ယူရို၂၀၂၀ ပြိုင်ပွဲအပြီးတွင် ဂျာမနီအသင်းကို ဟန်စီဖလစ်ကိုင်တွယ်မည်

ဘိုင်ယန်မြူးနစ်မှထွက်ခွာလာခဲ့တဲ့ဟန်စီဖလစ်ဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဂျာမနီအသင်းနည်းပြရာထူးအားဂျိုးအာချင်လောထံမှလွဲပြောင်းရယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ဂျာမနီအသင်းကို၂၀၀၆ခုနှစ်ကတည်းကကိုင်တွယ်လာခဲ့တဲ့ဂျိုးအာချင်လောဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးမှာဂျာမနီနည်းပြရာထူးမှထွက်ခွာပါမယ်။

ဟန်စီဖလစ်ဟာဂျာမနီဘောလုံးအဖွဲ့ချုပ်နှင့်၂၀၂၄အထိစာချုပ်ချုပ်ဆိုထားပါတယ်။

ဖလစ်ဟာပြီးခဲ့တဲ့ဧပြီလကတည်းကရာသီအကုန်တွင်ဘိုင်ယန်မြူးနစ်နည်းပြရာထူးမှထွက်ခွာမည်ဖြစ်ကြောင်းကြေညာခဲ့သူဖြစ်ပါတယ်။ဟန်စီဖလစ်ရဲ့ဘိုင်ယန်မြူးနစ်နည်းပြရာထူးကိုလိုက်ဇစ်နည်းပြနီဂယ်မန်းကဆက်ခံသွားပါမယ်။

ဖလစ်ဟာ၂၀၀၆ခုနှစ်မှ၂၀၁၄ခုနှစ်အထိဂျာမနီလက်ရွေးစင်အသင်းတွင်နည်းပြချုပ်ဂျိုးအာချင်လောရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၂၀၁၄ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

သူဟာ၂၀၁၉ခုနှစ်နွေရာသီတွင်နီကိုကိုဗစ်ရဲ့လက်ထောက်အဖြစ်ဘိုင်ယန်သို့ရောက်လာပြီးနောက်ခရိုအေးရှားနည်းပြထုတ်ပယ်ခံရချိန်တွင်ယာယီနည်းပြအဖြစ်တာဝန်လွဲပြောင်းယူခဲ့ပါတယ်။

ဖလစ်လက်ထက်တွင်ဘိုင်ယန်မြူးနစ်ဟာဘွန်ဒက်စ်လီဂါဖလား၊ချန်ပီယံလိဂ်ဖလား၊ဂျာမန်ပိုကယ်ဖလားတို့ဆွတ်ခူးနိုင်ခဲ့ပြီးသုံးနှစ်စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာဖေဖော်ဝါရီလတုန်းကဖီဖာကမ္ဘာ့ကလပ်ဖလားလည်းဆွတ်ခူးခဲ့ပြီး၁၆လအတွင်းတွင်ဆုဖလားခြောက်လုံးဆွတ်ခူးပေးခဲ့ပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲအၿပီးတြင္ ဂ်ာမနီအသင္းကို ဟန္စီဖလစ္ကိုင္တြယ္မည္

ဘိုင္ယန္ျမဴးနစ္မွထြက္ခြာလာခဲ့တဲ့ဟန္စီဖလစ္ဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဂ်ာမနီအသင္းနည္းျပရာထူးအားဂ်ိဳးအာခ်င္ေလာထံမွလြဲေျပာင္းရယူသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဂ်ာမနီအသင္းကို၂၀၀၆ခုႏွစ္ကတည္းကကိုင္တြယ္လာခဲ့တဲ့ဂ်ိဳးအာခ်င္ေလာဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးမွာဂ်ာမနီနည္းျပရာထူးမွထြက္ခြာပါမယ္။

ဟန္စီဖလစ္ဟာဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္၂၀၂၄အထိစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

ဖလစ္ဟာၿပီးခဲ့တဲ့ဧၿပီလကတည္းကရာသီအကုန္တြင္ဘိုင္ယန္ျမဴးနစ္နည္းျပရာထူးမွထြက္ခြာမည္ျဖစ္ေၾကာင္းေၾကညာခဲ့သူျဖစ္ပါတယ္။ဟန္စီဖလစ္ရဲ႕ဘိုင္ယန္ျမဴးနစ္နည္းျပရာထူးကိုလိုက္ဇစ္နည္းျပနီဂယ္မန္းကဆက္ခံသြားပါမယ္။

ဖလစ္ဟာ၂၀၀၆ခုႏွစ္မွ၂၀၁၄ခုႏွစ္အထိဂ်ာမနီလက္ေ႐ြးစင္အသင္းတြင္နည္းျပခ်ဳပ္ဂ်ိဳးအာခ်င္ေလာရဲ႕လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး၂၀၁၄ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္ေႏြရာသီတြင္နီကိုကိုဗစ္ရဲ႕လက္ေထာက္အျဖစ္ဘိုင္ယန္သို႔ေရာက္လာၿပီးေနာက္ခ႐ိုေအးရွားနည္းျပထုတ္ပယ္ခံရခ်ိန္တြင္ယာယီနည္းျပအျဖစ္တာဝန္လြဲေျပာင္းယူခဲ့ပါတယ္။

ဖလစ္လက္ထက္တြင္ဘိုင္ယန္ျမဴးနစ္ဟာဘြန္ဒက္စ္လီဂါဖလား၊ခ်န္ပီယံလိဂ္ဖလား၊ဂ်ာမန္ပိုကယ္ဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ၿပီးသုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံခဲ့ရပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာေဖေဖာ္ဝါရီလတုန္းကဖီဖာကမာၻ႔ကလပ္ဖလားလည္းဆြတ္ခူးခဲ့ၿပီး၁၆လအတြင္းတြင္ဆုဖလားေျခာက္လုံးဆြတ္ခူးေပးခဲ့ပါတယ္။