ယူရို၂၀၂၀ ပြိုင်ပွဲရဲ့ရွှေလက်အိတ်ဆု ရရှိသွားပြီဖြစ်တဲ့ အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်

အင်္ဂလန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ဟာယူရို၂၀၂၀ပြိုင်ပွဲရဲ့ရွှေလက်အိတ်ဆုအားဆွတ်ခူးအားဆွတ်ခူးရန်သေချာသွားပြီဖြစ်ပါတယ်။

ယနေ့ညတွင်ဝင်ဘာလေကွင်းမှာဒိန်းမတ်နှင့်ဆီမီးဖိုင်နယ်ပွဲစဉ်ကစားရမယ့်အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်၅ပွဲဆက်ဂိုးပေးထားရခြင်းမရှိဘဲ တစ်ဂိုးမျှမပေးထားရသေးပါဘူး။

အီတလီဂိုးသမားဒွန်နာရမ်မာကစပိန်နှင့်ပွဲတွင်ဂိုးပေးခဲ့ရမှုနဲ့အတူယူရို၂၀၂၀ပြိုင်ပွဲမှာပေးဂိုး၃ဂိုးပေးထားရပါတယ်။ဒွန်နာရမ်မာမှာဗိုလ်လုပွဲတွင်ဂိုးမပေးရပါကလည်းဂိုးမပေးရတဲ့ပွဲ၄ပွဲတည်းသာရှိမည်ဖြစ်ရာဂျော်ဒန်ပစ်ဖို့ဒ်ကိုလိုက်မီတော့မှာမဟုတ်တော့ပါဘူး။

ဒွန်နာရမ်မာဟာတူရကီ၊ဆွစ်ဇာလန်နှင့်ဝေးလ်ပွဲတို့တွင်ဂိုးမပေးခဲ့ရသော်လည်းဩစတြီးယား၊ဘယ်လ်ဂျီယံ၊စပိန်တို့နှင့်ပွဲတို့တွင်ဂိုးပေးထားရပါတယ်။

ဒါကြောင့်လည်းပစ်ဖို့ဒ်ဟာဆီမီးဖိုင်နယ်ပွဲမကစားသေးခင်မှာဘဲယူရို၂၀၂၀ပြိုင်ပွဲရဲ့ရွှေလက်အိတ်ဆုကိုဆွတ်ခူးရန်သေချာသွားခဲ့တာပါ။

တစ်ဖက်တွင်အင်္ဂလန်ဂန္ထဝင်ဂိုးသမားပီတာရှဲလ်တန်ကဂျော်ဒန်ပစ်ဖို့ဒ်အားယူရိုပြိုင်ပွဲတစ်ခုလုံးအားဂိုးမပေးရဘဲအင်္ဂလန်အသင်းချန်ပီယံဖြစ်လာနိုင်တယ်လို့ထောက်ခံပြောကြားထားပါတယ်။

အင်္ဂလန်နှင့်အတူယူရိုပြိုင်ပွဲနှစ်ကြိမ်နှင့်ကမ္ဘာ့ဖလားတစ်ကြိမ်ကစားထားတဲ့ရှဲလ်တန်က “ဒိန်းမတ်ကိုအနိုင်ရဖို့အင်္ဂလန်ကလုံလောက်ပြီးသားပါ။ဗိုလ်လုပွဲမကစားရမှာစိုးရိမ်စရာမရှိပါဘူး။ပေးဂိုးတစ်ဂိုးမှမရှိဘဲချန်ပီယံဖြစ်ရင်တော့အကောင်းဆုံးပေါ့ဗျာ။ပစ်ဖို့ဒ်ကလည်းထိပ်တန်းဂိုးသမားတစ်ဦးပါ။သူကအင်္ဂလန်အသင်းဝတ်စုံနဲ့ဆိုရင်ပိုကောင်းအောင်ကစားနိုင်တဲ့သူပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲရဲ႕ေ႐ႊလက္အိတ္ဆု ရရွိသြားၿပီျဖစ္တဲ့ အဂၤလန္ဂိုးသမားပစ္ဖို႔ဒ္

