ယူရို၂၀၂၀ ပြိုင်ပွဲကို လွဲချော်မှာ စိုးရိမ်နေရတဲ့ ဒေါ့မွန်ရဲ့ ဝစ်ဆဲလ်

ဒေါ့မွန်အလယ်တန်းကစားသမားအဇဲလ်ဝစ်ဆဲလ်ဟာဖနောင့်အရွတ်ဒဏ်ရာကြောင့်ကာလရှည်ကြာ အနားယူရမယ့်အရေးနှင့်ရင်ဆိုင်နေရပြီးယူရို၂၀၂၀ပြိုင်ပွဲကိုလွဲချော်ရမယ့်အခြေအေနနဲ့ရင်ဆိုင်နေရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာစနေနေ့ညတုန်းကလိုက်ဇစ်အား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့အဝေးကွင်းပွဲစဉ်မှာဖနောင့်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ဟာအသက်၃၁နှစ်ရှိကစားသမားရဲ့ဒဏ်ရာအခြေအနေကိုစစ်ဆေးမှုများပြုလုပ်ပြီးနောက်ဖနောင့်အ ရွတ်ဒဏ်ရာရရှိနေကြောင်းအတည်ပြုလာပါတယ်။

ဒေါ့မွန်ဟာအလယ်တန်းကစားသမားမှာဘယ်မျှအထိအနားယူရမလဲဆိုတာအတိအကျကြေညာသွားခဲ့ခြင်းတော့ မရှိပါဘူး။

ဒါပေမယ့်ဖနောင့်အရွတ်ဒဏ်ရာဖြစ်တာကြောင့်သူ့အနေဖြင့်ရာသီအကုန်အထိအနားယူရဖို့တော့ရှိပါတယ်။ယူရို၂၀၂၀ပြိုင်ပွဲကိုဇွန်လ၁၁ရက်နေ့တွင်စတင်မှာဖြစ်ပြီးလွဲချော်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။

ဝစ်ဆဲလ်ဟာမာတီနက်ဇ်ရဲ့ဘယ်လ်ဂျီယံအသင်းမှာအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီးရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရရှိအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲကို လြဲေခ်ာ္မွာ စိုးရိမ္ေနရတဲ့ ေဒါ့မြန္ရဲ႕ ဝစ္ဆဲလ္

ေဒါ့မြန္အလယ္တန္းကစားသမားအဇဲလ္ဝစ္ဆဲလ္ဟာဖေနာင့္အ႐ြတ္ဒဏ္ရာေၾကာင့္ကာလရွည္ၾကာ အနားယူရမယ့္အေရးႏွင့္ရင္ဆိုင္ေနရၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလြဲေခ်ာ္ရမယ့္အေျခေအနနဲ႔ရင္ဆိုင္ေနရပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစားသမားဟာစေနေန႔ညတုန္းကလိုက္ဇစ္အား၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့အေဝးကြင္းပြဲစဥ္မွာဖေနာင့္ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ဟာအသက္၃၁ႏွစ္ရွိကစားသမားရဲ႕ဒဏ္ရာအေျခအေနကိုစစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ဖေနာင့္အ ႐ြတ္ဒဏ္ရာရရွိေနေၾကာင္းအတည္ျပဳလာပါတယ္။

ေဒါ့မြန္ဟာအလယ္တန္းကစားသမားမွာဘယ္မွ်အထိအနားယူရမလဲဆိုတာအတိအက်ေၾကညာသြားခဲ့ျခင္းေတာ့ မရွိပါဘူး။

ဒါေပမယ့္ဖေနာင့္အ႐ြတ္ဒဏ္ရာျဖစ္တာေၾကာင့္သူ႔အေနျဖင့္ရာသီအကုန္အထိအနားယူရဖို႔ေတာ့ရွိပါတယ္။ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုဇြန္လ၁၁ရက္ေန႔တြင္စတင္မွာျဖစ္ၿပီးလြဲေခ်ာ္ႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

ဝစ္ဆဲလ္ဟာမာတီနက္ဇ္ရဲ႕ဘယ္လ္ဂ်ီယံအသင္းမွာအေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲမွာ တတိယရရွိေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။