ယူရို၂၀၂၀ စတင်ရန် ရက်အနည်းငယ်အလိုတွင် ဂီရောက်နှင့် အမ်ဘက်ပီ ပြဿနာတက်

ယူရို၂၀၂၀ပြိုင်ပွဲကျင်းပရန် ရက်ပိုင်းမျှသာလိုတော့တဲ့အချိန်တွင်ကိုင်လီယန်အမ်ဘက်ပီနှင့်အိုလီဗီယာဂီရောက်တို့အကြားပြဿနာရှိမှုနဲ့အတူ ပြင်သစ်အသင်းမှာပြဿနာရှိလာပြီဖြစ်ပါတယ်။

ချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးထားနိုင်တဲ့ဂီရောက်ဟာအင်္ဂါနေ့ညတုန်းကဘူလ်ဂေးရီးယားအား၃-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ခြေစမ်းပွဲစဉ်မှာအနိုင်ဂိုး၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်အသက်၂၂နှစ်ရှိပီအက်စ်ဂျီစတားအမ်ဘက်ပီဟာပွဲကစားချိန်အတွင်းမှာဂီရောက်ထံသို့ဘောလုံးပေးပို့မှုမလုပ်ခဲ့ပါဘူး။ဒါကြောင့်လည်းဂီရောက်ဟာအကြီးအကျယ်ဒေါသထွက်ကာအမ်ဘက်ပီကိုဝေဖန်မှုပြုလုပ်လာပါတယ်။

ဂီရောက်က “တစ်ခါတစ်လေကိုယ်ကပြေးလွှားသွားတယ်ဆိုရင်တောင် ဘောလုံးက ရောက်မလာပါဘူး။တကယ်ဆိုရင်ကျွန်တော်တို့အကြားမှာတစ်ဦးနဲ့တစ်ဦး ဒီထက်ပိုပြီးပိုကောင်းအောင်ကစားနိုင်မယ်”လို့ပြောကြားခဲ့ပါတယ်။

အသက်၃၄နှစ်ရှိဂီရောက်ဟာပြင်သစ်အတွက်၄၆ဂိုးသွင်းယူထားနိုင်ပြီးသီယာရီဟင်နရီရဲ့ပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကိုလိုက်မီရန်၅ဂိုးသာလိုပါတော့တယ်။

ZawGyi

ယူ႐ို၂၀၂၀ စတင္ရန္ ရက္အနည္းငယ္အလိုတြင္ ဂီေရာက္ႏွင့္ အမ္ဘက္ပီ ျပႆနာတက္

ယူ႐ို၂၀၂၀ၿပိဳင္ပြဲက်င္းပရန္ ရက္ပိုင္းမွ်သာလိုေတာ့တဲ့အခ်ိန္တြင္ကိုင္လီယန္အမ္ဘက္ပီႏွင့္အိုလီဗီယာဂီေရာက္တို႔အၾကားျပႆနာရွိမႈနဲ႔အတူ ျပင္သစ္အသင္းမွာျပႆနာရွိလာၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးထားႏိုင္တဲ့ဂီေရာက္ဟာအဂၤါေန႔ညတုန္းကဘူလ္ေဂးရီးယားအား၃-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ေျခစမ္းပြဲစဥ္မွာအႏိုင္ဂိုး၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္အသက္၂၂ႏွစ္ရွိပီအက္စ္ဂ်ီစတားအမ္ဘက္ပီဟာပြဲကစားခ်ိန္အတြင္းမွာဂီေရာက္ထံသို႔ေဘာလုံးေပးပို႔မႈမလုပ္ခဲ့ပါဘူး။ဒါေၾကာင့္လည္းဂီေရာက္ဟာအႀကီးအက်ယ္ေဒါသထြက္ကာအမ္ဘက္ပီကိုေဝဖန္မႈျပဳလုပ္လာပါတယ္။

ဂီေရာက္က “တစ္ခါတစ္ေလကိုယ္ကေျပးလႊားသြားတယ္ဆိုရင္ေတာင္ ေဘာလုံးက ေရာက္မလာပါဘူး။တကယ္ဆိုရင္ကြၽန္ေတာ္တို႔အၾကားမွာတစ္ဦးနဲ႔တစ္ဦး ဒီထက္ပိုၿပီးပိုေကာင္းေအာင္ကစားႏိုင္မယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိဂီေရာက္ဟာျပင္သစ္အတြက္၄၆ဂိုးသြင္းယူထားႏိုင္ၿပီးသီယာရီဟင္နရီရဲ႕ျပင္သစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ကိုလိုက္မီရန္၅ဂိုးသာလိုပါေတာ့တယ္။