ယူရို၂၀၂၀ ပြိုင်ပွဲတစ်ရပ်လုံးအား ဗြိတိန်တွင် ကျင်းပရန် ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကမ်းလှမ်း

ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ဟာဗြိတိန်နိုင်ငံအတွင်းတွင်ကိုဗစ်ကာကွယ်ရေးထိုးမှုအကြီးအကျယ်လုပ်ဆောင်နေနိုင်မှုနဲ့အတူလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲတစ်ရပ်လုံးအားဗြိတိန်နိုင်ငံတွင်ကျင်းပရန်ကမ်း လှမ်းမှုပြုလုပ်လိုက်ပါတယ်။

အင်္ဂလန်ဟာလာမယ့်ဇူလိုင်လတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်နှင့်ဗိုလ်လုပွဲတို့ကိုလက်ခံကျင်းပခွင့်ရရှိထားပြီးလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဗြိတိန်နိုင်ငံအတွင်းမှာကိုဗစ်ကာကွယ်ရေးထိုးမှုမှာဇွန်လရောက်ချိန်တွင်အားလုံးပြီးစီးသလောက်အနေအ ထားတွင်ရှိနိုင်မှုနဲ့အတူပြိုင်ပွဲတစ်ရပ်လုံးကိုလက်ခံကျင်းပရန်ယူအီးအက်ဖ်အေထံသို့ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်ဗြိတိန်ဟာအိုင်ယာလန်နှင့်ပူးပေါင်းကာလာမယ့်၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်းအိမ်ရှင်အ ဖြစ်ကျင်းပရေးလျှောက်ထားရန်စီစဉ်နေပါသေးတယ်။

ဘိုရစ်ဂျွန်ဆင်က “၂၀၃၀မှာဘောလုံးမွေးဖွားရာနေရာသို့ခေါ်ဆောင်ဖို့အရမ်းဆန္ဒပြင်းပြနေပါတယ်။ ကျွန်တော်က တော့ဒီနေရာကအသင့်တော်ဆုံးနေရာလို့ထင်ပါတယ်။ဒီနေရာကိုဘောလုံးကိုမွေးဖွားရာနေရာပါ။သင့်တော်တဲ့အ ချိန်လည်းဖြစ်ပါတယ်။ဖြစ်လာခဲ့ရင်တော့တစ်နိုင်ငံလုံးအတွက်အံ့ဩစရာဖြစ်လာပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ဘိုရစ်ဂျွန်ဆင်ဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲကိုအောင်မြင်စွာလက်ခံကျင်းပနိုင်မှုကဥရောပမှထွက်ခွာမှုအတွက်ပုံရိပ် ကို ထိန်းထားနိုင်မယ့်အပြင်၂၀၃၀ကမ္ဘာ့ဖလားကျင်းပရေးအတွက်လည်းအခွင့်ကောင်းလာမယ်လို့ယုံကြည်နေ ပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲတစ္ရပ္လုံးအား ၿဗိတိန္တြင္ က်င္းပရန္ ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ကမ္းလွမ္

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ဟာၿဗိတိန္ႏိုင္ငံအတြင္းတြင္ကိုဗစ္ကာကြယ္ေရးထိုးမႈအႀကီးအက်ယ္လုပ္ေဆာင္ေနႏိုင္မႈနဲ႔အတူလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတစ္ရပ္လုံးအားၿဗိတိန္ႏိုင္ငံတြင္က်င္းပရန္ကမ္း လွမ္းမႈျပဳလုပ္လိုက္ပါတယ္။

အဂၤလန္ဟာလာမယ့္ဇူလိုင္လတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ဆီမီးဖိုင္နယ္ႏွင့္ဗိုလ္လုပြဲတို႔ကိုလက္ခံက်င္းပခြင့္ရရွိထားၿပီးလည္းျဖစ္ပါတယ္။

ဒါေပမယ့္ၿဗိတိန္ႏိုင္ငံအတြင္းမွာကိုဗစ္ကာကြယ္ေရးထိုးမႈမွာဇြန္လေရာက္ခ်ိန္တြင္အားလုံးၿပီးစီးသေလာက္အေနအ ထားတြင္ရွိႏိုင္မႈနဲ႔အတူၿပိဳင္ပြဲတစ္ရပ္လုံးကိုလက္ခံက်င္းပရန္ယူအီးအက္ဖ္ေအထံသို႔ကမ္းလွမ္းလိုက္ၿပီျဖစ္ပါတယ္။

အျခားတစ္ဖက္တြင္ၿဗိတိန္ဟာအိုင္ယာလန္ႏွင့္ပူးေပါင္းကာလာမယ့္၂၀၃၀ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္းအိမ္ရွင္အ ျဖစ္က်င္းပေရးေလွ်ာက္ထားရန္စီစဥ္ေနပါေသးတယ္။

ဘိုရစ္ဂြၽန္ဆင္က “၂၀၃၀မွာေဘာလုံးေမြးဖြားရာေနရာသို႔ေခၚေဆာင္ဖို႔အရမ္းဆႏၵျပင္းျပေနပါတယ္။ ကြၽန္ေတာ္က ေတာ့ဒီေနရာကအသင့္ေတာ္ဆုံးေနရာလို႔ထင္ပါတယ္။ဒီေနရာကိုေဘာလုံးကိုေမြးဖြားရာေနရာပါ။သင့္ေတာ္တဲ့အ ခ်ိန္လည္းျဖစ္ပါတယ္။ျဖစ္လာခဲ့ရင္ေတာ့တစ္ႏိုင္ငံလုံးအတြက္အံ့ဩစရာျဖစ္လာပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဘိုရစ္ဂြၽန္ဆင္ဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုေအာင္ျမင္စြာလက္ခံက်င္းပႏိုင္မႈကဥေရာပမွထြက္ခြာမႈအတြက္ပုံရိပ္ ကို ထိန္းထားႏိုင္မယ့္အျပင္၂၀၃၀ကမာၻ႔ဖလားက်င္းပေရးအတြက္လည္းအခြင့္ေကာင္းလာမယ္လို႔ယုံၾကည္ေန ပါတယ္။