ယူရို၂၀၂၀ ပြိုင်ပွဲမှာ ပေါင် ၄၈၀၀ တန် အထူးထုတ်နာရီကို အသုံးပြုနေတဲ့ ဆောက်ဂိတ်

ဂါရတ်ဆောက်ဂိတ်ဟာယူရို၂၀၂၀ပြိုင်ပွဲအတွင်းမှာအသေးစိတ်အချက်အလက်နှင့်သတင်းအချက်အလက်များသိရှိနိုင်စေရန်အတွက် Hublot Euro 2020 အထူးထုတ်နာရီကိုဝတ်ဆင်အသုံးပြုနေကြောင််းသိရပါတယ်။

Hublot Euro 2020 အထူးထုတ်နာရီကို အလုံးရေ ၁၀၀၀ တည်းသာအကန့်အသတ်ဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီးယင်းမှတစ်လုံးကို အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ပရိသတ်များကဆောက်ဂိတ်ကိုပွဲအတွင်းမှာ အားကစားဆန်တဲ့နာရီဖြင့်ခန့်ညားနေတယ်လို့ဘဲထင်ကြပါတယ်။ဒါပေမယ့်ယင်းအားကစားသုံးနာရီကအဆင့်မြင့်နည်းပညာများဖြင့်ပေါင်းစပ်ထုတ်လုပ်ထားတဲ့နာရီဖြစ်ပြီးတန်ဖိုးပေါင်၄၈၀၀အထိသတ်မှတ်ထားတဲ့နာရီဖြစ်ပါတယ်။

Hublot Euro 2020 အထူးထုတ်နာရီရဲ့ကြီးမားတဲ့မျက်နှာပြင်မှာ ပွဲထွက်စာရင်း၊ကစားသမားများရဲ့အဆင့်သတ်မှတ်ချက်နှင့်နည်းစနစ်ပိုင်းတို့နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကိုလည်းဖော်ပြထားပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ဂိုးရရှိမှု၊ပင်နယ်တီရရှိမှု၊လူစားလဲလှယ်မှု၊အဝါကတ်၊အနီကတ်တို့နဲ့ပတ်သက်ပြီး Notification နှင့် Alert ပေးတဲ့စနစ်လည်းပါဝင်တာပါ။ဒါပေမယ့်ယူရိုပြိုင်ပွဲဝင်အသင်းတိုင်းရဲ့အရောင်ကိုဒေါင်းလော့ခ်ရယူသုံးနိုင်ပါသေးတယ်။

ယင်းအဖိုးတန်နာရီမှာတစ်ရက်တာအသုံးပြုနိုင်တဲ့ဘက်ထရီပါဝင်ပြီးအားသွင်းအပြည့်သွင်းဖို့အတွက်၂.၅နာရီအချိန်ယူရပါတယ်။

အင်္ဂလန်အသင်းဟာမနေ့ညတုန်းကရောမမှာယူကရိန်းကို၄-၀ဂိုးဖြင့်အနိုင်ရရှိပြီးယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ထားပါတယ်။အင်္ဂလန်ဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာဝင်ဘာလေကွင်းမှာဒိန်းမတ်နှင့်ယူရို၂၀၂၀ပြိုင်ပွဲဆီမီးပွဲကစားရပမယ်။

ဆောက်ဂိတ်ဟာဒိန်းမတ်နှင့်ဆီမီးပွဲစဉ်မှာ Hublot Euro 2020 အထူးထုတ်နာရီကိုဝတ်ဆင်လာဦးမှာသေချာနေပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲမွာ ေပါင္ ၄၈၀၀ တန္ အထူးထုတ္နာရီကို အသုံးျပဳေနတဲ့ ေဆာက္ဂိတ္

ဂါရတ္ေဆာက္ဂိတ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြင္းမွာအေသးစိတ္အခ်က္အလက္ႏွင့္သတင္းအခ်က္အလက္မ်ားသိရွိႏိုင္ေစရန္အတြက္ Hublot Euro 2020 အထူးထုတ္နာရီကိုဝတ္ဆင္အသုံးျပဳေနေၾကာင္္းသိရပါတယ္။

Hublot Euro 2020 အထူးထုတ္နာရီကို အလုံးေရ ၁၀၀၀ တည္းသာအကန႔္အသတ္ျဖင့္ ထုတ္လုပ္ထားတာျဖစ္ၿပီးယင္းမွတစ္လုံးကို အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ကပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ပရိသတ္မ်ားကေဆာက္ဂိတ္ကိုပြဲအတြင္းမွာ အားကစားဆန္တဲ့နာရီျဖင့္ခန႔္ညားေနတယ္လို႔ဘဲထင္ၾကပါတယ္။ဒါေပမယ့္ယင္းအားကစားသုံးနာရီကအဆင့္ျမင့္နည္းပညာမ်ားျဖင့္ေပါင္းစပ္ထုတ္လုပ္ထားတဲ့နာရီျဖစ္ၿပီးတန္ဖိုးေပါင္၄၈၀၀အထိသတ္မွတ္ထားတဲ့နာရီျဖစ္ပါတယ္။

Hublot Euro 2020 အထူးထုတ္နာရီရဲ႕ႀကီးမားတဲ့မ်က္ႏွာျပင္မွာ ပြဲထြက္စာရင္း၊ကစားသမားမ်ားရဲ႕အဆင့္သတ္မွတ္ခ်က္ႏွင့္နည္းစနစ္ပိုင္းတို႔နဲ႔ပတ္သက္တဲ့အေသးစိတ္အခ်က္အလက္မ်ားကိုလည္းေဖာ္ျပထားပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ဂိုးရရွိမႈ၊ပင္နယ္တီရရွိမႈ၊လူစားလဲလွယ္မႈ၊အဝါကတ္၊အနီကတ္တို႔နဲ႔ပတ္သက္ၿပီး Notification ႏွင့္ Alert ေပးတဲ့စနစ္လည္းပါဝင္တာပါ။ဒါေပမယ့္ယူ႐ိုၿပိဳင္ပြဲဝင္အသင္းတိုင္းရဲ႕အေရာင္ကိုေဒါင္းေလာ့ခ္ရယူသုံးႏိုင္ပါေသးတယ္။

ယင္းအဖိုးတန္နာရီမွာတစ္ရက္တာအသုံးျပဳႏိုင္တဲ့ဘက္ထရီပါဝင္ၿပီးအားသြင္းအျပည့္သြင္းဖို႔အတြက္၂.၅နာရီအခ်ိန္ယူရပါတယ္။

အဂၤလန္အသင္းဟာမေန႔ညတုန္းကေရာမမွာယူကရိန္းကို၄-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ထားပါတယ္။အဂၤလန္ဟာလာမယ့္ဗုဒၶဟူးေန႔မွာဝင္ဘာေလကြင္းမွာဒိန္းမတ္ႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးပြဲကစားရပမယ္။

ေဆာက္ဂိတ္ဟာဒိန္းမတ္ႏွင့္ဆီမီးပြဲစဥ္မွာ Hublot Euro 2020 အထူးထုတ္နာရီကိုဝတ္ဆင္လာဦးမွာေသခ်ာေနပါတယ္။