ယူရို၂၀၂၀ ပြိုင်ပွဲကို နယ်သာလန်အလယ်တန်းစတားဗန်ဒီဘိခ်လွဲချော်

မန်ယူအလယ်တန်းကစားသမားဒွန်နီဗန်ဒီဘိခ်ဟာဒဏ်ရာပြဿနာကြောင့်နယ်သာလန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲကိုလွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိဗန်ဒီဘိခ်ဟာနယ်သာလန်နည်းပြဖရန့်ဒီဘိုးဝါးရဲ့နယ်သာလန်အပြီးသတ်၂၆ဦးလူစာရင်းတွင်ရွေးချယ်ခြင်းခံခဲ့ရသော်လည်းပွဲကစားရန်ကြံ့ခိုင်မှုမပြည့်ဝမှုနဲ့အတူနုတ်ထွက်လိုက်ရပြီဖြစ်ပါတယ်။နယ်သာလန်နည်းပြဖရန့်ဒီဘိုးဝါးဟာဗန်ဒီဘိခ်နေရာမှာအစားထိုးခေါ်ယူမှုပြုလုပ်သွားမှာမဟုတ်ပါဘူး။

ဗန်ဒီဘိခ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတွင်အေဂျက်စ်မှမန်ယူသို့ပြောင်းရွှေ့ကြေးပေါင်သန်း၄၀ဖြင့်ရောက်လာပြီးနောက်အိုးထရက်ဖို့ဒ်တွင်အခက်အခဲများနှင့်ရင်ဆိုင်နေရသူဖြစ်ပါတယ်။

သူဟာနည်းပြဆိုးလ်ရှားလက်အောက်မှာအကန့်အသတ်ဖြင့်သာပွဲကစားခွင့်ရရှိနေပြီးပရီးမီးယားလိဂ်ပွဲ၄ပွဲတည်းသာပွဲထွက်ကစားခွင့်ရထားပါတယ်။

သူဟာပရီးမီးယားလိဂ်ရာသီသိမ်းပွဲတစ်ပွဲတည်းကိုသာပွဲစမှပွဲဆုံးအထိကစားခဲ့ရပြီးဗီလာရီးရဲလ်အားရှုံးနိမ့်တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာအရန်အဖြစ်ပင်ဝင်ကစားခွင့်မရခဲ့ပါဘူး။

သူဟာ၂၀၂၀-၂၁ရာသီမှာမန်ယူအတွက်၃၆ပွဲကစားကာ၁ဂိုးတည်းသာသွင်းယူနိုင်ခဲ့အပြင်၁ကြိမ်တည်းသာဖန်တီးနိုင်ခဲ့ပါတယ်။

နယ်သာလန်ဟာလာမယ့်တနင်္ဂနွေနေ့ ဇွန်လ၁၃ရက်နေ့မှာအုပ်စုအဖွင့်ပွဲစဉ်အဖြစ်ယူကရိန်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲကို နယ္သာလန္အလယ္တန္းစတားဗန္ဒီဘိခ္လြဲေခ်ာ္

မန္ယူအလယ္တန္းကစားသမားဒြန္နီဗန္ဒီဘိခ္ဟာဒဏ္ရာျပႆနာေၾကာင့္နယ္သာလန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလြဲေခ်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိဗန္ဒီဘိခ္ဟာနယ္သာလန္နည္းျပဖရန႔္ဒီဘိုးဝါးရဲ႕နယ္သာလန္အၿပီးသတ္၂၆ဦးလူစာရင္းတြင္ေ႐ြးခ်ယ္ျခင္းခံခဲ့ရေသာ္လည္းပြဲကစားရန္ႀကံ့ခိုင္မႈမျပည့္ဝမႈနဲ႔အတူႏုတ္ထြက္လိုက္ရၿပီျဖစ္ပါတယ္။နယ္သာလန္နည္းျပဖရန႔္ဒီဘိုးဝါးဟာဗန္ဒီဘိခ္ေနရာမွာအစားထိုးေခၚယူမႈျပဳလုပ္သြားမွာမဟုတ္ပါဘူး။

ဗန္ဒီဘိခ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတြင္ေအဂ်က္စ္မွမန္ယူသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၄၀ျဖင့္ေရာက္လာၿပီးေနာက္အိုးထရက္ဖို႔ဒ္တြင္အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရသူျဖစ္ပါတယ္။

သူဟာနည္းျပဆိုးလ္ရွားလက္ေအာက္မွာအကန႔္အသတ္ျဖင့္သာပြဲကစားခြင့္ရရွိေနၿပီးပရီးမီးယားလိဂ္ပြဲ၄ပြဲတည္းသာပြဲထြက္ကစားခြင့္ရထားပါတယ္။

သူဟာပရီးမီးယားလိဂ္ရာသီသိမ္းပြဲတစ္ပြဲတည္းကိုသာပြဲစမွပြဲဆုံးအထိကစားခဲ့ရၿပီးဗီလာရီးရဲလ္အားရႈံးနိမ့္တဲ့ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာအရန္အျဖစ္ပင္ဝင္ကစားခြင့္မရခဲ့ပါဘူး။

သူဟာ၂၀၂၀-၂၁ရာသီမွာမန္ယူအတြက္၃၆ပြဲကစားကာ၁ဂိုးတည္းသာသြင္းယူႏိုင္ခဲ့အျပင္၁ႀကိမ္တည္းသာဖန္တီးႏိုင္ခဲ့ပါတယ္။

နယ္သာလန္ဟာလာမယ့္တနဂၤေႏြေန႔ ဇြန္လ၁၃ရက္ေန႔မွာအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ယူကရိန္းႏွင့္ရင္ဆိုင္ကစားရပါမယ္။