ယူရို၂၀၂၀ ပြိုင်ပွဲတွင် အငြင်းပွားဖွယ် မတော်တဆလက်ထိဘောစည်းမျဉ်းကို သုံးမည်မဟုတ်

ယူအီးအက်ဖ်အေကလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်ဂိုးတစ်ဂိုးအတွက် ကစားကွက်တည်ဆောက်နေစဉ်တိုက်စစ်သမားတစ်ဦးဦးကမတော်တဆလက်ထိဘောဖြစ်ခဲ့ပါကလည်းဂိုးအဖြစ်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဂိုးအတွက်ကစားကွက်တည်ဆောက်နေစဉ်ဘောလုံးနှင့်လက်နဲ့မည်ကဲ့သို့ထိတွေ့မှုမဆိုဖြစ်ခဲ့ပါကဂိုးကိုခွင့်ပြုခဲ့ခြင်းမရှိပါဘူး။ယင်းစည်းမျဉ်းမှာကလပ်များအကြားတွင်လူကြိုက်နည်းတဲ့စည်းမျဉ်းဖြစ်ပါတယ်။

မတ်လတုန်းကဖူလ်ဟမ်နှင့်စပါးစ်ပွဲစဉ်တွင်ဖူလ်ဟမ်အသင်းတိုက်စစ်ဆင်လာစဉ်မာရီယိုလီမီလာလက်ထိဘောလုံးဖြစ်ခဲ့ပြီးဂိုးဝင်ခဲ့သော်လည်းVARကဂိုးအဖြစ်သတ်မှတ်ခဲ့ခြင်းမရှိပါဘူး။

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ဟာလက်ထိဘောစည်းမျဉ်းအပြောင်းအလဲလုပ်ခဲ့ပြီးလာမယ့်ဇူလိုင်လမှစတင်အသုံးပြုသွားပါမယ်။ဒါပေမယ့်ယူအီးအက်ဖ်အေဟာယခုလတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲမှစတင်ကျင့်သုံးသွားပါမယ်။

ဒါ့အပြင်ယူအီးအက်ဖ်အေဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်ဒိုင်လူကြီးများအားမှန်ကန်တိကျတဲ့ဆုံးဖြတ်ချက်များချနိုင်ရန်အတွက်လူကျွံဘောအပါအဝင်အခြားဂိုးအဖြစ်မသတ်မှတ်မှုများနှင့်ပတ်သက်ပြီးရှင်းလင်းတိကျတဲ့သက်သေပေးနိုင်ရန်စီစဉ်ထားကြောင်းလည်းဆိုသွားပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲတြင္ အျငင္းပြားဖြယ္ မေတာ္တဆလက္ထိေဘာစည္းမ်ဥ္းကို သုံးမည္မဟုတ္

ယူအီးအက္ဖ္ေအကလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဂိုးတစ္ဂိုးအတြက္ ကစားကြက္တည္ေဆာက္ေနစဥ္တိုက္စစ္သမားတစ္ဦးဦးကမေတာ္တဆလက္ထိေဘာျဖစ္ခဲ့ပါကလည္းဂိုးအျဖစ္သတ္မွတ္ေပးသြားမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဂိုးအတြက္ကစားကြက္တည္ေဆာက္ေနစဥ္ေဘာလုံးႏွင့္လက္နဲ႔မည္ကဲ့သို႔ထိေတြ႕မႈမဆိုျဖစ္ခဲ့ပါကဂိုးကိုခြင့္ျပဳခဲ့ျခင္းမရွိပါဘူး။ယင္းစည္းမ်ဥ္းမွာကလပ္မ်ားအၾကားတြင္လူႀကိဳက္နည္းတဲ့စည္းမ်ဥ္းျဖစ္ပါတယ္။

မတ္လတုန္းကဖူလ္ဟမ္ႏွင့္စပါးစ္ပြဲစဥ္တြင္ဖူလ္ဟမ္အသင္းတိုက္စစ္ဆင္လာစဥ္မာရီယိုလီမီလာလက္ထိေဘာလုံးျဖစ္ခဲ့ၿပီးဂိုးဝင္ခဲ့ေသာ္လည္းVARကဂိုးအျဖစ္သတ္မွတ္ခဲ့ျခင္းမရွိပါဘူး။

ႏိုင္ငံတကာေဘာလုံးအဖြဲ႕ခ်ဳပ္ဘုတ္အဖြဲ႕ဟာလက္ထိေဘာစည္းမ်ဥ္းအေျပာင္းအလဲလုပ္ခဲ့ၿပီးလာမယ့္ဇူလိုင္လမွစတင္အသုံးျပဳသြားပါမယ္။ဒါေပမယ့္ယူအီးအက္ဖ္ေအဟာယခုလတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွစတင္က်င့္သုံးသြားပါမယ္။

ဒါ့အျပင္ယူအီးအက္ဖ္ေအဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဒိုင္လူႀကီးမ်ားအားမွန္ကန္တိက်တဲ့ဆုံးျဖတ္ခ်က္မ်ားခ်ႏိုင္ရန္အတြက္လူကြၽံေဘာအပါအဝင္အျခားဂိုးအျဖစ္မသတ္မွတ္မႈမ်ားႏွင့္ပတ္သက္ၿပီးရွင္းလင္းတိက်တဲ့သက္ေသေပးႏိုင္ရန္စီစဥ္ထားေၾကာင္းလည္းဆိုသြားပါတယ္။