ယူရို၂၀၂၀ တွင် အင်္ဂလန်အသင်း ချန်ပီယံဖြစ်နိုင်ခြေ ၅.၂ ရာခိုင်နှုန်းသာရှိကြောင်း စူပါကွန်ပျူတာဟောကိန်းထုတ်

အင်္ဂလန်အသင်းကို ယူရို၂၀၂၀ပြိုင်ပွဲမှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းများထဲမှတစ်သင်းအဖြစ်အားလုံးကပြောဆိုနေကြပါတယ်။ဒါပေမယ့်စူပါကွန်ပျူတာကတော့ဂရေမီဆောက်ဂိတ်အသင်းကိုယူရို၂၀၂၀မှာချန်ပီယံဖြစ်မယ့်အသင်းတစ်သင်းလို့မမြင်ပါဘူး။

ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့တဲ့ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာတောင့်တင်းတဲ့လူအင်အားစုဖွဲ့မှုပိုင်ဆိုင်ထားတဲ့အပြင်သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ဝင်ဘာလေမှာပွဲအများစုကိုကစားရမှာဖြစ်လို့အားသာချက်များရရှိနေပါတယ်။

ဒါပေမယ့် Analyst’s Stats Perform Predictor ကအင်္ဂလန်အသင်းတွင်ယူရို၂၀၂၀ချန်ပီယံဖြစ်ရန်အခွင့်အရေး၅.၂ရာခိုင်နှုန်းသာရှိကြောင်းဆိုထားပါတယ်။

စူပါကွန်ပျူတာဟာဘွတ်ကီဒိုင်များရဲ့ဖွင့်လှစ်မှု၊သမိုင်းကြောင်းနှင့်လတ်တလေခြေစွမ်းတို့ကိုစီစစ်ကာတွက်ချက်တာလည်းဖြစ်ပါတယ်။

စူပါကွန်ပျူတာရဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်ချန်ပီယံဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ်ပြင်သစ်က၂၀.၅ရာခိုင်နှုန်းဖြင့်ရပ်တည်နေပြီးဘယ်လ်ဂျီယံက၁၅.၇ရာခိုင်နှုန်းဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။

စပိန်က၁၁.၃ရာခိုင်နှုန်းဖြင့်အဆင့်၃၊ဂျာမနီက၉.၈ရာခိုင်နှုန်းဖြင့်အဆင့်၄၊ပေါ်တူဂီက၉.၆ရာခိုင်နှုန်းဖြင့်အဆင့်၅၊အီတလီက၇.၆ရာခိုင်နှုန်းဖြင့်အဆင့်၆၊ဟော်လန်က၅.၆ရာခိုင်နှုန်းဖြင့်အဆင့်၇၊ဒိန်းမတ်က၅.၄ရာခိုင်နှုန်းဖြင့်အဆင့်၈၊အင်္ဂလန်က၅.၂ရာခိုင်နှုန်းဖြင့်အဆင့်၉နှင့်ဆွစ်ဇာလန်က၂.၃ရာခိုင်နှုန်းဖြင့်အဆင့်၁၀မှာရပ်တည်နေပါတယ်။

စူပါကွန်ပျူတာကယူရို၂၀၂၀ပြိုင်ပွဲမှာချန်ပီယံဖြစ်နိုင်ခြေအနည်းဆုံးအသင်းအဖြစ်မြောက်မက်စီဒိုးနီးယားအား၀.၀၂ရာခိုင်နှုန်းဖြင့်သတ်မှတ်ထားပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ တြင္ အဂၤလန္အသင္း ခ်န္ပီယံျဖစ္ႏိုင္ေျခ ၅.၂ ရာခိုင္ႏႈန္းသာရွိေၾကာင္း စူပါကြန္ပ်ဴတာေဟာကိန္းထုတ္

အဂၤလန္အသင္းကို ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဗိုလ္စြဲဖို႔ေရပန္းအစားဆုံးအသင္းမ်ားထဲမွတစ္သင္းအျဖစ္အားလုံးကေျပာဆိုေနၾကပါတယ္။ဒါေပမယ့္စူပါကြန္ပ်ဴတာကေတာ့ဂေရမီေဆာက္ဂိတ္အသင္းကိုယူ႐ို၂၀၂၀မွာခ်န္ပီယံျဖစ္မယ့္အသင္းတစ္သင္းလို႔မျမင္ပါဘူး။

ၿပီးခဲ့တဲ့ကမာၻ႔ဖလားၿပိဳင္ပြဲမွာဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့တဲ့ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာေတာင့္တင္းတဲ့လူအင္အားစုဖြဲ႕မႈပိုင္ဆိုင္ထားတဲ့အျပင္သူတို႔ရဲ႕အိမ္ကြင္းျဖစ္တဲ့ဝင္ဘာေလမွာပြဲအမ်ားစုကိုကစားရမွာျဖစ္လို႔အားသာခ်က္မ်ားရရွိေနပါတယ္။

ဒါေပမယ့္ Analyst’s Stats Perform Predictor ကအဂၤလန္အသင္းတြင္ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ရန္အခြင့္အေရး၅.၂ရာခိုင္ႏႈန္းသာရွိေၾကာင္းဆိုထားပါတယ္။

စူပါကြန္ပ်ဴတာဟာဘြတ္ကီဒိုင္မ်ားရဲ႕ဖြင့္လွစ္မႈ၊သမိုင္းေၾကာင္းႏွင့္လတ္တေလေျခစြမ္းတို႔ကိုစီစစ္ကာတြက္ခ်က္တာလည္းျဖစ္ပါတယ္။

စူပါကြန္ပ်ဴတာရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ခ်န္ပီယံျဖစ္ႏိုင္ေျခအမ်ားဆုံးအသင္းအျဖစ္ျပင္သစ္က၂၀.၅ရာခိုင္ႏႈန္းျဖင့္ရပ္တည္ေနၿပီးဘယ္လ္ဂ်ီယံက၁၅.၇ရာခိုင္ႏႈန္းျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

စပိန္က၁၁.၃ရာခိုင္ႏႈန္းျဖင့္အဆင့္၃၊ဂ်ာမနီက၉.၈ရာခိုင္ႏႈန္းျဖင့္အဆင့္၄၊ေပၚတူဂီက၉.၆ရာခိုင္ႏႈန္းျဖင့္အဆင့္၅၊အီတလီက၇.၆ရာခိုင္ႏႈန္းျဖင့္အဆင့္၆၊ေဟာ္လန္က၅.၆ရာခိုင္ႏႈန္းျဖင့္အဆင့္၇၊ဒိန္းမတ္က၅.၄ရာခိုင္ႏႈန္းျဖင့္အဆင့္၈၊အဂၤလန္က၅.၂ရာခိုင္ႏႈန္းျဖင့္အဆင့္၉ႏွင့္ဆြစ္ဇာလန္က၂.၃ရာခိုင္ႏႈန္းျဖင့္အဆင့္၁၀မွာရပ္တည္ေနပါတယ္။

စူပါကြန္ပ်ဴတာကယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာခ်န္ပီယဲံျဖစ္ႏိုင္ေျခအနည္းဆုံးအသင္းအျဖစ္ေျမာက္မက္စီဒိုးနီးယားအား၀.၀၂ရာခိုင္ႏႈန္းျဖင့္သတ္မွတ္ထားပါတယ္။