ၿပီးေျဖဖို႔ေစာပါေသးတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ေဆးအဖြဲ႕ရဲ႕ခြင့္ျပဳခ်က္ဦးစြာေစာင့္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။