ယူရို၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ ထရန်းအလက်ဇန္ဒားအာနိုး နုတ်ထွက်

အင်္ဂလန်ညာနောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးဟာပေါင်ကြွက်သားဒဏ်ရာကြောင့် အင်္ဂလန်ရဲ့ယူရို၂၀၂၀အသင်းမှနုတ်ထွက်လိုက်ရပါတယ်။

အလက်ဇန္ဒားအာနိုးဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းကဩစတြီးယားအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ခြေစမ်းပွဲစဉ်တွင်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့ပါတယ်။

လီဗာပူးညာနောက်ခံလူရဲ့ဒဏ်ရာကိုစစ်ဆေးမှုအရပြန်လည်ကောင်းမွန်ရန်လေးပတ်မှခြောက်ပတ်အထိအနားယူရမှာဖြစ်လို့ယူရို၂၀၂၀ပြိုင်ပွဲကိုလွဲချော်တော့မှာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာအလက်ဇန္ဒားအာနိုးနေရာတွင်အစားထိုးမယ့်ကစားသမားအားလာမယ့်တနင်္ဂနွေနေ့တွင်ကစားမယ့်ရိုမေးနီးယားနှင့်ခြေစမ်းပွဲအပြီးတွင်မှရွေးချယ်သွားပါမယ်။

ထရန်းအလက်ဇန္ဒားအာနိုးနုတ်ထွက်ခဲ့ရပေမယ့်ဆောက်ဂိတ်အတွက်ညာနောက်ခံလူများအဖြစ်ထရစ်ပီယာ၊ကိုင်လီဝေါလ်ကားနှင့်ရီစီဂျိမ်းစ်တို့ရှိနေပါသေးတယ်။ဒါကြောင့်ဆောက်ဂိတ်အနေဖြင့်ထရန်းအလက်ဇန္ဒားအာနိုးရဲ့နေရာညာနောက်ခံလူတစ်ဦးရွေးချယ်ဖို့မရှိဘဲအခြားနေရာကိုသာအားဖြည့်ခေါ်ယူသွားဖို့ရှိပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္အသင္းမွ ထရန္းအလက္ဇႏၵားအာႏိုး ႏုတ္ထြက္

အဂၤလန္ညာေနာက္ခံလူထရန္းအလက္ဇႏၵားအာႏိုးဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ အဂၤလန္ရဲ႕ယူ႐ို၂၀၂၀အသင္းမွႏုတ္ထြက္လိုက္ရပါတယ္။

အလက္ဇႏၵားအာႏိုးဟာၿပီးခဲ့တဲ့ဗုဒၶဟူးေန႔တုန္းကဩစႀတီးယားအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ေျခစမ္းပြဲစဥ္တြင္ေပါင္ႂကြက္သားဒဏ္ရာရရွိခဲ့ပါတယ္။

လီဗာပူးညာေနာက္ခံလူရဲ႕ဒဏ္ရာကိုစစ္ေဆးမႈအရျပန္လည္ေကာင္းမြန္ရန္ေလးပတ္မွေျခာက္ပတ္အထိအနားယူရမွာျဖစ္လို႔ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာအလက္ဇႏၵားအာႏိုးေနရာတြင္အစားထိုးမယ့္ကစားသမားအားလာမယ့္တနဂၤေႏြေန႔တြင္ကစားမယ့္႐ိုေမးနီးယားႏွင့္ေျခစမ္းပြဲအၿပီးတြင္မွေ႐ြးခ်ယ္သြားပါမယ္။

ထရန္းအလက္ဇႏၵားအာႏိုးႏုတ္ထြက္ခဲ့ရေပမယ့္ေဆာက္ဂိတ္အတြက္ညာေနာက္ခံလူမ်ားအျဖစ္ထရစ္ပီယာ၊ကိုင္လီေဝါလ္ကားႏွင့္ရီစီဂ်ိမ္းစ္တို႔ရွိေနပါေသးတယ္။ဒါေၾကာင့္ေဆာက္ဂိတ္အေနျဖင့္ထရန္းအလက္ဇႏၵားအာႏိုးရဲ႕ေနရာညာေနာက္ခံလူတစ္ဦးေ႐ြးခ်ယ္ဖို႔မရွိဘဲအျခားေနရာကိုသာအားျဖည့္ေခၚယူသြားဖို႔ရွိပါတယ္။