အဂၤလန္ဂိုးသမားေဂ်ာ္ဒန္ပစ္ဖို႔ဒ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ေ႐ႊလက္အိတ္ဆုအားဆြတ္ခူးအားဆြတ္ခူးရန္ေသခ်ာသြားၿပီျဖစ္ပါတယ္။

ယေန႔ညတြင္ဝင္ဘာေလကြင္းမွာဒိန္းမတ္ႏွင့္ဆီမီးဖိုင္နယ္ပြဲစဥ္ကစားရမယ့္အဂၤလန္ဂိုးသမားပစ္ဖို႔ဒ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္၅ပြဲဆက္ဂိုးေပးထားရျခင္းမရွိဘဲ တစ္ဂိုးမွ်မေပးထားရေသးပါဘူး။

အီတလီဂိုးသမားဒြန္နာရမ္မာကစပိန္ႏွင့္ပြဲတြင္ဂိုးေပးခဲ့ရမႈနဲ႔အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာေပးဂိုး၃ဂိုးေပးထားရပါတယ္။ဒြန္နာရမ္မာမွာဗိုလ္လုပြဲတြင္ဂိုးမေပးရပါကလည္းဂိုးမေပးရတဲ့ပြဲ၄ပြဲတည္းသာရွိမည္ျဖစ္ရာေဂ်ာ္ဒန္ပစ္ဖို႔ဒ္ကိုလိုက္မီေတာ့မွာမဟုတ္ေတာ့ပါဘူး။

ဒြန္နာရမ္မာဟာတူရကီ၊ဆြစ္ဇာလန္ႏွင့္ေဝးလ္ပြဲတို႔တြင္ဂိုးမေပးခဲ့ရေသာ္လည္းဩစႀတီးယား၊ဘယ္လ္ဂ်ီယံ၊စပိန္တို႔ႏွင့္ပြဲတို႔တြင္ဂိုးေပးထားရပါတယ္။

ဒါေၾကာင့္လည္းပစ္ဖို႔ဒ္ဟာဆီမီးဖိုင္နယ္ပြဲမကစားေသးခင္မွာဘဲယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ေ႐ႊလက္အိတ္ဆုကိုဆြတ္ခူးရန္ေသခ်ာသြားခဲ့တာပါ။

တစ္ဖက္တြင္အဂၤလန္ဂႏၴဝင္ဂိုးသမားပီတာရွဲလ္တန္ကေဂ်ာ္ဒန္ပစ္ဖို႔ဒ္အားယူ႐ိုၿပိဳင္ပြဲတစ္ခုလုံးအားဂိုးမေပးရဘဲအဂၤလန္အသင္းခ်န္ပီယံျဖစ္လာႏိုင္တယ္လို႔ေထာက္ခံေျပာၾကားထားပါတယ္။

အဂၤလန္ႏွင့္အတူယူ႐ိုၿပိဳင္ပြဲႏွစ္ႀကိမ္ႏွင့္ကမာၻ႔ဖလားတစ္ႀကိမ္ကစားထားတဲ့ရွဲလ္တန္က “ဒိန္းမတ္ကိုအႏိုင္ရဖို႔အဂၤလန္ကလုံေလာက္ၿပီးသားပါ။ဗိုလ္လုပြဲမကစားရမွာစိုးရိမ္စရာမရွိပါဘူး။ေပးဂိုးတစ္ဂိုးမွမရွိဘဲခ်န္ပီယံျဖစ္ရင္ေတာ့အေကာင္းဆုံးေပါ့ဗ်ာ။ပစ္ဖို႔ဒ္ကလည္းထိပ္တန္းဂိုးသမားတစ္ဦးပါ။သူကအဂၤလန္အသင္းဝတ္စုံနဲ႔ဆိုရင္ပိုေကာင္းေအာင္ကစားႏိုင္တဲ့သူပါ”လို႔ေျပာၾကားသြားပါတယ္။