ယူရို၂၀၂၀ ဗိုလ်လုပွဲဖြစ်ရပ်အတွက် ကွင်းပိတ်ပင်ခံရမည့်အရေးအား အက်ဖ်အေ အစွမ်းကုန်တိုက်ပွဲဝင်မည်

အက်ဖ်အေဟာယူရို၂၀၂၀ဗိုလ်လုပွဲတွင်အင်္ဂလန်ပရိသတ်များရဲ့ရုပ်ဆိုးအကျည်းလုပ်ရပ်အတွက်ယူအီးအက်ဖ်အေရဲ့ကွင်းပိတ်ပင်ခံရမည့်အခြေအနေအားအစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ယူအီးအက်ဖ်အေဟာယူရို၂၀၂၀ဗိုလ်လုပွဲမှာဖြစ်ရပ်အားပြီးခဲ့တဲ့လမှစတင်ကာစစ်ဆေးမှုပြုလုပ်ကာအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အားအရေးယူရန်စတင်လုပ်ဆောင်ခဲ့ပါတယ်။

ယူရို၂၀၂၀ဗိုလ်လုပွဲတွင်အင်္ဂလန်ပရိသတ်ငါးထောင်ကျော်တို့ဟာကွင်းအတွင်းသို့အတင်းဝင်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ဒါအပြင်အင်္ဂလန်ပရိသတ်များဟာကွင်းအတွင်းသို့လက်မှတ်မဲ့ဝင်ရောက်လာတဲ့ပရိသတ်များနှင့်ရန်ဖြစ်ခဲ့ကြပါသေးတယ်။

အက်ဖ်အေဟာအထက်ပါဖြစ်ရပ်အတွက်အနည်းဆုံးပွဲတစ်ပွဲအားပရိသတ်မပါဘဲကစားရမယ့်အရေးယူမှုခံယူရဖို့ရှိပါတယ်။ဒါပေမယ့်အက်ဖ်အေဟာယူအီးအက်ဖ်အေကကွင်းပိတ်မယ့်အရေးယူမှုကြုံလာရမည်ဆိုပါကအစွမ်းကုန်တိုက်ပွဲဝင်ရန်ဆုံးဖြတ်ထားပါတယ်။

ZawGyi




