ယူရို၂၀၂၀ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိသင့်သူအား ဂျွန်စတုန်းပြောကြားလာ

ဂျွန်စတုန်းကမန်စီးတီးကစားဖော်ရာဟမ်းစတာလင်းမှာယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသင့်ကြောင်းပြောကြားလာပါတယ်။

အသက် ၂၆နှစ်ရှိစတာလင်းဟာအင်္ဂလန်အသင်းကို ၁၉၆၆ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အင်္ဂလန်အသင်းကိုနိုင်ငံတကာပြိုင်ပွဲဗိုလ်လုပွဲသို့ပို့ဆောင်ပေးထားသူဖြစ်ပါတယ်။

စတာလင်းဟာအုပ်စုပွဲစဉ်တုန်းကအင်္ဂလန်အတွက်အဖိုးတန်အနိုင်ဂိုး၂ဂိုးသွင်းခဲ့သလိုဂျာမနီနှင့်၁၆သင်းရှုံးထွက်အဆင့်တွင်လည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာယူကရိန်းနှင့်ပွဲစဉ်မှာဟယ်ရီကိန်းအဖွင့်သွင်းနိုင်အောင်လည်းဖန်တီးခဲ့ပါတယ်။

အင်္ဂလန်ဟာဒိန်းမတ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်းကိန်းအနိုင်ဂိုးသွင်းနိုင်ရန်အတွက်ပင်နယ်တီရရှိစေခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်းယနေ့ညတွင်ကစားမယ့်အီတလီနှင့်ကစားမယ့်ပွဲမတိုင်မီစတုန်းက “ကျွန်တော်ကရာဟမ်းရဲ့ပရိသတ်တစ်ဦးပါ။ကျွန်တော်ကတော့သူ့ကို ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုရစေချင်သလိုရမယ်လို့လည်းယုံကြည်နေတယ်။သူ့ရဲ့အသင်းအတွက်လုပ်ဆောင်ပေးမှုတကိုယ်ကောင်းမဆန်မှုတွေကပြောစရာစကားလုံးတောင်မရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကို ရရွိသင့္သူအား ဂြၽန္စတုန္းေျပာၾကားလာ

ဂြၽန္စတုန္းကမန္စီးတီးကစားေဖာ္ရာဟမ္းစတာလင္းမွာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသင့္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္ ၂၆ႏွစ္ရွိစတာလင္းဟာအဂၤလန္အသင္းကို ၁၉၆၆ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္အဂၤလန္အသင္းကိုႏိုင္ငံတကာၿပိဳင္ပြဲဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးထားသူျဖစ္ပါတယ္။

စတာလင္းဟာအုပ္စုပြဲစဥ္တုန္းကအဂၤလန္အတြက္အဖိုးတန္အႏိုင္ဂိုး၂ဂိုးသြင္းခဲ့သလိုဂ်ာမနီႏွင့္၁၆သင္းရႈံးထြက္အဆင့္တြင္လည္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာယူကရိန္းႏွင့္ပြဲစဥ္မွာဟယ္ရီကိန္းအဖြင့္သြင္းႏိုင္ေအာင္လည္းဖန္တီးခဲ့ပါတယ္။

အဂၤလန္ဟာဒိန္းမတ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာလည္းကိန္းအႏိုင္ဂိုးသြင္းႏိုင္ရန္အတြက္ပင္နယ္တီရရွိေစခဲ့သူျဖစ္ပါတယ္။

ဒါေၾကာင့္လည္းယေန႔ညတြင္ကစားမယ့္အီတလီႏွင့္ကစားမယ့္ပြဲမတိုင္မီစတုန္းက “ကြၽန္ေတာ္ကရာဟမ္းရဲ႕ပရိသတ္တစ္ဦးပါ။ကြၽန္ေတာ္ကေတာ့သူ႔ကို ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုရေစခ်င္သလိုရမယ္လို႔လည္းယုံၾကည္ေနတယ္။သူ႔ရဲ႕အသင္းအတြက္လုပ္ေဆာင္ေပးမႈတကိုယ္ေကာင္းမဆန္မႈေတြကေျပာစရာစကားလုံးေတာင္မရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။